နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မကြာခင်မှာ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချသွားမယ့် နီကို ဝီလီယမ်စ် | လာလီဂါ

ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းရဲ့ တောင်ပံ ကစားသမားလေး နီကို ဝီလီယမ်စ် ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မကြာခင်မှာ ဆုံးဖြတ်ချက်ချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ နီကို ဝီလီယမ်စ်ကို လာလီဂါ ထိပ်သီး ဘာစီလိုနာက ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေသလို ပီအက်စ်ဂျီ ကလည်း ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီလို အချိန်မှာ စပိန် တောင်ပံ ကြယ်ပွင့်လေး နီကို ဝီလီယမ်စ် ကတော့ သူ့ရဲ့ အသင်းဖော် ဖြစ်တဲ့ ဘာစီလိုနာ ဆယ်ကျော်သက် လမင်း ယာမယ်နဲ့ ဗီဒီယိုတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါကြောင့် နီကို ဝီလီယမ်စ် အနေနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေခဲ့ပြီ ဆိုပြီး သတင်းဌာန တချို့ ကတော့ ဖော်ပြနေကြပါတယ်။

အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက်ချပြီးပြီလို့ Diario AS က ဖော်ပြထားပေမယ့် သူ့ရဲ့ အေးဂျင့်နဲ့ မိသားစု အပါအဝင် ရင်းနှီးတဲ့ အသိုင်းအဝိုင်း ကတော့ နီကို အနေနဲ့ ဘာဆိုဘာမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူးလို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ နီကိုက လာမယ့် တစ်ပတ်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆုံးဖြတ်ချက်ချသွားဖို့ ရှိနေပါတယ်။

စပိန် ဘယ်တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ဟာ လာလီဂါ ကလပ် ဘီလ်ဘာအို အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ကမှ ဘီလ်ဘာအို စီနီယာ အသင်းကြီး အတွက် စတင် ကစားခဲ့တဲ့ ဒီကစားသမားလေးဟာ အခုဆိုရင်တော့ ဘီလ်ဘာအို အတွက် သာမကပဲ စပိန် လက်ရွေးစင် အတွက်ပါ အရေးပါတဲ့ ကစားသမား ဖြစ်နေပါပြီ။ နီကို ဝီလီယံစ်က ယူရို ၂၀၂၄ ပြိုင်ပွဲ မှာလည်း လမင်း ယာမယ်နဲ့ တွဲဖက်ကာ စပိန်နဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အင်္ဂလန်နဲ့ ကစားတဲ့ ဗိုလ်လုပွဲ မှာလည်း အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နီကို ဝီလီယမ်စ်ကို လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ပီအက်စ်ဂျီ ကပါ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီ ကတော့ နီကို ဝီလီယမ်စ်ရဲ့ အေးဂျင့် ဖြစ်သူဟာ အခုတစ်ပတ် အတွင်းမှာ အပြောင်းအရွှေ့ ကိစ္စနှင့် ပတ်သက်လို့ ဆက်သွယ်ခဲ့သလို ဘာစီလိုနာ ကလည်း အေးဂျင် ဖီးလစ် တင်းတာနဲ့ ရက်သတ္တပတ် အတော်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်ဟာ ဝီလီယမ်စ်ကို ခေါ်ယူဖို့ လက်ရှိ အချိန်ထိ သဘောတူညီမှု မရသေးဘူးလို့လည်း သိရပါတယ်။ အဓိက ကတော့ ကစားသမား ကိုယ်တိုင် ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းချက်ကို သဘောတူညီခြင်း မရှိသေးတာ ဖြစ်ပါတယ်။ အကယ်၍ နီကို ဝီလီယမ်စ် အနေနဲ့ ဘီလ်ဘာအို မှာပဲ ဆက်ရှိနေမယ် ဆိုရင်တော့ ကလပ် ဘက်က လုပ်ခလစာ တိုးမြှင့်ပေးသွားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်