လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ လစ်ဗာပူးလ်ရဲ့ အင်္ဂလန် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို နံပါတ် ၁ ပစ်မှတ် အဖြစ် ခေါ်ယူဖို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က အာနိုးလ်ကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ အလောတကြီး ခေါ်ယူသွားမှာ မဟုတ်ပဲ လာမယ့် နွေရာသီမှသာ ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဓိက ကတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ အာနိုးလ်ကို ပြောင်းရွှေ့ကြေး မသုံးပဲ အလွတ်ကြေးနဲ့သာ လိုချင်နေတာကြောင့် ဖြစ်ပါတယ်။
လာလီဂါ ကလပ်ဟာ အသင်းခေါင်းဆောင် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် အင်္ဂလန် လက်ရွေးစင် အာနိုးလ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားခဲ့တာ ကြပါပြီ။ အာနိုးလ် ကတော့ လက်ရှိ ရာသီ အကုန် မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် ကိစ္စ ကလည်း အဆင်မပြေ ဖြစ်နေတာပါ။ အာနိုးလ်ဟာ လစ်ဗာပူးလ် အကယ်ဒမီ ထွက် ကစားသမား ဖြစ်ပြီး လက်ရှိ မှာတော့ လစ်ဗာပူးလ်ရဲ့ ဒုတိယ အသင်း ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ အာနိုးလ်ရဲ့ တစ်ကိုယ်တော် ဆန္ဒအရ ဆိုရင်တော့ လစ်ဗာပူးလ် မှာပဲ ဆက်လက် ကစားချင်နေပေမယ့် မာဆေးလ်ဆိုက်ဒ် ကလပ် ဘက်က စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှု မရှိသေးတာကြောင့် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာနိုးလ် ကိုယ်တိုင် ကလည်း သူရဲ့ လုပ်ခ လစာကို ပိုပြီး တိုးမြှင့် ရယူလိုနေတယ်လို့ သိရပါတယ်။
အခုလိုမျိုး စာချုပ် ကိစ္စ အဆင်မပြေဖြစ်နေတဲ့ အာနိုးလ်ကို လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ဆက်တိုက် ပစ်မှတ်ထားနေပြီး အရ ခေါ်ယူသွားဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ သူတို့ အသင်းရဲ့ ထုံးစံ အတိုင်း ပြောင်းရွှေ့ကြေး မသုံးပဲ အလွတ်နဲ့သာ ခေါ်ယူဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒန်နီ ကာဗာဟယ် ကတော့ ဒူးအရွတ် စုတ်ပြဲ ACL ဒဏ်ရာရရှိနေတာကြောင့် ရာသီကုန် အထိ အနားယူနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာဗာဟယ် က အသက်အရွယ် အားဖြင့် ၃၂ နှစ် ရှိပြီ ဖြစ်တာကြောင့် သူ့ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ ရီးရဲလ်တို့ အရည်အသွေးမြင့် ညာနောက်ခံလူ တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ကာဗာဟယ်ရဲ့ နေရာ အတွက် အာနိုးလ်ကို အဓိက ပစ်မှတ် အဖြစ် ရည်ရွယတ် သတ်မှတ်ထားနေပေမယ့် အကယ်၍ အာနိုးလ် ကိုသာ မခေါ်ယူနိုင်ခဲ့ရင်တော့ တော့တင်ဟမ်ဟော့စပါး ညာနောက်ခံလူ ပတ်ဒရို ပေါ်ရိုနဲ့ မန်ယူနိုက်တက် ညာနောက်ခံလူ ဒီယိုဂို ဒါးလော့တ် တို့ကိုပါ ချိန်ရွယ်နေပါတယ်။ လတ်တလော မှာလည်း ရီးရဲလ်မက်ဒရစ်က ဒါးလော့တ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီးတော့ ယူနိုက်တက် ကတော့ သူတို့ရဲ့ ကစားသမားကို ယူရို သန်း ၆၀ ရရှိရင် ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.