နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန် လက်ရွေးစင် အသင်း ကနေ အနားယူခဲ့တဲ့ ရာမို့စ်၊ ဂါဗီနဲ့ ပီဒရီကို သတိရမိတယ်လို့ ပြောဆိုလိုက်တဲ့ ဇာဗီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

စပိန် လက်ရွေးစင် အသင်း ကနေ အနားယူခဲ့တဲ့ ရာမို့စ်၊ ဂါဗီနဲ့ ပီဒရီကို သတိရမိတယ်လို့ ပြောဆိုလိုက်တဲ့ ဇာဗီ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပိန် လက်ရွေးစင် အသင်း ကနေ အနားယူခဲ့တဲ့ ရာမို့စ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်းနဲ့ လက်ရှိ ပီအက်စ်ဂျီ နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ စပိန် လက်ရွေးစင် အသင်း ကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ကပဲ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရာမို့စ်က လူသိရှင်ကြား အသိပေးခဲ့ပြီး ၁၈ နှစ် နီးပါးကြာ ကစားပေးခဲ့တဲ့ လက်ရွေးစင် အသင်း ကိုပါ နှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ 

အသက် ၃၆ နှစ် အရွယ် ရာမို့စ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကို ပါဝင်ခွင့် မရခဲ့ဘဲ လက်ရွေးစင် အသင်းနဲ့ ဝေးကွာနေတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား၊ ယူရိုဖလား တို့ကို စပိန်နဲ့ အတူ ရယူနိုင်ခဲ့တဲ့ ရာမို့စ်က သူ့ကို အားပေးခဲ့တဲ့ ပရိသတ်တွေကို အသည်းနှလုံး အတွင်း ကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းလည်း ဆိုခဲ့ပါတယ်။ 

“ အချိန်ကျလာပါပြီ၊ လက်ရွေးစင် အသင်းကို နှုတ်ဆက်ဖို့ အတွက် အချိန်ပါပဲ၊ ဒီမနက်မှာ ကျနော် အသင်းရဲ့ လက်ရှိ နည်းပြချုပ် ဆီက ဖုန်းဆက်သွယ်မှုကို ရရှိခဲ့ပြီး ကျနော်က သူ့ရဲ့ စီမံကိန်းတွေမှာ မပါဝင်တော့ဘူး ဆိုတာကို ပြောခဲ့ပါတယ်၊ ဒါကြောင့် ကျနော့်ရဲ့ လက်ရွေးစင် ကစားသမားဘ၀ကို အဆုံးသတ်လိုက်ပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရာမို့စ်က ပြောဆိုခဲ့ပါတယ်။ 


ယူနိုက်တက်ကို အရေးနိမ့်အပြီး ဂါဗီနဲ့ ပီဒရီကို သတိရမိတယ်လို့ ဇာဗီ သနားစဖွယ်ပြောဆို

လက်ရှိမှာ ဘာဆာက စပိန် လာလီဂါ အမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်ကို ၈ မှတ်ဖြတ် ဦးဆောင်ထားပြီး ကိုပါဒယ်ရေးဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက် ကလည်း ရှိနေသေးကာ စပိန်စူပါဖလားကို ဆွတ်ခူးထားပါတယ်။
ယူရိုပါလိဂ်က ထွက်ခဲ့ရပေမယ့် ပြည်တွင်းဖလား မျှော်လင့်ချက်တွေ ရှိနေသေးတဲ့ ဘာဆာ

မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ခဲ့ပြီး ယူရိုပါလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ပွဲအပြီးမှာ ဘာစီလိုနာ နည်းပြ ဇာဗီက အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ဂါဗီနဲ့ ပီဒရီကို သတိရမိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဆိုပါ ကစားသမား နှစ်ဦး ကတော့ ယူနိုက်တက်နဲ့ ပွဲကို ပွဲပယ် ပြစ်ဒဏ်၊ ဒဏ်ရာ ပြသနာတွေကြောင့် ပါဝင်နိုင်ခြင်း မရှိဘဲ ဇာဗီက သူအားကိုးရသူ နှစ်ဦးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

