နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်ဇီမာရဲ့ အစောပိုင်း သွင်းဂိုးတွေနဲ့ အတူ အနိုင် ၃ မှတ် အပြည့် ရရှိခဲ့တဲ့ ရီးရဲယ်မက်ဒရစ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဘီလ်ဘာအို ၁-၂ ရီးရဲလ်မက်ဒရစ

ကာဒစ်ဇ်နဲ့ ပွဲမှာ သရေ ရလဒ်ပဲ ရရှိခဲ့လို့ ဖိအား ရှိလာခဲ့တဲ့ ရီးရဲယ်မက်ဒရစ်တို့ လာလီဂါ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ပထမအကျော့မှာတုန်းက ၁ ဂိုး အကွာနဲ့ပဲ အရေးနိမ့်ခဲ့သလို အခု ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်း ကွာဟချက် သိပ်မရှိခဲ့ပဲ ဘီလ်ဘာအိုတို့ ရီးရဲယ်ကို အကောင်းဆုံး တုံ့ပြန်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ် ကစားသမား အင်အား ကွာခြားချက်နဲ့ အတူ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား အစုအဖွဲ့အရ အသာရခဲ့တဲ့ ရီးရဲယ် တို့ပဲ နိုင်ပွဲ ရခဲ့တယ်လို့ ဆိုရမှာပါ။


ပွဲစဉ်အကျဉ်း

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘန်လေ
ပထမပိုင်း 1X2 ဘန်လေ 9.50
မန်ချက်စတာ ယူနိုက်တက် ပထမပိုင်း အာရှ ဟန်းဒီးကပ် -1.50 @ 2.06
ဂိုးပေါင်း 2-3 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘီလ်ဘာအိုတို့ အိမ်ကွင်းမှာ အမှား အနည်းငယ် ရှိခဲ့ တဲ့အတွက် ရီးရဲယ်တို့ အခွင့်အရေး အပြည့်အဝရခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ရီးရဲယ် အနေနဲ့ ကလည်း အမှတ်ပေးဇယား ဦးဆောင်သူ နေရာ အတွက် ဖိအားရှိနေလို့ အမှားမခံတမ်း ပြင်ဆင်လာခဲ့ပါတယ်။ မူနီယန်၊ ဂါစီယာ၊ ဒီမားကို့စ်၊ ဇာရာဂါ၊ ဝီလျံ၊ ဆန်ဆက် တို့နဲ့ အတူ ဘီလ်ဘာအိုတို့ လူစုံခဲ့ပါတယ်။ ၄-၃-၃နဲ့ ပွဲထွက်လာတဲ့ ရီးရဲယ် ကတော့ ဘင်ဇီမာ၊ ဟာဇက်၊ ဗင်နီးဆီးယက်စ် ဂျူနီယာ၊ တိုနီခရူးစ်၊ ဗယ်လ် ဗာဒီတို့နဲ့ အတူ ပွဲထွက်လာခဲ့တာပါ။ ပွဲအစ ကတည်းက ရီးရဲယ်ရဲ့တစ်ဖက်သတ် ကစားမှုကြောင့် အိမ်ရှင်တို့ ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် ပွဲအစ အထနှေးတတ်တဲ့ ဘီလ်ဘာအိုရဲ့ အားနည်းချက်ကို ရီးရဲယ်တို့ အကောင်းဆုံး အသုံးချခဲ့တာပါ။ ပွဲအစ ၄ မိနစ် မှာတင် ရီးရဲယ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး တိုနီခရူးစ်ရဲ့ ပေးပို့မှုကို ဘင်ဇီမာက ဂိုးဧရိယာ ထိပ်နား ကနေ လှလှပပ ဝေ့ဝိုက် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို တိုက်စစ်ကိုပဲ ဖိကစားနေတဲ့ ရီးရဲယ်တို့ ဘင်ဇီမာ ကပဲ နောက်ထပ် ဦးဆောင်ဂိုးကို ပွဲချိန် ၇ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗယ်ဗာဒီ-ဟာဇက် တွဲလုံး ကနေ ရရှိလာတာကို ဘောလုံးကို ဘင်ဇီမာက အနာခံပြီး ပိတ်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲစစချင်း မှာတင်ပဲ ၂ဂိုး ဆက်တိုက် ပေးလိုက်ရတဲ့ ဘီလ်ဘာအိုတို့ ချေပဂိုး ပြန်ရဖို့ကို ပြန်ပြီးအားစိုက်ခဲ့လို့ ၃ မိနစ် အကြာမှာ ချေပဂိုး ပြန်ရခဲ့ပါတယ်။ တိုက်စစ်မှူး ဆန်ဆက်က ရီးရဲယ် နောက်တန်း ကစားသမားတွေ ပိတ်ဆို့နေတဲ့ ကြားက ဂိုးအဖြစ် ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၁၀ မိနစ် အတွင်း မှာတင် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ခဲ့ရလို့ ပရိသတ်အကြိုက် ဖြစ်ခဲ့သလို လက်ကျန် မိနစ်တွေ မှာလည်း ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပွဲချိန်တွေ ရောက်လေ အမှားနည်းအောင်သာ ထိန်းကစားလာလေ ဖြစ်လို့ ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ နှစ်ဖက် တိုက်စစ် ကစားသမား အားလုံး အခွင့်အရေး ကိုယ်စီ ထပ်ရခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။ နာချို၊ မန်ဒီ၊ မီလီတောင်၊ ဗက်စ်ကွက် တို့ရဲ့ ရီးရဲယ် နောက်တန်း ကလည်း တော်တော်လေးကို တည်ငြိမ်ခဲ့လို့ ဘီလ်ဘာအိုတို့ လိုအပ်နေတဲ့ ဂိုးတွေ ပြန်မရခဲ့တာ ဖြစ်ပါတယ်။ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပေမယ့် ပွဲပြီး ဆုံးချိန် အထိ  ဂိုးတွေ ထပ်ပြီး မသွင်းနိုင်တော့လို့ ရီးရဲယ် ကပဲ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

