နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၂၅/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်း အထိ ရရှိထားသမျှ လာလီဂါ သတင်းတချို့ စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီယောင် အသင်း ကနေ ထွက်ဖို့ ဖိအားပေးနေတဲ့ ဘာစီလိုနာ

“ ကျနော် ဖရန်ကီ ဒီယောင်နဲ့ စကားပြောပြီးပါပြီ။ သူ့ကိုလည်း ကျနော် အရမ်း တန်ဖိုးထားပြီး သူက အခြေခံ ပိုင်နိုင်တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမယ့် စီးပွားရေး အခြေအနေနဲ့ ဘဏ္ဍာရေး အခြေအနေတွေလည်း ရှိနေပါသေးတယ်။ သူက ဗဟိုနောက်ခံ လူတစ်ယောက်အဖြစ် ကျနော်တို့ အတွက် အများကြီး ပေးဆပ်နိုင်ပါတယ်။ ကျနော်လည်း သူ့ကို ဒီနေရာမှာ ထားကစားရတာ ကြိုက်ပါတယ်” လို့ ဇာဗီက မနေ့က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ခြေစမ်းပွဲ အပြီးမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ပရိသတ်တွေ ကတော့ လာလီဂါ ထိပ်သီး ကလပ်ဟာ ဒီယောင်ကို အသင်းကနေ မထွက်ထွက်အောင် ဖိအားပေးပြီး ဖန်တီးနေတာလို့ ဝေဖန်လျက် ရှိနေပါတယ်။ ဒီယောင်ကို ပုံမှန် မဟုတ်တဲ့ နေရာမှာ ထားကစားပြီး အသင်းမှာ မပျော်ရွှင်လာအောင်၊ စိတ်ပျက်လာအောင် တမင်သက်သက် လုပ်နေတယ်လို့ စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

ငွေကြေး ပြဿနာတွေ ရှိနေတဲ့ ဘာဆာဟာ ကစားသမားသစ်တွေ ခေါ်ယူထားလို့ လစာငွေ ပေးချေမှု ပမာဏ တိုးမြင့်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် ကစားသမားတွေ ရောင်းချရမှာ ဖြစ်ပြီး ဒီယောင်ကို ပေါင်သန်း ၆၀ နဲ့ ရောင်းချချင်နေတာပါ။ ဟော်လန် ကွင်းလယ်လူကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေပါတယ်။


ကြန့်ကြာနေတဲ့ ကွန်ဒေးရဲ့ အပြောင်းအရွှေ့

လာလီဂါ ကလပ် ဆီဗီလာ နောက်ခံလူ ကွန်ဒေးရဲ့ အပြောင်းအရွှေ့ ကလည်း တော်တော်လေး ကြန့်ကြာနေခဲ့ပါပြီ။ ချယ်လ်ဆီးက အလေးထား ချိတ်ဆက်နေတဲ့ ပြင်သစ် နောက်ခံလူကို ဘာစီလိုနာ ကလည်း အပြိုင် ကမ်းလှမ်းထားပြီး လက်ရှိအချိန်ထိ ကစားသမားရဲ့ အနာဂတ် ကလည်း မရေရာ ဖြစ်နေခဲ့တာပါ။

လာလီဂါ
အိုဆာစူနာ
ဆီဗီလာ FC
1X2 သရေ @ 3.10
ဂိုးအောက် 2.00 @ 2.11
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အစောပိုင်းမှာ ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် သိပ်မကြာခင်မှာဘဲ ဘာစီလိုနာက ကြားဖြတ် ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းတွေ ထပ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန် အထိတော့ ကွန်ဒေး အပြောင်းအရွှေ့ အတွက် သက်ဆိုင်သူ အားလုံးက ကိုယ်စီ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ကစားသမားက ဘယ်အသင်းကို ရွေးချယ်မလဲဆိုတဲ့ အပေါ် မူတည်နေပြီး ငွေကြေးပိုင်းအားဖြင့် ချယ်လ်ဆီးက ပိုမိုတောင့်တင်းပေမယ့် ဘာစီလိုနာ ကလည်း အသင်းကြီး တစ်သင်း ဖြစ်နေတဲ့ အတွက် စွဲဆောင်နိုင်စွမ်း ရှိနေပါတယ်။ မကြာခင်တော့ ကွန်ဒေးရဲ့ အနာဂတ်က အဖြေပေါ်လာမယ်လို့ မျှော်လင့်ရပြီး နူးကမ့်ကို သွားမလား၊ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်မလားဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုကို မခေါ်ဖို့ အက်သလက်တီကို ပရိသတ်တွေ ဆန္ဒပြ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာမယ့် တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ်က ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်လာ အပြီးမှာ အသင်း ပရိသတ်တွေက ဆန့်ကျင် ကန့်ကွက်နေပါတယ်။ လူမှုကွန်ယက်တွေ အပေါ်မှာ အေတီကို ပရိသတ်တွေက ကမ်ပိန်း ပြုလုပ်ကာ မခေါ်ယူဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အေတီကိုရဲ့ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်မှာ ၉ နှစ်ကြာ ကစားခဲ့သူပါ။ သူ့ရဲ့ ကစားသမားဘဝမှာ အေတီကိုကို ဂိုး အများအပြား သွင်းယူခဲ့ပြီး ပရိသတ်တွေကို လေးစားမှု မရှိတဲ့ အောင်ပွဲခံပုံတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ထားရပြီး သူနဲ့ အေတီကို ပရိသတ်တွေကြားမှာ ပြဿနာတွေ အကြီးအကျယ် တက်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အေတီကို ပရိသတ်တွေက မခေါ်ယူဖို့ တောင်းဆိုနေတာ ဖြစ်ပြီး ရှေ့ဆက်တိုးမယ် ဆိုရင် ဒီထက် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ သတိပေးထားပါတယ်။

ရော်နယ်ဒို ကိုယ်တိုင်လည်း ပြောင်းရွှေ့ရမယ့် အသင်း မရှိသလောက် ဖြစ်နေပြီး အခက်တွေ့နေတာပါ။ ယူနိုက်တက်ကို သူ့အတွက် တရားဝင် ကမ်းလှမ်းတဲ့ အသင်း မရှိသေးတာကြောင့် သူ့ရဲ့ အေးဂျင့်က လိုက်လံ ချိတ်ဆက်ပေးနေတာပါ။ မူလကတော့ အေတီကိုက ရော်နယ်ဒိုကို ခေါ်ယူဖို့ အတွက် ဂရစ်ဇ်မန်းကို ရောင်းချဖို့တောင် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်