“ ယူနိုက်တက်က အရမ်းကို ရုပ်ပိုင်းဆိုင်ရာ သန်မာလွန်းတယ်၊ သူတို့ရဲ့ ပထမဂိုးက ကျနော် တို့ကို အများကြီး နာကျင်စေခဲ့တာပါ၊ ၀-၂ ဆိုတဲ့ အနေအထားကို ကျနော်တို့ လုပ်နိုင်ခဲ့ရမှာပါ၊ အခွင့်အရေး တချို့လည်း ရခဲ့ပေမယ့် ကျနော်တို့ ဒီအားသာချက်ကို မရယူနိုင်ခဲ့ဘူး၊ ဒီနေ့မှာ ဂါဗီနဲ့ ပီဒရီကို သတိရမိခဲ့တယ်၊ ယူနိုက်တက်က ဒီနေ့ ၂ ဂိုး သွင်းသွားခဲ့တယ်၊ ပထမအကျော့မှာလည်း ၂ ဂိုးသွင်းခဲ့တယ်” လို့ ဇာဗီက ဆိုပါတယ်။ 

ဘာဆာ ကတော့ ယူရိုပါလိဂ်က ထွက်ခွာခဲ့ရပြီ ဖြစ်လို့ ပြည်တွင်းပွဲတွေ ကိုသာ ကစားရတော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘာဆာက စပိန် လာလီဂါ အမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်ကို ၈ မှတ်ဖြတ် ဦးဆောင်ထားပြီး ကိုပါဒယ်ရေးဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက် ကလည်း ရှိနေသေးကာ စပိန်စူပါဖလားကို ဆွတ်ခူးထားပါတယ်။ 


PSV နဲ့ ပွဲမှာ ပရိသတ် တစ်ဦးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဆီဗီလာ ဂိုးသမား

လာလီဂါ
အယ်လ်ချီ
ရီးယဲလ် ဘက်တစ်
1X2 သရေ (Draw) @ 3.45
ဂိုးပေါ် 2.50 @ 2.13
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နယ်သာလန် ကလပ် PSV နဲ့ စပိန် လာလီဂါကလပ် ဆီဗီလာတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ မှာတော့ ဆီဗီလာ ဂိုးသမား မာကို ဒီမီထရိုဗစ်ဟာ ကွင်းအတွင်း ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ ရန်ပြုခြင်းကို ခံခဲ့ရပါတယ်။ 

ပထမအကျော့ အိမ်ကွင်းမှာ ဆီဗီလာက ၃-၀ နဲ့ အနိုင်ရခဲ့ပြီး မနေ့ညက ၂-၀ နဲ့ အရေးနိမ့်ပေမယ့် နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ် ဂိုးသမား ဒီမီထရိုဗစ်ကို ကွင်းအတွင်း ကျူးကျော်လာခဲ့တဲ့ ပရိသတ်က လက်သီးနဲ့ ဝင်ထိုးခဲ့တာပါ။ ဒီနောက်မှာ ဒီမီထရိုဗစ်က အဆိုပါ ပရိသတ်ကို လဲကျသွားအောင် နပမ်းလုံးပစ်ခဲ့ပြီး လုံခြုံရေးတွေ ရောက်ရှိလာကာ ထိန်းသိမ်း ခေါ်ဆောင်သွားခဲ့ရပါတယ်။ ဆာဘီးယား ဂိုးသမား ကတော့ ပရိသတ်ကို ဆွဲလှဲချနိုင်ခဲ့ပြီး ရန်ပြုမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။ 

“ ဘောလုံးမှာ ဒီလိုတွေ မြင်နေရတာက မကောင်းဘူးဗျ၊ မဖြစ်သင့်ဘူး၊ အခုရော၊ နောင်ရောပေါ့၊ ဒီအတွက် သူ့ကို အပြစ်ပေးမယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ သူက ကျနော့် နောက်ကနေ ရောက်လာပြီး တွန်းခဲ့တာ၊ ပွဲရလဒ် အတွက် သူ ဒေါသထွက်နေပုံ ရပြီး ကျနော့်ကို ထိုးဖို့ ကြိုးစားခဲ့တာပါ၊ ကျနော် ဆွဲလှဲပစ်ခဲ့ပြီး လုံခြုံရေးတွေ ရောက်လာတာကို စောင့်နေခဲ့ရတယ်” လို့ ဒီမီထရိုဗစ်က ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်