နိုင်ပွဲ ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁ နေရာ ကနေ အမှားအယွင်း မရှိ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ဘီလ်ဘာအို ကတော့ အဆင့် ၁၀ နေရာကို ဆင်းခဲ့ရပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၀ ကို ဆင်းခဲ့ရတဲ့ ဘီလ်ဘာအို

ရီးရဲယ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီရဲ့ နည်းဗျူဟာပိုင်း အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ပွဲအစ ၁၅ မိနစ် အတွင်း အထ နှေးတတ်တဲ့ ဘီလ်ဘာအိုရဲ့ အခြေအနေကို ရီးရဲယ် နည်းပြရဲ့ ကြိုတင်တွက်ဆ အခွင့်ကောင်းယူနိုင်မှုကြောင့် အဖိုးတန် လာလီဂါ နိုင်ပွဲ ရသွားခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ကစားသမား အခင်းအကျင်း မှာလည်း  နည်းပြ ဂါစီယာရဲ့ ဘီလ်ဘာအိုထက် အန်စလော့တီရဲ့ ရီးရဲယ်မက်ဒရစ်က ပိုပြီး ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။  နောက်တန်းလို နေရာမျိုးမှာ ကွင်းလယ် ကစားသမား ဗက်စ်ကွက်ကို ထည့်ကစားခဲ့ရတဲ့ အချိန် ဘင်ဇီမာရဲ့ သွင်းဂိုးတွေက ရီးရဲယ် အတွက် အရေးပါခဲ့ပါတယ်။  ဘီလ်ဘာအို ကတော့ ပွဲအစပိုင်းမှာ ကျူးလွန်ခဲ့တဲ့ အမှား တွေကြောင့် အိမ်ကွင်းမှာ ပေးဆပ်မှု ကြီးမားသွားခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ပွဲ ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁ နေရာ ကနေ အမှားအယွင်း မရှိ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ဘီလ်ဘာအို ကတော့ အဆင့် ၁၀ နေရာကို ဆင်းခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

လာမယ့် လာလီဂါ ပွဲစဉ်မှာ ဘီလ်ဘာအိုတို့ အိုဆာဆူနာရဲ့ အိမ်ကွင်းကို သွားကစားရဖို့ ရှိနေပြီး ရီးရဲယ်မက်ဒရစ် ကတော့ ဂီတာဖေးနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်