နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆော်ဒီမြေရောက် စပိန် ခံစစ်မှူးကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

ခံစစ် ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ ရှိနေတဲ့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အယ်လ်နာဆာက အမ်းမရစ်ခ် လာပေါ့တ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လာလီဂါ ကလပ်ဟာ ပြီးခဲ့တဲ့လကပဲ အသင်းရဲ့ ဝါရင့် နောက်ခံလူ နာချို ဖာနန်ဒက်ဇ်ကို လက်လွှတ်ထားခဲ့ရတာကြောင့် ခံစစ် ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုခံစစ်မှာ အန်တိုနီ ရူဒီဂါ၊ အီဒါ မီလီတာအို၊ ဒေးဗစ် အလာဘာတို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အလာဘာက တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရဦးမှာ ဖြစ်လို့ လာလီဂါ ကလပ်က ဗဟိုခံစစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အစောပိုင်းမှာ လိုင်လီ ဆယ်ကျော်သက် ပြင်သစ် နောက်ခံလူ လီနီ ယိုရိုကို ခေါ်ယူခဲ့ချင်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ဈေးပြိုင်မပေးလိုတာကြောင့် လက်လွှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ရီးရဲလ်က မန်စီးတီး ကစားသမားဟောင်း ဖြစ်တဲ့ စပိန် လက်ရွေးစင် ဗဟိုခံစစ်မှူး အမ်းမရစ် လာပေါ့တ်ကို မျက်စိကျနေပြီး အရ ခေါ်ယူမယ် ဆိုပြီး သတင်းတွေပါ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လာပေါ့တ်ဟာ ဆော်ဒီပရိုလိဂ်မှာ ကစားနေပေမယ့် ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာတော့ စပိန်ရဲ့ ခံစစ်မှာ ပွဲထွက် ကစားသမား အဖြစ် ပွဲတိုင်း ပါဝင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် လာပေါ့တ်က စပိန်ရဲ့ ခံစစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းကျောင်းပေးနိုင်ခဲ့သလို ယူရို ၂၀၂၄ ချန်ပီယံဆု ကိုလည်း ကိုင်မြောက်နိုင်ခဲ့ပါတယ်။

လာလီဂါ ဘီလူးကြီး ရီးရဲလ်မက်ဒရစ်က ဒီနွေရာသီမှာ တိုက်စစ်ပိုင်း အတွက် ကီလီယန် အမ်ဘာပေးလို ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက် ၁၆ နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် ကြယ်ပွင့်လေး ကိုလည်း အရခေါ်ယူထားပါသေးတယ်။

အသက် ၃၀ အရွယ် ရှိနေတဲ့ လာပေါ့တ်ဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့် ဥရောပ ဘောလုံးရပ်ဝန်းဆီ ပြန်သွားချင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားက လာလီဂါ ကလပ်နဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲလ်နာဆာမှာ တစ်နှစ် လုပ်ခ ယူရို သန်း ၂၀ လောက် ရနေတဲ့ လာပေါ့တ် အနေနဲ့ လစာလျှော့ယူပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပါ့မလား ဆိုတော့ စဉ်းစားစရာ ရှိနေပါတယ်။

လာပေါ့တ် အနေနဲ့ ငွေကြေး အောင်မြင်မှုကိုပဲ ကြည့်မလား။ ဆုဖလား အောင်မြင်မှုတွေကိုပဲ ကြည့်ပြီး ရွေးချယ်မလား ဆိုတာ မကြာခင်မှာတော့ သိရတော့မှာ ဖြစ်ပါတယ်။ လာပေါ့တ်ဟာ လာလီဂါ ကလပ် ဘီလ်ဘာအိုမှာ ကစားသမားဘဝ စတင်ခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် မှာတော့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့သူပါ။ အဲ့‌နောက် မန်စီးတီးမှာ ၆ ရာသီ အတွင်း ပွဲပေါင်း ၁၈၀ ကစားပြီးနောက် အဲလ်နာဆာကို မနှစ်က ဩဂုတ်လမှာ ပြောင်းရွှေ့ခဲ့ပါတယ်။ လာပေါ့တ်ဟာ ဆော်ဒီပရိုလိဂ် ကလပ်မှာတော့ လက်ရှိအချိန်ထိ ၃၉ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူပေးထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်