နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီ အတွက် တံခါးဖွင့်ထားတယ် ဆိုတဲ့ လာပေါ်တာ၊ အယ်လ်နာဆာကို အပြတ် ငြင်းလိုက်တဲ့ မိုဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

မက်ဆီ အတွက် တံခါးဖွင့်ထားတယ် ဆိုတဲ့ လာပေါ်တာ၊ အယ်လ်နာဆာကို အပြတ် ငြင်းလိုက်တဲ့ မိုဒရစ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မက်ဆီ အတွက် တံခါးဖွင့်ထားတယ် ဆိုတဲ့ လာပေါ်တာ 

ဘာစီလိုနာ အသင်း ဥက္ကဌ ယိုအန် လာပေါ်တာက အသင်းကို မက်ဆီ ပြန်လာမယ် ဆိုရင် တံခါးဖွင့် ကြိုဆိုနေမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် မချုပ်ဆိုရသေးတဲ့ မက်ဆီရဲ့ အနာဂတ်က ဘယ်ကိုလဲ ဆိုတာ အားလုံးက စိတ်ဝင်စားနေပြီး လာလီဂါ ကလပ် ကလည်း သူ့ကို ပြန်လည် ခေါ်ယူချင်နေတာပါ။ 

မက်ဆီ ကိုယ်တိုင် ကလည်း သူ့အနာဂတ် အတွက် ဝေဝါးနေပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားနေဆဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီက သူ့ကို စာချုပ်သစ် အတွက် ကြိုးစားနေသလို ဆော်ဒီ ကလပ်တွေ ကလည်း မက်ဆီ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကာ အသင်းဟောင်း ဘာဆာ ကလည်း သူ့ကို အလိုရှိနေလို့ မက်ဆီ အတွက် ရွေးချယ်စရာတွေတော့ အများကြီး ရှိနေပါတယ်။ 

လာပေါ်တာက “ မက်ဆီက သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားပါ၊ ဘာဆာ သမိုင်း မှာလည်း အရေးအပါဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်၊ ကျနော် စကားပြောတာတော့ သတိထားရပါတယ်၊ သူက ပီအက်စ်ဂျီ ကစားသမားမို့ပါ၊ ဒီအတွက် လေးစားမှု ရှိရပါမယ်၊ သူ အသင်းကို ပြန်လာမယ် ဆိုရင်တော့ ကျနော် တို့က တံခါးဖွင့်ပေးထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 


အယ်လ်နာဆာကို အပြတ် ငြင်းလိုက်တဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ်က သူ့ကို ဆော်ဒီ ကလပ် အယ်လ်နာဆာက စိတ်ဝင်စားနေပေမယ့်လည်း ဘာနေဗျူး မှာသာ ဆက်ရှိနေမယ်လို့ ပြောဆိုလိုက်ပါတယ်။ အယ်လ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းကို ခေါ်ယူဖို့ အတွက် တော်တော်လေး စိတ်ဝင်စားနေတာပါ။ 

ဒါပေမယ့် ရာသီကုန်မှာ လာလီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် မိုဒရစ် ကတော့ လက်ရှိ အသင်းမှာ ဆက်ကစားချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲလ်နာဆာရဲ့ စိတ်ဝင်စားမှုကို ပြတ်ပြတ်သားသား ငြင်းလိုက်တဲ့ မိုဒရစ်

ဒါပေမယ့် ရာသီကုန်မှာ လာလီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် မိုဒရစ် ကတော့ လက်ရှိ အသင်းမှာ ဆက်ကစားချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ခရိုအေးရှား အတွက် ကစားပေးဖို့ ရှိနေတဲ့ မိုဒရစ်ဟာ အသက် ၃၇ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ဆဲ ဖြစ်ပါတယ်။ 

“ ကျနော့် ဆန္ဒက မက်ဒရစ်မှာ ဆက်ရှိနေဖို့ပါ၊ ဒီလို ဖြစ်လာမယ် လို့လည်း ယုံကြည်ထားသလို မျှော်လင့်ထားပါတယ်၊ ကောလဟလ သတင်းတွေ ကတော့ ထွက်နေတာပါပဲ၊ ကျနော် ကတော့ တူညီတဲ့ စကားကို အကြိမ်ပေါင်း ရာချီပြီး ပြောထားပြီးသားပါ၊ မက်ဒရစ်မှာ ဆက်နေဖို့ ကိုပဲ ကျနော် မျှော်လင့်ပါတယ်” လို့ မိုဒရစ်က ပြောဆိုခဲ့ပါတယ်။ 


တံကောက်ကြော ဒဏ်ရာကြောင့် အနားယူရတော့မယ့် ဒီယောင်

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်း ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူရမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါပြီ။ ဟော်လန် ကွင်းလယ်လူဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်နဲ့ ပွဲမှာ ပါဝင်ခြင်း မရှိခဲ့ဘဲ ဘာစီလိုနာကို ပြန်လည် ရောက်ရှိနေခဲ့တာပါ။ 

စစ်ဆေးမှုတွေအရ ဒီယောင်ဟာ ဒဏ်ရာ ပြသနာ ရှိနေပြီး ဘယ်လာက်အထိ အနားယူရမလဲ ဆိုတာ ကိုတော့ အသင်း ဘက်က မပြောဆိုခဲ့ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ တစ်ပတ်က နှစ်ပတ် အထိ သူ အနားယူရဖွယ် ရှိကာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကို လွဲချော်ဖွယ် ရှိနေပါတယ်။ 

ဒါပေမယ့် ဒဏ်ရာက အပြင်းအထန်ကြီး မဟုတ်လောက်ဘူးလို့ လက်ရွေးစင် အသင်းဖော် မမ်းဖစ် ဒီပိုင်းက ယုံကြည်နေပြီး မကြာခင် ပြန်ကစားနိုင်လိမ့်မယ် လို့တော့ ပြောဆိုထားပါတယ်။ ဒီယောင်သာ မကစားနိုင်ရင် ပီဒရီ ကိုလည်း လက်လွှတ်ထားရတဲ့ ဘာဆာ ကွင်းလယ်ပိုင်း အတွက်တော့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်