နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပစူပါဖလား ပွဲစဉ်မှ ရီးရဲလ်မက်ဒရစ် ကစားသမား အဖြစ် ပထမဦးဆုံး အကြိမ် မြင်တွေ့ရမယ့် အမ်ဘာပေး | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကစားသမားသစ် ကီလီယန် အမ်ဘာပေး ကတော့ လာမယ့် ဩဂုတ်လ ၁၄ ရက်နေ့မှာ ကစားမယ့် ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ပထမဦးဆုံး အကြိမ် အဖြစ် ပါဝင်ကစားပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် အမ်ဘာပေးက ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီကြို ခြေစမ်းပွဲ အားလုံးကို လွဲချော်ဖို့ ရှိနေပြီး အတ္တလန္တာနဲ့ ကစားမယ့် ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲမှာ ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ အခု နွေမှာ အကြီးမားဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ပြင်သစ် တောင်ပံ တိုက်စစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေးကို ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲကိုလည်း ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး ပရိသတ်ပေါင်း ၈ သောင်းကျော် အထိ တက်ရောက်ခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး အမ်ဘာပေးဟာ မိတ်ဆက်ပွဲမှာ ငယ်စဉ်ကတည်းက ရီးရဲလ်မက်ဒရစ်မှာ ကစားချင်ခဲ့ကြောင်း အခုတော့ သူရဲ့ စိတ်ကူး အိမ်မက်တွေ အမှန်တကယ် ပြည့်ဝခဲ့ရပြီ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေးက သူ့ရဲ့ Idol ခရစ္စတီယာနို ရော်နယ်ဒို ရီးရဲလ်မက်ဒရစ် ပရိသတ်တွေနဲ့ မိတ်ဆက်စဉ်က အတိုင်း စပိန်လို ၁၊၂၊၃ ဟာလာ မက်ဒရစ် လို့လည်း အော်သွားခဲ့ပါသေးတယ်။ ပရိသတ်တွေ ကလည်း ခရစ္စတီယာနို‌ ရော်နယ်ဒိုကို သတိရစေမယ့် Siuu သီချင်းကို သံပြိုင် သီဆိုသွားခဲ့ပါတယ်။

အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ကီလီယန် အမ်ဘာပေးဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အတူ ရာသီကြို အမေရိကန် ခြေစမ်းပွဲ ခရီးစဉ်တွေ ကိုတော့ လိုက်ပါသွားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဥရောပစူပါဖလား ပွဲစဉ်မှ ပါဝင်လာဖို့ ရှိတဲ့ အမ်ဘာပေး

အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ကီလီယန် အမ်ဘာပေးဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အတူ ရာသီကြို အမေရိကန် ခြေစမ်းပွဲ ခရီးစဉ်တွေ ကိုတော့ လိုက်ပါသွားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် အမ်ဘာပေး အနေနဲ့ လာမယ့် ဩဂုတ်လ ၁၄ ရက်နေ့ ပိုလန်နိုင်ငံ ပိုလန် ဘောလုံး အသင်းရဲ့ အိမ်ကွင်း PGE Narodowy ကွင်းမှာ ကျင်းပမယ့် ဥရောပစူပါဖလား ဗိုလ်လုပွဲ မှာတော့ အသင်း အတွက် ပွဲဦးထွက် အဖြစ် ပါဝင်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။

အမ်ဘာပေးဟာ ပြင်သစ်နဲ့ အတူ ယူရို ၂၀၂၄မှာ ဆီမီးဖိုင်နယ် အဆင့်ထိ ပွဲတိုင်းလိုလို ပါဝင်ကစားခဲ့ရပြီး ပြိုင်ပွဲ ကနေ ထွက်ခွာလာချိန်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် အမ်ဘာပေးဟာ အခုအချိန်ထိ နွေရာသီ အနားယူချိန် မရှိသေးပါဘူး။ ဒါကြောင့် လာလီဂါ ကလပ် ဘက်က အမ်ဘာပေး အတွက် ရက်သတ္တပတ် အနည်းငယ် နားရက်ပေးသွားဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ယူရို ၂၀၂၄နဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ တတိယနေရာလုပွဲတွေ ကစားခဲ့ရတဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ဒန်နီ ကာဗာဟယ်လ်၊ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ၊ ချူအာမန်နီ၊ ကာမာဗင်ဂါနဲ့ မန်ဒီ တို့လို ကစားသမားတွေ ကိုလည်း ကစားသမားသစ် အမ်ဘာပေး လိုပဲ အမေရိကန် ခရီးစဉ်ကို ခေါ်ဆောင်သွားမှာ မဟုတ်ပဲ အနားပေးသွားဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်