နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၆/၈/၂၀၂၂)

ဩဂုတ်လ ၂၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကွန်ဒေးကို ဒီကနေ့ မှတ်ပုံတင် နိုင်မယ်လို့ ယုံကြည်နေတဲ့ ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ ကစားသမားသစ် ဂျူးလ်စ် ကွန်ဒေးကို ဒီကနေ့မှာ စာရင်းသွင်း မှတ်ပုံတင်နိုင်မယ် လို့ ယုံကြည်နေပါတယ်။ ပြင်သစ် နောက်ခံလူဟာ ဆီဗီလာ ကနေ ပြောင်းရွှေ့ လာခဲ့ပြီးနောက် အသင်းအတွက် လာလီဂါ အဖွင့်ပွဲ ၂ ပွဲ စလုံးကို ဝင်ကစားရခြင်း မရှိဘဲ လက်ရှိ အချိန်ထိ ကစားသမား စာရင်းသွင်းနိုင်ဖို့ကိုသာ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

ဒီရာသီမှာ ဘာစီလိုနာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေထဲမှာ ကွန်ဒေး တစ်ဦးတည်းသာ ကျန်ရှိတော့တာ ဖြစ်ပြီး ဒီတစ်ပတ် ကစားရမယ့် ပွဲစဉ် မတိုင်ခင် စာရင်းသွင်းနိုင်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်။ တခြားသော နောက်ခံလူ အမ်တီတီက လက်ချီကို အငှားနဲ့ ထွက်ခွာ သွားခဲ့ပြီဖြစ်လို့ အဆိုပါ နေရာ အတွက် ကစားသမား တစ်နေရာစာ လစ်လပ်သွားပြီ ဖြစ်ကာ ကွန်ဒေးကို မှတ်ပုံတင်နိုင်ဖို့က လွယ်ကူလာပြီ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
အဲဗာတန်
1X2 ဘရန့်ဖို့ဒ် FC @ 2.07
အဲဗာတန် အာရှ အကျောပေး +0.25 @ 2.16
ဂိုး‌ပေါ်် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာမှာ ဒီလို အခြေအနေတွေ ရှိနေတာ သိပေမယ့်လည်း ကွန်ဒေး ကတော့ နူးကမ့်ပ်ကို ပြောင်းရွှေ့ချင်လို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ အသင်းအတွက် တရားဝင် ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားပေးရခြင်း မရှိသေးဘဲ လေ့ကျင့်ခန်းသာ အတူတူ ဆင်းနေရပြီး ဒီနေ့တော့ သူက အသင်းကစားသမား ဖြစ်လာဖို့ရာ တော်တော်လေး နီးစပ်နေပြီ ဖြစ်ပါတယ်။


အန်ဆယ်လော့တီ မျက်ရည်ဝဲတဲ့ အထိ ချီးကျူးခဲ့တဲ့ ဘန်ဇီမာ

UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး နိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာက အသင်းနည်းပြ အန်ဆယ်လော့တီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆုလက်ခံ ရယူအပြီးမှာ ပြင်သစ် တိုက်စစ်မှူးက ပြီးခဲ့တဲ့ ရာသီမှာ အသင်းကို ဆုဖလား နှစ်လုံး ရအောင် ကိုင်တွယ်ပေးနိုင်ပြီး သူ့ကိုလည်း တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနိုင်အောင် လမ်းညွှန်နိုင်ခဲ့တဲ့ အီတလီသားကြီးကို ချီးကျူးခဲ့တာပါ။

“ ကျနော့်အတွက်တော့ အန်ဆယ်လော့တီက ကမ္ဘာ့ အကောင်းဆုံး နည်းပြပါ၊ သူ မက်ဒရစ်မှာ ဆက်ရှိနေဖို့လည်း ကျနော် မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက အကောင်းဆုံး ဖြစ်နေလို့ပါ” လို့ ဘန်ဇီမာက ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုနေချိန်မှာ အန်ဆယ်လော့တီ တစ်ယောက် မျက်ရည်တွေ ဝဲခဲ့တာကို မြင်တွေ့ခဲ့ရပြီး တပည့် ဖြစ်သူရဲ့ အသိအမှတ်ပြုမှု ရရှိတဲ့ အပေါ်မှာ စိတ်ခံစားချက် ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ်။

