နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်အစ်တီဟတ်ရဲ့ မက်မောလောက်စရာ ကမ်းလှမ်းချက်ကို မစဉ်းစားပဲ ပယ်ချလိုက်တဲ့ ရူဒီဂါ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ဗဟိုခံစစ်မှူး အန်တိုနီယို ရူဒီဂါ ကတော့ အဲလ်အစ်တီဟတ်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင် နာချို ဖာနန်ဒက်ဇ် မရှိတော့တဲ့နောက် လာလီဂါ ကလပ်ရဲ့ ခံစစ်ကို ဆက်လက် ဦးဆောင်သွားရတော့မယ့် ရူဒီဂါက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုကို စိတ်ပါဝင်စားခြင်း မရှိကြောင်း ပြသပြီး ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်သွားခဲ့တာပါ။

အသက် ၃၁ နှစ် အရွယ် ဂျာမနီ လက်ရွေးစင် ဗဟို ခံစစ်မှူး အန်တိုနီ ရူဒီဂါက ၂၀၂၂ ခုနှစ်မှာ ချဲလ်ဆီး ကနေ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဂျာမန်သားဟာ လက်ရှိမှာ လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၁၀၁ ပွဲ ပါဝင်ကစားထားပြီး လာလီဂါ၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား အားလုံး ကိုင်မြှောက်ထားနိုင်သူပါ။

အဲလ်အစ်တီဟတ် ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဘန်ဇီမာ၊ အန်ဂိုလို ကန်တေ၊ ဖာဘင်ဟိုနဲ့ ဖိလစ်ပီ တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်အစ်တီဟတ်က အဆင့် ၅ နေရာသာ ရရှိခဲ့တာကြောင့် ဒီနှစ်မှာတော့ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဲလ်အစ်တီဟတ်ဟာ အခုနွေရာသီမှာ အက်စတွန်ဗီလာ တောင်ပံ ကစားသမား မူဆာ ဒီယာဘီကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူထားခဲ့ပြီးတော့ မန်စီးတီး ဂိုးသမား အီဒါဆင်နဲ့ ကွင်းလယ်လူ ဒီဘရွန်းနား တို့ကို ခေါ်ယူချင်နေပါသေးတယ်။

ဒါ့အပြင် ဆော်ဒီပရိုလိဂ် ကလပ်က ခံစစ်ပိုင်း အတွက် စိတ်ချရမယ့် ရူဒီဂါလို ကစားသမားမျိုး ကိုပါ ငွေကြေး အလုံးအရင်းသုံးပြီး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဆော်ဒီ ကလပ်က ရူဒီဂါ အတွက် များပြားလှတဲ့ မက်မောစရာ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့ပြီးတော့ ရူဒီဂါ ကတော့ ကမ်းလှမ်းချက်ကို လုံးဝ မစဉ်းစားပဲ ချက်ချင်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရူဒီဂါ အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ လာလီဂါ ကလပ်မှာပဲ ဆက်ရှိနေဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ နာချို ဖာနန်ဒက်ဇ် အသင်း ကနေ ထွက်ခွာသွားခဲ့သလို ဒေးဗစ် အလာဘာ ကလည်း ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရလို့ ခံစစ်ပိုင်းမှာ အားနည်းနေတဲ့ အသင်းပါ။ အဲလ်နာဆာက လာပေါ့တ် ကိုတောင် ခေါ်ယူဖို့ စဉ်းစားနေတယ် ဆိုပြီး သတင်းတွေ ထွက်နေတဲ့ ရီးရဲလ်မက်ဒရစ်တို့ ရူဒီဂါလို အသင်း အတွက် အဓိက အားထားရတဲ့ ဗဟိုခံစစ်မှူးကို လုံးဝ လက်လွတ်သွားမှာတော့ မဟုတ်ပါဘူး။

လာပေါ့တ်ဟာ လာလီဂါ ကလပ် ဘီလ်ဘာအိုမှာ ကစားသမားဘဝ စတင်ခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် မှာတော့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့သူပါ။ အဲ့နောက် မန်စီးတီးမှာ ၆ ရာသီ အတွင်း ပွဲပေါင်း ၁၈၀ ကစားပြီးနောက် အဲလ်နာဆာကို မနှစ်က ဩဂုတ်လမှာ ပြောင်းရွှေ့ခဲ့ပါတယ်။ လာပေါ့တ်ဟာ ဆော်ဒီပရိုလိဂ် ကလပ်မှာတော့ လက်ရှိအချိန်ထိ ၃၉ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်