နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကူဆာနော့ဗ်ကို ရာသီဝက် အငှားနဲ့ ကမ်းလှမ်းဖို့ ချဉ်းကပ်ခဲ့တဲ့ ရီးရဲလ်၊ ဂဗာဒီယိုလ်ကို အိမ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ ဘာဆာ | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ မန်စီးတီး နောက်ခံလူ အက်ဘ်ဒူကိုဒီယာ ကူဆာနော့ဗ်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချဉ်းကပ်မှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ လာလီဂါ ထိပ်သီး တို့ဟာ လက်ရှိမှာ ခံစစ်ပိုင်း အားနည်းနေမှုကို ပြင်ဆင်ဖို့ အဓိကထား ကြိုးပမ်းနေရတာလည်း ဖြစ်ပါတယ်။

နောက်ထပ် မန်စီးတီး နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ယော့စ်ကို ဂဗာဒီယိုလ် ကိုတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာက လိုချင်နေပါတယ်။ ကတ်တာလိုးနီးယား အခြေစိုက် ကလပ်က ခရိုအေးရှား လက်ရွေးစင် ကစားသမားကို ၂၀၂၆ ခုနှစ် အတွက် အိပ်မက် ပစ်မှတ် တစ်ခု အဖြစ် ရှုမြင်ထားပါတယ်။

နောက်ထပ် မန်စီးတီး နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ယော့စ်ကို ဂဗာဒီယိုလ် ကိုတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာက လိုချင်နေပါတယ်။
မန်စီးတီး အတွက် ခြေစွမ်းပြနေတဲ့ ခရိုအေးရှား နောက်ခံလူ ဂဗာဒီယိုလ်

ရိုဒရီဂိုဟာ နည်းပြ ဇာဘီ အလွန်ဆို လက်အောက်မှာ ပိုမိုကောင်းမွန်တဲ့ အခန်းကဏ္ဍ တစ်ခု ရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်မှာ ဆက်နေချင်နေပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ် တိုက်စစ် ကစားသမားကို ဘေယန်မြူးနစ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့က စောင့်ကြည့်နေကြပါတယ်။

နယူးယောက်ရက်ဘူးလ် အသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ချီကာဂိုဖိုင်းယား အသင်းနဲ့ အပြိုင် ကြိုးပမ်းသွားရဖို့ ရှိနေပါတယ်‌ေ

အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဗစ်တာ ဗဲလ်ဒီပီညာစ်ကို ရီးရဲလ်မက်ဒရစ်က ယူရို ၅၀ သန်းကျော် (ပေါင် ၄၃.၈ သန်း၊ ဒေါ်လာ ၅၈.၆ သန်း) တန်ကြေး ရှိတဲ့ စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဒေါ့မန် အသင်းရဲ့ နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်ကို သူတို့ရဲ့ အဓိက ဗဟိုခံစစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး တော့တင်ဟမ်ဟော့စပါးက မစ်ကီ ဗန် ဒီ ဗန် ကိုတော့ အရန် ပစ်မှတ် အဖြစ် ရွေးချယ်ထားပါတယ်။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ကစားသမားတွေ အနေနဲ့ အားလပ်ရက်မှာ ဘောလုံး အကြောင်း မေ့ထားပြီး မိသားစု အတွက်သာ အချိန်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာစီးတီးဟာ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒီဇင်ဘာ ၂၇ မှာ နော့တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ ဒါကြောင့် မန်စီးတီး ကစားသမားတွေ အနေနဲ့ ခရစ္စမတ်ကာလမှာ အားလပ်ရက် ၃ ရက်သာ ရရှိပြီး ခရစ္စမတ်နေ့မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းကာ လေ့ကျင့်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ နော့တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ပြီးရင်တော့ ဇန်နဝါရီလ အတွင်း ပွဲစဉ် ၁၀) ပွဲ ဆက်တိုက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပေမယ့် ကစားသမားတွေ အနေနဲ့ အားလပ်ရက်မှာ ဒီအကြောင်းကို မေ့ထားပြီး မိသားစု ကိုသာ အာရုံစိုက်ဖို့ တိုက်တွန်းခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ရူဘင် အာမော်ရင်က အက်စတွန်ဗီလာနဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ပွဲစဉ် တချို့ ဆုံးရှုံးရဖွယ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ယူနိုက်တက်က အက်စတွန်ဗီလာကို (၁-၂) နဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ကလည်း ပထမပိုင်း ပြီးခါနီးမှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က ပထမပိုင်းပြီးတဲ့ အထိ ဆက်ကစားခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ လီဆန်ဒရို မာတီနက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒဏ်ရာကို တံကောက်ကြော ဒဏ်ရာ ဖြစ်ဖွယ် ရှိကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပြီး အမော်ရင် ကတော့ ကြွက်သား ဒဏ်ရာ ဖြစ်မယ်လို့ ထင်ကြောင်းနဲ့ ပွဲစဉ် တချို့ ဆုံးရှုံးရဖွယ် ရှိကြောင်း၊ ဒဏ်ရာ အခြေအနေကို အတိအကျ မသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်မီဒီယာ တချို့ ကတော့ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်တာကြောင့် သူ့ကို ဆုံးရှုံးရချိန်မှာ ယူနိုက်တက် အနေနဲ့ အခက်တွေ့ဖွယ် ရှိကြောင်း သုံးသပ်ခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ နှစ်သစ်ကူးကာလမှာ ပွဲတွေ ဆက်တိုက် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး လာမယ့် တပတ် နယူးကာဆယ်နဲ့ ပွဲကိုတော့ ပေါ်တူဂီသား အနေနဲ့ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်