လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီမှာ ဒဏ်ရာရ ကစားသမား များပြားနေခြင်းနဲ့ အတူ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမား တချို့ ခြေစွမ်း မပြနိုင်သလို ဆက်တိုက်ကို ဒဏ်ရာတွေလည်း ရရှိနေပြီး ရှုံးပွဲတွေလည်း ဆက်နေခဲ့ရပါတယ်။
ဒါ့အပြင် လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ရိုဒရီဂို၊ အီဒါ မီလီတာအိုနဲ့ လူးကပ်စ် ဗက်ဇ်ကွက်ဇ်တို့ ၃ ဦး ထပ်တိုးလာခဲ့ပြီးတော့ မီလီတာအို ကတော့ ACL (ဒူးအရွတ် စုတ်ပြဲ) ဒဏ်ရာ ရရှိသွားခဲ့ပြီး ရာသီကုန်အထိ အနားယူရဖွယ်လည်း ရှိနေပြီလို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ပွဲစဉ် ၁၃ အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်မှာ အိုဆာဆူနာကို အိမ်ကွင်းမှာ ၄-၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း မှာတင်ပဲ ကစားသမား ၃ ဦး ဒဏ်ရာရရှိသွားခဲ့တာကြောင့် ရီးရဲလ်တို့ အနိုင် ၃ မှတ်နဲ့တောင် မတန်ပဲ နစ်နာခဲ့ရပါတယ်။
ပွဲချိန် မိနစ် ၂၀ မှာ ရိုဒရီဂို၊ မိနစ် ၃၀ မှာ မီလီတာအိုနဲ့ ပထမပိုင်း အပြီး လူးကပ်စ် ဗက်စ်ကွက်ဇ်တို့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ဘရာဇီးနောက်ခံလူ မီလီတာအို ကတော့ ဘယ်ဘက် ခြေထောက် ဒူးအရွတ် ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ဒဏ်ရာကြောင့် ဘရာဇီးလ် နောက်ခံလူဟာ လာမယ့် ရက်ပိုင်း အတွင်း ခွဲစိတ်ကုသမှု ခံယူရဖို့ ရှိနေကြောင်း လာလီဂါ ကလပ် ဘက်က ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါ့အပြင် ရိုဒရီဂိုနဲ့ ဗက်ဇ်ကွက်ဇ် တို့ကလည်း ခန့်မှန်းချေ ၃ ပတ် ကနေ ၄ ပတ် ဝန်းကျင်လောက် အထိ အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အသင်းရဲ့ ဒဏ်ရာရရှိမှု အခြေအနေတွေနဲ့ ပတ်သတ်လို့တော့ အန်ဆယ်လော့တီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ပထမပိုင်းမှာပဲ ဒဏ်ရာတွေရခဲ့တာက စိတ်ပျက်စရာပါ။ အခု သူတို့ကို စစ်ဆေးမှု လုပ်ပြီးတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ပထမပိုင်းမှာ ၃ ဦး ဒဏ်ရာရတာက တော်တော်လေးတော့ ထူးဆန်းပါတယ်။ ဘောလုံးပြက္ခဒိန်က တောင်းဆိုမှုတွေ များနေပြီး ကစားသမားတွေကို အနားယူခွင့် မပေးပါဘူး။ ပွဲစဉ်တွေ ဆက်တိုက် ကစားရတာကြောင့် ပင်ပန်းနေကြပြီး ဒဏ်ရာရနိုင်ချေလည်း ပိုပြီး မြင့်လာပါတယ်။” ပြောကြားသွားခဲ့ပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ်မှာ ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် ACL ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူနေရသလို ဒေးဗစ် အလာဘာ၊ ကော့တွာစ်နဲ့ ချူအာမန်နီ တို့ကလည်း ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြသနာတွေကြောင့် အနားယူနေခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာတော့ ဇယားထိပ်က ဦးဆောင်နေတဲ့ ဘာစီလိုနာကို တစ်ပွဲလျော့ ၆ မှတ် အကွာနဲ့ ဖိအားပေးနေခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရီးရဲလ်မက်ဒရစ်က ၄ ပွဲ ကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံး ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၈ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.