နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၂၀/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မာဆယ်လိုနဲ့ အဲလ်ဗက်စ် နှစ်ဦးစလုံးကို ခေါ်ချင်နေတဲ့ ဗယ်လာဒိုးလစ် ဥက္ကဌ ရော်နယ်ဒို

ရီးရဲယ်ဗယ်လာဒိုးလစ်ရဲ့ ဥက္ကဌ ဘရာဇီးလ် ဂန္တဝင် ရော်နယ်ဒို နဇာရီယို ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်း အတွက် နာမည်ကျော် ကစားသမား နှစ်ဦးကို ခေါ်ယူ အားဖြည့်ချင်နေတယ်လို့ သိရပါတယ်။ လာလီဂါကို တန်းပြန်တက်ခွင့်ရတဲ့ ဗယ်လာဒိုးလစ်တို့ ရာသီသစ် အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ရော်နယ်ဒို အနေနဲ့ နိုင်ငံတူ ကစားသမားတွေ ဖြစ်တဲ့ မာဆယ်လိုနဲ့ ဒန်နီအဲလ်ဗက်စ် တို့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မာဆယ်လိုနဲ့ရော ဒန်နီ အဲလ်ဗက်စ်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားသူ ဖြစ်ပြီး ကစားသမား နှစ်ဦးစလုံး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ တို့နဲ့ အသီးသီး လမ်းခွဲထားကြသူတွေ ဖြစ်ပါတယ်။ ဒန်နီ အဲလ်ဗက်စ်ဟာ ၃၉ နှစ် အရွယ် ရှိနေပြီ ဖြစ်ပြီး မာဆယ်လို ကလည်း ၃၆ နှစ် ရှိနေပေမယ့် ဗယ်လာဒိုးလစ်တို့ စပိန် လာလီဂါမှာ နောက်ရာသီတွေ ဆက်လက် တည်မြဲနိုင်ဖို့ ဥက္ကဌ ဖြစ်သူ ရော်နယ်ဒိုက ဝါရင့် ခံစစ်မှူးတွေရဲ့ အကူအညီကို မျှော်လင့်နေတာပါ။

တစ်ချိန်က ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူးတွေ ဖြစ်ခဲ့ကြတဲ့ အဲလ်ဗက်စ်နဲ့ မာဆယ်လိုဟာ သက်ဆိုင်ရာ ကလပ် အသင်းတွေနဲ့ အပြင် ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ပါ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့ကြသူတွေ ဖြစ်ပြီး လက်ရှိ အချိန်ထိလည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကစားဖို့ မျှော်လင့်နေကြပါတယ်။ ဒါကြောင့် နှစ်ဦးစလုံး ကစားသမား ဘဝက အနားယူဖို့ မစဉ်းစားသေးပဲ အသင်းသစ် တစ်သင်းနဲ့ ရာသီသစ် စတင်ဖို့ ရည်ရွယ်နေပြီး ရော်နယ်ဒို ရှိရာ ဗယ်လာဒိုးလစ် ဆီ ပြောင်းရွှေ့လာဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။


ကစားသမားဘဝ ကနေ အနားယူတော့မယ့် ဖာဘရီဂတ်စ်

မိုနာကို အသင်းရဲ့ စပိန် နာမည်ကျော် ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ် အနေနဲ့ ဒီလ အကုန်မှာ ကစားသမားဘဝ ကနေ အနားယူဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ် အရွယ် စပိန် လက်ရွေးစင်ဟောင်း ဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ ချဲလ်ဆီး တို့နဲ့ သာမက လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့လည်း ချန်ပီယံလိဂ် ကလွဲလို့ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဂျေလိဂ်
ကာဝါစကီ ဖရန့်တေးလ်
ဂျူဗီလို အီဝါတာ
1X2 ဂျူဗီလို အီဝါတာ @ 6.40
ကာဝါစကီ ဖရန့်တေးလ် ပထမပိုင်း အာရှ ဟန်းဒီးကပ် 0.50 @ 2.05
သရေ 3.00 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

