နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်ဦးချင်းအမှားတွေကြောင့် အိမ်ကွင်းမှာသရေကျခဲ့တဲ့ ရီးရဲယ်မက်ဒရစ် (လာလီဂါပွဲပြီးသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ၂-၂ အဲလ်ချီ

အန်ဆယ်လော့တီရဲ့ ရီးရဲယ်မက်ဒရစ် ကတော့အဲလ်ချီကိုပြီးခဲ့တဲ့ ကိုပါဒယ်ရေးပွဲစဉ်မှာအနိုင်ရခဲ့ပေမယ့် လာလီဂါ မှာတော့ တစ်ဖက် ၂ ဂိုးစီသရေကျအောင် မနည်းကစားသွားခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာအန်ဆယ်လော့တီကိုယ်တိုင် အသင်းဟာသေးငယ်တဲ့ အမှားအယွင်းလေးတွေကြောင့် သရေကျခဲ့ရခြင်းဖြစ်ကြောင်းဝန်ခံသွားခဲ့ပြီး ၂ ဂိုးပြတ် ဦးဆောင်နိုင်မှုကိုမထိန်းနိုင်ခဲ့တဲ့ အဲလ်ချီအတွက်လည်းနှမြောစရာကောင်းခဲ့တဲ့ ပွဲဆိုရင်လည်းမမှားပါဘူး။


ပွဲစဉ်အကျဉ်း

ရီးရဲယ်မက်ဒရစ်တို့ ဒီနေ့ပွဲမှာအသုံးပြုနေကျ ၄-၃-၃နဲ့ပဲ ပွဲထွက်ခဲ့ပေမယ့် ကိုပါဒယ်ရေးပွဲစဉ်ကလူစာရင်းကိုတော့ အပြောင်းအလဲပြုလုပ်လာခဲ့ပါတယ်။တိုက်စစ်မှာကာရင်ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာတို့နဲ့ အတူဟာဇက်ကိုပွဲထုတ်ခဲ့ပြီးကွင်းလယ်နဲ့ ခံစစ် မှာတော့ ပုံမှန် ပွဲထွက်နေကျ မိုဒရစ်၊ ခရူးစ်၊ မီလီတောင်၊ အလာဘာတို့လိုကစားသမားတွေပဲပါဝင်လာခဲ့ပါတယ်။ အဲလ်ချီကတော့ ပြီးခဲ့တဲ့ ပွဲကလူစာရင်းနဲ့ ကစားကွက်ကိုအပြောင်းအလဲသိပ်မလုပ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာပိုကောင်းတဲ့ စုဖွဲ့မှုနဲ့ အတူရီးရဲယ်မက်ဒရစ်ကိုရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

ကစားသမားအင်အားရော၊ ခြေစွမ်းပိုင်းမှာပါ အသာရခဲ့တဲ့ ရီးရဲယ်တို့ ပွဲအစမှာထဲကဦးဆောင်ဂိုးတွေသွင်းယူနိုင်ဖို့ အခွင့်အရေးတွေအကြိမ်ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တောင်ပံကဗင်နီးစီးယပ်စ် တစ်ကိုယ်ကောင်းဆန်မှု၊ အလောကြီးမှုနဲ့ ဟာဇက်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်ဖို့သာစဉ်းစားခဲ့မှုတွေကြောင့် သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ ဒါ့အပြင် ရီးရဲယ်မက်ဒရစ်တို့ ခံစစ်ရဲ့ ပေါ့လျော့မှုကြောင့် ပွဲချိန် ၄၂ မိနစ်နဲ့ ၇၆ မိနစ် တို့မှာအဲလ်ချီကိုဦးဆောင်ဂိုးတွေခွင့်ပြုပေးခဲ့ရပြီးသရေ ၁ မှတ်ရဖို့ အသည်းအသန် နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီကိုသာဘင်ဇီမာဝင်အောင် ကန်သွင်းနိုင်ခဲ့ရင် အခုလိုရလဒ် ထွက်ပေါ်ချင်မှသာထွက်ပေါ်မှာဖြစ်ပြီးမိုဒရစ်ရဲ့ ပင်နယ်တီချေပဂိုးနဲ့ မီလီတောင်ရဲ့ နောက်ကျ ခေါင်းတိုက်ဂိုးသာမကယ်ရင် ရှုံးပွဲတောင် ကြုံသွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အန်ဆယ်လော့တီဝန်ခံခဲ့သလိုရီးရဲယ်တို့ အမှားအယွင်းအသေးလေးတွေကြောင့်ပဲနိုင်ပွဲပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။ တကယ်တမ်းစုဖွဲ့မှုအရကြည့်မယ် ဆိုရင်လည်းအဆင့် တစ်ဆင့်လောက် ကွာဟနေတဲ့ အသင်းငယ်လေးအဲလ်ချီကိုရီးရဲယ်တို့ အနိုင်ရခဲ့သင့်တာဖြစ်ပါတယ်။ပွဲပြီးအချက်အလက်တွေအရရီးရဲယ်မက်ဒရစ်တို့ ဘောလုံးပိုင်ဆိုင်မှု ၆၅/၃၅ ရာခိုင်နှုန်းအထိကစားနိုင်ခဲ့ပြီးဂိုးပေါက်ကန်ချက် ၂၃ ကြိမ် ဂိုးပေါက် တည့်မှု ၈ ကြိမ် အထိရှိခဲ့တာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းသုံးသပ်ရရင် ဂိုးပေါက် ကန်ချက် ၃ ကြိမ် ကနေသွင်းဂိုး ၂ ဂိုးရအောင် ယူနိုင်ခဲ့တဲ့ အဲလ်ချီရဲ့ အဆုံးသတ် သေချာမှုကတောင် ပိုပြီးကောင်းမွန်ခဲ့တယ် လို့ပဲချီးကျူးရမှာဖြစ်ပါတယ်။ ဘာပဲပြောပြောရှုံးပွဲမကြုံအောင် အတတ်နိုင်ဆုံးလိုက်ကစားနိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးကနေဒုတိယနေရာကဆီဗီလာကို ၆ မှတ်ဖြတ် ဦးဆောင်ထားနိုင်ဆဲဖြစ်ပါတယ်။ အဝေးကွင်းမှာသရေ ၁ မှတ် ရခဲ့တဲ့ အဲလ်ချီကတော့ လာလီဂါနိုင်ပွဲဆက်မှုရပ်တန့်ခဲ့ရပြီးအမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာဘီလ်ဘာအိုနဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲကစားဖို့ ရှိပြီးအဲလ်ချီကတော့ ၅ ရက်နေ့မှာအလာဗက်စ်နဲ့ လာလီဂါပွဲစဉ် ၂၃ ကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်