နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဧည့်သည် အသင်း ဘက်ကနေပဲ ခပ်ပါးပါး အရဲစွန့်ချင်မိတယ် | ရီးရဲယ်ဘက်တစ် – အက်တလက်တီကို မက်ဒရစ် (လာလီဂါ ပွဲကြိုသုံးသပ်ချက်)

ရီးရဲယ် ဘက်တစ် – အက်တလက်တီကို မက်ဒရစ်

အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၂၇ အကောင်းဆုံး ပွဲစဉ် ဖြစ်ပြီး ရီးရဲယ်ဘက်တစ်တို့ အက်တလက်တီကို မက်ဒရစ်ကို အိမ်ကွင်း ဘန်နီတိုဗီလာမာရင်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ လာလီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေ ကစားမယ့် ပွဲဖြစ်တဲ့ အပြင် နှစ်သင်းလုံးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အမှားခံလို့ မရတဲ့ ပွဲစဉ် ဖြစ်နေတာကြောင့်လည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

ဝါရင့်နည်းပြ ပယ်လီဂရီနီ လက်အောက်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာမှုနဲ့ အတူ ရလဒ်တွေ ကောင်းနေခဲ့တဲ့ ဘက်တစ်တို့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဘက်တစ်ရဲ့ ဒီရာသီ အဓိက မျှော်လင့်ချက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ဖြစ်ပေမယ့် လက်ရှိ အဆင့် ၆ နေရာက ဆိုစီဒက်စ်နဲ့ ၂ မှတ်သာ ကွာဟနေတာကြောင့် စိတ်ချလို့ မရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် မှာလည်း ဘက်တစ်တို့ ဇင်းနစ်ကို နှစ်ကျော့ပေါင်း ၂-၃ ရလဒ်နဲ့ အနိုင်ရခဲ့လို့ ၁၆ သင်းအဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃ ပွဲမှာတော့ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး အဆင့် ၂ နေရာက ဆီဗီလာ ကို ၂-၁ ရလဒ်နဲ့ ကပ်ပြီး အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ အခု လာမယ့် ပွဲကိုတော့ မီရင်ဒါ၊ မွန်တိုယာ၊ ကာမာရာဆာ၊ ကန်နဲလ်လက်စ်တို့ လွဲချော်ဖို့ ရှိနေပြီး ပွဲထွက်လူစာရင်း မှာတော့ အီဂလာဆီးရက်စ်၊ ဂျူအန်မီ၊ ဖက်ကီယာ၊ ရူအီဘယ်၊ ကာဗယ်လ်ဟို၊ ဂွာဒါဒို၊ ဘယ်လာရင်၊ ဘာထရာ၊ ရူအစ်ဇ်၊ ဆာဘာလီ၊ ဘရာဗို တို့ ပါဝင်လာဖို့ ရှိနေပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃ ပွဲမှာတော့ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး အဆင့် ၂ နေရာက ဆီဗီလာ ကို ၂-၁ ရလဒ်နဲ့ ကပ်ပြီး အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ရီးရဲယ် ဘက်တစ်