Sky Sport Italia ရဲ့ ဖော်ပြချက်အရ ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ ရာသီက မိုနာကို အသင်း အတွက် ပြိုင်ပွဲစုံ ၅ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့ပြီး ဒဏ်ရာပြသနာတွေကြောင့် အနားယူဖို့ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဖာဘရီဂတ်စ်ဟာ အသက် ၁၆ နှစ်နဲ့ ၁၇၇ ရက်သား အရွယ် ကတည်းက အာဆင်နယ်ရဲ့ ပထမ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ဂန်းနားတွေရဲ့ အသက် အငယ်ဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ အာဆင်နယ် အသင်းနဲ့ ၈ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ကစားသမား ဘဝ စတင်ရာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဇာဗီ၊ အင်နီယေစတာ တို့နဲ့ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ အာဆင်နယ်ရဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ပရီးမီယားလိဂ် ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဖာဘရီဂတ်စ်ဟာ နိုင်ငံ လက်ရွေးစင် အသင်းနဲ့လည်း ဥရောပဖလား ၂ ကြိမ်၊ ကမ္ဘာဖလား ၁ ကြိမ် ကိုင်မြောက်နိုင်ခဲ့ပြီး တစ်ဦးချင်း အကောင်းဆုံးဆုတွေ များစွာလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။


ဘာဆာကို ပြောင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် ရီးရဲယ်ကိုပဲ ရွေးချယ်ခဲ့တယ်လို့ ဆိုလာတဲ့ ရိုဒရီဂို

ရီးရဲယ်မက်ဒရစ် အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ရိုဒရီဂို အနေနဲ့ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့ဘူးတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အသက် ၂၁ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်က ဆန်းတို့စ် ကနေ ရီးရဲယ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အဲ့ဒီ အချိန်တုန်းက နူးကမ့်ပ်ကို သွားလို့ ရခဲ့ပေမယ့် ဘာနေဗျူးကိုပဲ ရွေးချယ်ခဲ့တယ်လို့ ဆိုခဲ့တာပါ။

ရိုဒရီဂိုက “လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဘာစီလိုနာရဲ့ ကမ်းလှမ်းမှု ခံရချိန်မှာ ကျွန်တော့်ရဲ့ အဖေဟာ မယုံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ မင်း ဘယ်လိုထင်လဲ။ မင်း လီယွန်နယ် မက်ဆီနဲ့ တွဲပြီး ကစားရတော့မယ်လေ ဆိုပြီး မေးပါတယ်။ တစ်ရက်လည်း ကျရော ကျွန်တော် ဘောလုံးကွင်း ကနေ အိမ်ကို ပြန်လာတဲ့ အချိန်မှာ အဖေက ကျွန်တော့်မှာ ရှိတဲ့ ရီးရဲယ်မက်ဒရစ် အင်္ကျီနဲ့ ဘာစီလိုနာ အင်္ကျီ ကို ဝတ်ပြီး ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီ အချိန်မှာ ကျွန်တော် ရီးရဲယ်မက်ဒရစ် အင်္ကျီကိုပဲ ရွေးလိုက်ပါတယ်။” လို့ ဆိုပါတယ်။

ရိုဒရီဂိုဟာ ရီးရဲယ်မက်ဒရစ် အသင်း အတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားထားခဲ့ပြီး ၁၈ ဂိုး သွင်းယူထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လာလီဂါမှာ ၄ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ရိုဒရီဂိုဟာ ချန်ပီယံလိဂ် မှာလည်း ၅ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ကျဂိုးတွေက ရီးရဲယ်မက်ဒရစ်တို့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ခွင့်ရဖို့ အထောက်အကူ ပြုခဲ့တယ်လို့ ပြောလို့ ရပါတယ်။ မှတ်မှတ်ရရ မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရိုဒရီဂို အနေနဲ့ မိနစ် ၉၀ နဲ့ ၉၀+၁ တွေမှာ ၂ ဂိုးဆက် သွင်းပြီး ရီးရဲယ်မက်ဒရစ်ရဲ့ ဗိုလ်လုပွဲ တက်ခွင့် အိမ်မက်တွေကို ဆက်လက် အသက်သွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်