နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အင်နီယေစတာနဲ့ နှိုင်းယှဉ်ခံနေရတဲ့ ပက်ဒရီကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သီယာဂို ချီးကျူး | လာလီဂါ

ဘာစီလိုနာနဲ့ စပိန် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ပက်ဒရီဟာ သူ့နေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ကွင်းလယ်လူဟောင်း သီယာဂို အယ်လ်ကန်တာရာက အမွှမ်းတင် ချီးကျူးလိုက်ပါတယ်။ သီယာဂိုရဲ့ အမြင်အရတော့ လက်ရှိ ကမ္ဘာပေါ်မှာ ပက်ဒရီထက် သာတဲ့ ကွင်းလယ်လူ မရှိတော့သလို၊ လာလီဂါ ကလပ်ရဲ့ ဂန္ထဝင်ကစားသမားကြီး အင်နီယေစတာနဲ့တောင် ဆင်တူတယ်လို့ နှိုင်းယှဉ် ပြောဆိုသွားခဲ့တာပါ။

ပက်ဒရီဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတုန်းက ဘာစီလိုနာနဲ့ အတူ လာလီဂါ ဖလား ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုရာသီမှာလည်း နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းကို လာလီဂါ ချန်ပီယံဆု ကာကွယ်နိုင်အောင် အကောင်းဆုံး ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်အသင်းနဲ့ အတူ ယူရို ၂၀၂၄ ချန်ပီယံဆု ကိုလည်း ဆွတ်ခူးထားနိုင်ခဲ့တာပါ။ အခုလက်ရှိ ဘာစီလိုနာ အသင်းရဲ့ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်နေတဲ့ သီယာဂို ကတော့ ပက်ဒရီရဲ့ နေရာမှာ သူ့ထက် တော်တဲ့သူကို ရှာမတွေ့တော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော့် အတွက်တော့ လက်ရှိ ကမ္ဘာပေါ်မှာ ပက်ဒရီက အကောင်းဆုံး ကွင်းလယ်လူပါပဲ။” လို့ သီယာဂိုက ‘Rio Ferdinand Presents’ ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။ “ကျွန်တော် ကစားသမား ဘဝတုန်းက သူ့နဲ့ အတူ တွဲကစားခဲ့ရချိန်မှာရော၊ အခု နည်းပြ ဖြစ်လာတဲ့ အချိန်မှာပါ ခံစားချက်က အတူတူပါပဲ။ အဲဒီတုန်းက အင်နီယေစတာကို မြင်ရတဲ့ ခံစားချက်မျိုး ပက်ဒရီဆီက ရနေတာပါ။ ဘောလုံးကစားတဲ့ နေရာမှာ ပျော့ပျောင်း ညင်သာမှု ရှိတယ်၊ ကွင်းထဲမှာ ထောင့်ဖြတ်တွေ အမြဲတမ်း ရွေ့လျား ကစားနေတတ်ပြီး အဲလို လှုပ်ရှားနေရင်းနဲ့တင် သူ့ပတ်ပတ်လည်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို အကုန်မြင်နေရတယ်။ ပြီးတော့ အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ကိုပဲ ချပြနိုင်တာပါ။” လို့ သီယာဂိုက ရှင်းပြခဲ့ပါတယ်။

သီယာဂို ပြောတာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ပက်ဒရီရဲ့ ကွင်းတွင်း လှုပ်ရှား ရုန်းကန်မှုနဲ့ နေရာစုံ လွှမ်းမိုးနိုင်မှုတွေဟာ ကိန်းဂဏန်း အချက်အလက်တွေအရပါ သက်သေပြနေပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ ဘောလုံး ပြန်လည် လုယူနိုင်မှု ၃၄၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ပက်ဒရီကို ဘယ်သူမှ မကျော်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ ကွင်းလယ်လူတွေထဲမှာ ပက်ဒရီဟာ ဖျက်ထုတ်မှု အောင်မြင်တာ ၄၃ ကြိမ်နဲ့ ဘောလုံး ပြန်လည် လုယူနိုင်တာ ၂၂၅ ကြိမ် အထိ ရှိခဲ့လို့ အသင်းမှာ အများဆုံး စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အခုရာသီမှာလည်း နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းကို လာလီဂါ ချန်ပီယံဆု ကာကွယ်နိုင်အောင် အကောင်းဆုံး ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းကို ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ကူညီပေးထားတဲ့ ပက်ဒရီ

တကယ်တော့ ပက်ဒရီဟာ စပိန် အသင်းဖော် လာမင်း ယာမယ် အပါအဝင် ဘာစီလိုနာရဲ့ တိုက်စစ် ကစားသမားတွေ စိတ်ကြိုက် တိုက်စစ်ဆင်နိုင်ဖို့ ကွင်းလယ်ကနေ အကောင်းဆုံး ကျောထောက်နောက်ခံ ပေးနေတာပါ။ သီယာဂို ကတော့ ၂၀၂၅-၂၆ လာလီဂါ ပြိုင်ပွဲမှာ တစ်ကျော့ပြန် ခြေစွမ်းပြနေတဲ့ လာမင်း ယာမယ် အနေနဲ့လည်း တစ်နေ့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်မလာနိုင်စရာ အကြောင်းမရှိဘူးလို့ မြင်နေပါတယ်။ ယာမယ်ဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါမှာ ၁၆ ဂိုး သွင်း၊ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ပြိုင်ပွဲ အတွင်း ဂိုးသွင်းရော ဂိုးဖန်တီးမှုပါ ဂဏန်း နှစ်လုံး ပြည့်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ခဲ့ပါတယ်။

ယာမယ်က ကမ္ဘာ့အကောင်းဆုံး ဖြစ်လာနိုင်မလား ဆိုတဲ့ မေးခွန်း အပေါ် သီယာဂိုက “ဖြစ်နိုင်တာပေါ့၊ ပြီးခဲ့တဲ့နှစ်ကတောင် သူ အနီးစပ်ဆုံး ဖြစ်ခဲ့သေးတာပဲ၊ နောက်နှစ်မှာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အခု ကမ္ဘာ့ဖလားမှာလည်း သူ ကောင်းကောင်း ကစားနေပြီး စပိန် အသင်း အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေကို လုပ်ပေးနေတာလေ။” လို့ ဖြေခဲ့ပါတယ်။

“ကျွန်တော် သူတို့နဲ့ အတူ ကွင်းထဲမှာ လေ့ကျင့်ခန်း ဆင်းခဲ့ဖူးတာ ဆိုတော့ ကစားသမားကောင်းတွေရဲ့ အရည်အချင်းနဲ့ သူတို့ရဲ့ ကစားကွက်ပုံစံတွေကို ကောင်းကောင်းသိပါတယ်။ အထူးသဖြင့် ကွင်းကျဉ်း ကစားတဲ့အခါမျိုးမှာ ယာမယ်က သိသိသာသာ ကွဲထွက်နေတာ။ နှစ်သင်း ဒါမှမဟုတ် သုံးသင်းခွဲ ကစားရင် သူပါတဲ့ အသင်းက အမြဲတမ်း နိုင်တာပဲဗျာ။” လို့ သီယာဂိုက ဘာစီလိုနာ မျိုးဆက်သစ် ကြယ်ပွင့်တွေ အပေါ် သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်