လာလီဂါ လက်ရှိ ချန်ပီယံ အက်တလက်တီကို မက်ဒရစ် ကတော့ ရှေ့ပွဲတွေမှာ တလွဲလုပ်ခဲ့သမျှ လက်ရှိ မှာတော့ အသည်းအသန် ပြန်ရုန်းနေရပါတယ်။ အမှတ်ပေးဇယား အောက်ဆုံးက လီဗန်တေး ကိုတောင် အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ နည်းပြ ဆီမြွန်နီတောင် ထိုင်ခုံလှုပ်ခဲ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၂ ပွဲဆက် နိုင်ပွဲ ပြန်ရှာတွေ့ထားခဲ့ပါတယ်။ အိုဆာဆူနာနဲ့ ဆဲလ်တာဗီဂို တို့ကို ပေးဂိုး မရှိ အနိုင်ရခဲ့ပေမယ့် အက်တလက်တီကို မက်ဒရစ်ရဲ့ ခြေစွမ်းပိုင်း ကတော့ ဘယ်လိုမှ အားရစရာ မရှိသေးတာ တွေ့ရပါတယ်။ ပွဲတိုင်းလိုလို ပြိုင်ဘက် အသင်းရဲ့ ဖိအားပေး ထိန်းချုပ်မှု ခံနေဆဲ ဖြစ်ပြီး အဆုံးသတ်ပိုင်း ကောင်းနေလို့သာ ရလဒ်ပိုင်း ပြန်တက်နေတာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ၅ နေရာကို ရောက်ရှိနေခဲ့ပေမယ့် အဆင့် ၃ နေရာက ဘက်တစ်နဲ့ ၁ မှတ်သာ ကွာဟနေတာကြောင့် ဆီမြွန်နီ အနေနဲ့ နည်းဗျူဟာပိုင်း အသေအချာ ပြင်ဆင်ပြီး ကစားသမားတွေ ကိုလည်း အပြည့်အဝ အားစိုက်ခိုင်းမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် ဆာဗစ် ပွဲပယ် ပြစ်ဒဏ် ထိထားသလို ကွန်ဟာ၊ ဟာမိုဆို၊ ကွန်ဒေါ့ဘီယာတို့ လွဲချော်ဖို့ ရှိနေတာ ကတော့ အက်တလက်တီကို အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ဂျာအိုဖီးလစ်၊ ကော်ရီယာ တိုက်စစ် အတွဲနဲ့ အတူ လိုဒီ၊ ဟာရဲရား၊ ဒီပေါလ်၊ ယော်ယန်းတေး၊ ရိန်နဲလ်ဒို၊ ဂျင်မီနက်ဇ်၊ ဖီလစ်ပီ၊ ဗာဆယ်လစ်ဂျ်ကို၊ အိုဘလက်ခ် တို့ကိုပဲ ပွဲထွက်ခွင့်ပေးဖို့ များနေပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
ပဲရစ် စိန့် ဂျာမိန်း
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၂၂ ကြိမ်မှာ အက်တလက်တီကို မက်ဒရစ်တို့ ၁၅ ကြိမ် အနိုင်ရခဲ့တဲ့ အထိ ဘက်တစ် အပေါ်မှာ အသာရထားခဲ့ပါတယ်။ ဘက်တစ် ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပြီး နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာလည်း ၁ ကြိမ် သရေကျပြီး ၄ ကြိမ်စလုံး အက်တလက်တီကို မက်ဒရစ်ကို အရှုံးပေးထားခဲ့ရပါတယ်။ ဒီရာသီ လာလီဂါ ပထမအကျော့ ပွဲစဉ် မှာလည်း တီကိုတို့ ကာရက်စ်ကို၊ ဖီးလစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဘက်တစ် အတွက် အတွက် ၂.၈၁ ဆ၊ သရေ အတွက် ၃.၃၅ ဆ၊ အက်တလက်တီကို မက်ဒရစ် အတွက် ၂.၄၂ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ အဆင့် ရပ်တည်မှု အရ ဘက်တစ်တို့ အက်တလက်တီကို မက်ဒရစ်ရဲ့ အထက်မှာ ရှိနေပေမယ့် ကစားသမား စုဖွဲ့မှုနဲ့ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ ဆီမြွန်နီရဲ့ အသင်းက နည်းနည်းလေး ပိုသာနေတယ်လို့ ပြောလို့ ရပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲ ဖြစ်လို့ အကြိတ်အနယ် ရှိလာနိုင်ပြီး မထင်မှတ်တဲ့ ရလဒ်လည်း ထွက်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ရွေးချယ်မှု တစ်ခု အနေနဲ့ ဆိုရင်တော့ အဆုံးသတ် ပိုသေချာပြီး အသင်းကြီး တစ်သင်းရဲ့ ရုန်းအား အပြည့်နဲ့ မြင်တွေ့ရဖို့ ရှိနေတဲ့ အက်တလက်တီကို မက်ဒရစ်ကိုပဲ သဘောကျနေပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်