အန်ဆယ်လော့တီ ကိုယ်တိုင်လည်း တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ သူ ဆုလက်ခံ ရယူချိန်မှာလည်း အန်ဆယ်လော့တီက အပြန်အလှန်အားဖြင့် ဘန်ဇီမာကို ချီးကျူးခဲ့ပြီး ဒီကစားသမားရဲ့ ကစားပုံကို မြင်တွေ့ရတာ ဘောလုံး လောကအတွက် ကံအရမ်း ကောင်းလွန်းတယ်လို့ နှစ်နှစ်ကာကာ ချီးကျူး ပြောဆို သွားခဲ့ပါတယ်။


အီကာဒီကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ဆီ ကမ်းလှမ်း ခဲ့တဲ့ ပီအက်စ်ဂျီ

စပိန် သတင်းဌာန Defensa Central ရဲ့ ဖော်ပြချက် အရ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး မော်ရို အီကာဒီကို ခေါ်ယူဖို့ ကမ်းလှမ်း ခံခဲ့ရတယ်လို့ သိရပါတယ်။
FFP ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ငြိစွန်း နိုင်တဲ့ အခြေအနေတွေကြောင့် အီကာဒီကို ရှင်းထုတ်ချင်နေတဲ့ ပီအက်စ်ဂျီ

စပိန် သတင်းဌာန Defensa Central ရဲ့ ဖော်ပြချက် အရ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး မော်ရို အီကာဒီကို ခေါ်ယူဖို့ ကမ်းလှမ်း ခံခဲ့ရတယ်လို့ သိရပါတယ်။ အာဂျင်တီနား တိုက်စစ်မှူးဟာ ဘာနေဗျူးကို ပြောင်းရွှေ့ခွင့် ရမယ်ဆိုရင် လုပ်ခလစာ ထက်ဝက် အထိ လျှော့ယူဖို့လည်း အသင့် ဖြစ်နေတယ်လို့ သိရပြီး စပိန် ကလပ်ဘက် ကတော့ စိတ်ဝင်စားမှု နည်းပါး နေပါတယ်။

ပီအက်စ်ဂျီဟာ အီကာဒီကို ရောင်းချဖို့ ကြိုးစား နေပေမယ့် ကမ်းလှမ်းမယ့် အသင်း မရှိသေးတာ ဖြစ်ပါတယ်။ အင်တာမီလန်မှာ ထိပ်တန်း တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြခဲ့တဲ့ အီကာဒီဟာ ပြင်သစ်မှာတော့ ပုံမှန် ကစားခွင့် မရဖြစ်နေပြီး မက်ဆီ၊ ဘတ်ပီ၊ နေမာတို့ နောက်မှသာ ဦးစားပေး ခံရပြီး အရန်ခုံမှာပဲ အချိန်ဖြုန်းနေရကာ သူ့ရဲ့ အကောင်းဆုံး အချိန်တွေက နှမျောစရာ ကောင်းနေခဲ့ပါတယ်။

လက်ရှိမှာ FFP ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ငြိစွန်း နိုင်တဲ့ အနေအထား တွေကြောင့် ပီအက်စ်ဂျီက အသင်းအတွက် မလိုအပ်တဲ့ အီကာဒီကို ရှင်းထုတ်ဖို့ ဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အေးဂျင့်အဖြစ် တာဝန်ယူနေတဲ့ ဇနီးသည်ကြောင့် အီကာဒီကို ခေါ်ယူဖို့ လက်ရှောင်နေတဲ့ အသင်းတွေ များပြားလာခဲ့ပြီး အာဂျင်တိုင်းသား အတွက်တော့ အနာဂတ်က မရေမရာ ဖြစ်နေခဲ့ပါပြီ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်