နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါဒယ်ရေးမှာ နိုင်ပွဲ ကိုယ်စီ ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ၊ လူစားလဲခံရလို့ မကျေမနပ် ဖြစ်ခဲ့တဲ့ ရိုဒရီဂို (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကိုပါဒယ်ရေးမှာ နိုင်ပွဲ ကိုယ်စီ ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ၊ လူစားလဲခံရလို့ မကျေမနပ် ဖြစ်ခဲ့တဲ့ ရိုဒရီဂို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုပါဒယ်ရေးမှာ နိုင်ပွဲ ကိုယ်စီ ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ

စပိန် လာလီဂါ ထိပ်သီး အသင်းကြီး နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ကတော့ ကိုပါဒယ်ရေး ပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို အသီးသီး တက်ရောက်ခဲ့ကြပါတယ်။ ဘာစီလိုနာက အသင်းငယ်လေး အေဒီကျူတာကို အဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ရောဘတ် လီဝမ်ဒေါစကီးက ၂ ဂိုး သွင်းကာ ရာဖင်ညာ၊ အန်ဆု ဖာတီနဲ့ ဖရန့် ကက်ဆီ တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။

ရီးရဲလ် ကတော့ ဗီလာရီးရဲလ်နဲ့ အဝေးကွင်းမှာ တွေ့ဆုံခဲ့ပြီး ထုံးစံအတိုင်း ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ဗီလာရီးရဲလ်က ကာပူးနဲ့ ချူကွာဇီ တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဗင်နီးစီးယပ်စ်၊ မီလီတာအို တို့က ချေပဂိုးတွေ ဆက်တိုက် သွင်းခဲ့ပြီး ၈၆ မိနစ်မှာ ဆီဘယ်လော့စ်က ရီးရဲလ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

စပိန် စူပါဖလား ဗိုလ်လုပွဲ ကစားအပြီးမှာ ဒီနှစ်သင်းက ဆက်လက် ကစားခဲ့ရတာ ဖြစ်ပြီး ရီးရဲလ်တို့ ဗီလာရီးရဲလ်ကို လာလီဂါ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဘာဆာ ကတော့ စပိန် စူပါဖလား ချန်ပီယံ ဖြစ်ပြီးနောက် အသင်းငယ်လေး ကိုလည်း ဂိုးပြတ် ချေမှုန်းခဲ့ကာ ပရိသတ်တွေကို စိတ်ကျေနပ်မှု ပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ်
1X2 မန်ချက်စတာ ယူနိုက်တက် @ 3.90
အာဆင်နယ် အာရှ ဟန်းဒီးကပ် -0.75 @ 2.16
ဂိုးပေါ် 2.75 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လူစားလဲခံရလို့ မကျေမနပ် ဖြစ်ခဲ့တဲ့ ရိုဒရီဂို

ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တို့ ပထမပိုင်းမှာ ၂-၀နဲ့ အရေးနိမ့်နေခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ကာလို အန်ဆယ်လော့တီက ဒုတိယပိုင်းမှာ အလှည့်အပြောင်းတွေ ပြုလုပ်ခဲ့ပြီး ၃ ဂိုး ပြန်လည် သွင်းယူကာ အသင်းက နိုင်ပွဲ ရရှိခဲ့ပေမယ့် လူစားလဲခံရလို့ ရိုဒရီဂို ကတော့ မကျေမနပ် ဖြစ်နေခဲ့ပါတယ်။

လူစားလဲခံရချိန်မှာ မပျော်မရွှင် ဖြစ်နေတဲ့ ရိုဒရီဂိုနဲ့ ပတ်သက်ပြီး အန်ဆယ်လော့တီက “ ကွင်းထဲ ကနေ ထွက်ချိန်မှာ နှုတ်ဆက်ဖို့ မမေ့နဲ့လို့ သူ့ကို ကျနော် သတိပေးခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ရိုဒရီဂိုရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ရီးရဲလ် ပရိသတ်တွေက စိုးရိမ်နေခဲ့ကြတယ်လို့ သိရပြီး အသင်းနဲ့ လမ်းခွဲတဲ့ အထိ ဖြစ်လာမှာ ကိုလည်း တွေးပူနေကြပါတယ်။

ရိုဒရီဂို ကတော့ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရချိန်ကျမှ ခြေစွမ်း ကျဆင်းလာခဲ့တာပါ။ အန်ဆယ်လော့တီ ကတော့ ဒီအခြေအနေက ဖြစ်ရိုး ဖြစ်စဉ်ပဲလို့ တုံ့ပြန်ခဲ့ပြီး မကြာခင် အဆင်ပြေသွားလိမ့်မယ်လို့ ထပ်မံ ပြောဆိုခဲ့ကာ စိုးရိမ်စရာ မရှိကြောင်း ဆိုခဲ့ပါတယ်။


ဆော်ဒီမှာကစားတဲ့ ပထမဆုံးပွဲမှာ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ရော်နယ်ဒို

ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီ အော်လ်စတားနဲ့ ပီအက်စ်ဂျီတို့ ကစားတဲ့ ခြေစမ်းပွဲမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာကို ပြောင်းပြီးနောက် ဆော်ဒီ နိုင်ငံမှာ ကစားတဲ့ ပထမဆုံး ပွဲစဉ် အဖြစ် ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ခဲ့ရတာပါ။ ရော်နယ်ဒိုဟာ သူ့ရဲ့ ပြိုင်ဘက် မက်ဆီနဲ့ လာလီဂါ ကလပ် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်၊ ကေလာ နာဗတ်စ် တို့နဲ့ ပြန်လည် တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ၅-၄ ရလဒ်နဲ့ ဆော်ဒီ အော်လ်စတား အသင်းကို အနိုင်ရခဲ့တာပါ။

ရော်နယ်ဒို ကတော့ ဒီပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာပါ။

ပီအက်စ်ဂျီ အတွက် ဂိုးတွေကို မက်ဆီ၊ အမ်ဘာပေး၊မာကွင်ညော့စ်၊ ရာမို့စ်နဲ့ အီတီကီတီ တို့က သွင်းယူခဲ့ပြီး နေမာ ကတော့ ပင်နယ်တီ ရခဲ့တာကို ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။ ပရိသတ်တွေ ကတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေး တို့ ပါဝင်တာတောင် အကောင်းဆုံး ကစားသမားဆုကို ရအောင် ယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ရော်နယ်ဒိုဟာ ဒီပွဲအပြီးမှာ လာမယ့် ရက်ပိုင်းမှာ ကစားမယ့် ဆော်ဒီလိဂ်ပွဲ မှာတော့ အယ်လ်နာဆာ အတွက် ပွဲဦးထွက် အဖြစ် ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်