နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကီလီယန် အမ်ဘာပေး ခြေစွမ်းမပြနိုင်သေးလို့ စိတ်မပူတဲ့ အန်ဆယ်လော့တီ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက အသင်းရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး အနေနဲ့ ခြေစွမ်းပြ ဂိုးသွင်းနိုင်ဖို့ အတွက် ဘယ်တောင်ပံ တိုက်စစ်မှာ ကစားဖို့ မလိုအပ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် အသင်းခေါင်းဆောင် ကီလီယန် အမ်ဘာပေးဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ပြီးနောက် ဒီနွေရာသီ မှာတော့ ရီးရဲလ်မက်ဒရစ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ PSG ပြင်သစ် ကလပ် ပီအက်စ်ဂျီမှာ ဘယ်တောင်ပံ တိုက်စစ် နေရာမှာ အဓိက ကစားခဲ့ပြီး နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးဟာ ကာလို အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ် မှာတော့ ကစားခဲ့တဲ့ ၃ ပွဲစလုံး အထောင်တိုက်စစ်မှူး အဖြစ် ကစားထားခဲ့ရပါတယ်။ ဒါကြောင့် ဒီရာသီ လာလီဂါ အဖွင့် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ ဂိုးသွင်းနိုင်ခြင်း မရှိသေးပဲ ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမ်ဘာပေး အနေနဲ့ ဝေဖန်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ အပြင် ရီးရဲလ်မက်ဒရစ် ပရိသတ် တချို့ကလည်း ဟာဇက် 2.0 လို့ပါ လှောင်ပြောင်ခြင်း ကို ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ အမ်ဘာပေး ခြေစွမ်းမပြနိုင်တဲ့ အတွက် စိတ်မပူကြောင်းနဲ့ မကြာခင် ဂိုးတွေ သွင်းယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

အန်ဆယ်လော့တီက အမ်ဘာပေး ကစားတာ အရမ်းကို ကြည့်လို့ကောင်းပါတယ်။ သူဟာ အရမ်းကို လျင်မြန်ပြီး ဘောလုံးမရှိတဲ့ အချိန်မှာ ရွေ့လျားမှုတွေ အရမ်း ကောင်းပါတယ်။ ဗယ်လာဒိုးလစ်နဲ့ ပွဲမှာ သူ ဂိုးသွင်းခွင့် ၃ ကြိမ် ရရှိခဲ့ပါတယ်။ အထောင် တိုက်စစ်မှူး နေရာ ကနေ သူဂိုးသွင်းနေကျ ဖြစ်လို့ သူဂိုးသွင်းနိုင်ပါလိမ့်မယ်။ အမ်ဘာပေး အနေနဲ့ ဂိုးရဖို့ အတွက် ဘယ်တောင်ပံ ဒါမှမဟုတ် ညာတောင်ပံ တိုက်စစ်မှာ ကစားဖို့ လိုတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

အဓိက ကတော့ ဗင်နီးစီးယပ်စ်နဲ့ ကီလီယန် အမ်ဘာပေး တို့ဟာ ကစားတဲ့ နေရာ ဆင်တူနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းနှစ်တွေ အတွင်းမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်တောင်ပံ တိုက်စစ် နေရာမှာ ဗင်နီးစီးယပ်စ် ခြေစွမ်းပြနေတာကြောင့် အမ်ဘာပေးက အထောင် တိုက်စစ်မှူး အဖြစ် ဆက်လက် ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်အထိ တစ်ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၅ နေရာကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ရာသီသစ်မှာ အဝေးကွင်း နိုင်ပွဲ မရသေးပဲ နှစ်ပွဲဆက် သရေကျထားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ လာလီဂါ ပွဲစဉ် ၄ အဖြစ် ရီးရဲလ်ဘက်တစ်နဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်