နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၁၈/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မာဆယ်လိုဟာ ထာဝရ အကောင်းဆုံး ဘယ်နောက်ခံလူ ဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ ကားလို့စ်

မာဆယ်လိုဟာ ထာဝရ အကောင်းဆုံး ဘယ်နောက်ခံလူ ဖြစ်ကြောင်း ဘရာဇီးလ် ဂန္တဝင် ရော်ဘတ်တို ကားလို့စ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။ အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့ မာဆယ်လိုဟာ ၁၅ နှစ်ကြာ ကစားပေးခဲ့တဲ့ ရီးရဲယ်မက်ဒရစ် အသင်းကနေ အခုလကုန်မှာ ထွက်ခွာမယ့်သူလည်း ဖြစ်ပါတယ်။ မာဆယ်လိုဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ အန်ဆယ်လော့တီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲ ဝန်းကျင်သာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလား ကိုင်မြှောက်နိုင်ခဲ့သလို သူ့ရဲ့ ကစားသမား သက်တမ်း တစ်လျှောက် ဆုဖလား ၂၅ လုံး အထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကေလိဂ်
ဆူဝန် ဘလူးဝင်းစ်
ဆိုးလ်
1X2 ဆူဝန် ဘလူးဝင်းစ် @ 2.93
ဆိုးလ် အာရှ အကျောပေး -0.25 @ 2.19
ဂိုး‌ပေါ်် 2.25 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာဆယ်လို အနေနဲ့ ရော်ဘတ်တို ကားလို့စ် အနားယူသွားခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်က စပြီး ရီးရဲယ်မက်ဒရစ်ရဲ့ ဘယ်နောက်ခံလူ နေရာမှာ အကောင်းဆုံး အစားထိုးနိုင်ခဲ့ပြီး ပွဲပေါင်း ၅၄၀ ကျော် ကစားပေးခဲ့ပါတယ်။

ရော်ဘတ်တို ကားလို့စ်က “မာဆယ်လိုဟာ ကျွန်တော့်ရဲ့ အမြင်အရ ဆိုရင် ထာဝရ အကောင်းဆုံး ဘယ်နောက်ခံလူ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် ကနေ ထွက်ခွာသွားတဲ့ အတွက် စိတ်မကောင်းပါဘူး။ သူ့ရဲ့ ကစားသမားဘဝက မကုန်ဆုံးသေးပါဘူး။ သူအနေနဲ့ နောက်ထပ် ၄ နှစ်၊ ၅ နှစ်လောက် ကောင်းကောင်း ကစားနိုင်ပါသေးတယ်။” လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကားလို့စ်က ငိုမိမှာ ဆိုးတာကြောင့် မာဆယ်လိုရဲ့ နှုတ်ဆက်ပွဲကို မသွားခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ အရာရာ အတွက် ကျေးဇူတင်ပြီး ကံကောင်းပါစေကြောင်းနဲ့ စံပြတစ်ဦး အဖြစ် ဆက်ရှိနေပါစေလို့ ဆုတောင်ပေးခဲ့ပါတယ်။


လုံးဝ ပြောင်းလဲသွားတဲ့ ဟာဇက်ကို မြင်တွေ့ရလိမ့်မယ်လို့ သုံးသပ်လိုက်တဲ့ ရော်ဘတ်တို တီနက်ဇ်

ရီးရဲယ်မက်ဒရစ် အသင်း အနေနဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇက်ကို အရင်နဲ့ လုံးဝ မတူတော့တဲ့ ပုံစံနဲ့ မြင်တွေ့ရလိမ့်မယ်လို့ ဘယ်ဂျီယံ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်ပါတယ်။

မာတီနက်ဇ်က ဟာဇက်ဟာ ကစားသမားဘဝ အကောင်းဆုံး အချိန် အပိုင်းအခြား တစ်ခုကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်ရှိ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အံ့အားသင့်စရာ ကောင်းလောက်အောင် တိုးတက်လာကြောင်း ရီးရဲယ်မက်ဒရစ် ပရိသတ်တွေ အနေနဲ့ လုံးဝ ပြောင်းလဲသွားတဲ့ ဟာဇက် အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ ဆိုခဲ့တာပါ။ ဆက်လက်ပြီး မာတီနက်ဇ် က ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ်မှာ အောင်မြင်မှု ရဖို့ မျှော်လင့်နေတာကြောင့် သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ပြီးတော့ သူဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ချင်နေကြောင်း ပြောကြားခဲ့ပါသေးတယ်။

လက်ရှိ အချိန်မှာတော့ ကစားသမား ဘက်က အသင်း ပြောင်းချင်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားခဲ့သလို လာလီဂါ ထိပ်သီး ဘာစီလိုနာ ကလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။
ဘေယန်မြူးနစ် အသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ရောဘတ်လီဝမ်ဒေါစကီး

အသက် ၃၁ နှစ် အရွယ် အီဒင် ဟာဇက်ဟာ ချဲလ်ဆီး အသင်းမှာ အောင်မြင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၃.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲယ်မက်ဒရစ် မှာတော့ ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၆၆ ပွဲသာ ကစားရသေးသလို ၆ ဂိုးသာ သွင်းထားနိုင်တာကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပါတယ်။


အခုအချိန်မှာ ထွက်ခွာခွင့် ပေးလိုက်တာဟာ အကောင်းဆုံး ဖြေရှင်းမှု ဖြစ်တယ်လို့ ဆိုလိုက်တဲ့ လီဝမ်ဒေါစကီး

ဘေယန်မြူးနစ် အသင်း အနေနဲ့ အခုအချိန်မှာ သူ့ကို ထွက်ခွာခွင့်ပေးလိုက်တာဟာ အကောင်းဆုံး အဖြေ ဖြစ်တယ်လို့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက ပြောကြားလိုက်ပြန်ပါတယ်။ ဆိုလိုတာက ဘေယန်မြူးနစ်ဟာ လက်ရှိအချိန်မှာ သူ့ရဲ့ အပြောင်းအရွှေ့ ကနေ ငွေရဖို့ ရှိပြီး အကယ်၍သာ နောက်ရာသီမှ ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရဖို့ ရှိနေလို့ ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးက “ကျွန်တော်ဟာ အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ် ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါကလည်း အကောင်းဆုံး ဖြေရှင်းမှု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသင်း အနေနဲ့ ကျွန်တော့်ရဲ့ အပြောင်းအရွှေ့ကနေ ငွေရနိုင်တယ်လေ။ ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး လီဝမ်ဒေါစကီးက ဘယ်သူ့ကိုမှ အတင်းအကြပ် တွန်းအားမပေးချင်ကြောင်း၊ အကောင်းဆုံး အဖြေကို ရှာဖို့ အတွက် စိတ်အေးအေးထားဖို့ လိုအပ်ကြောင်း၊ သူ့အနေနဲ့ မီဒီယာက တစ်ဆင့် မဟုတ်ပဲ အေးအေးဆေးဆေးပဲ ဆွေးနွေးလိုကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ အသင်း ပရိသတ်တွေ အနေနဲ့ တစ်နေ့ကျရင် သူ့ကို နားလည်လိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။

အသက် ၃၃ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးဟာ ဘေယန်မြူးနစ် အသင်း အတွက် ၈ ရာသီ အတွင်း ပြိုင်ပွဲစုံ ၃၇၅ ပွဲ ကစားခဲ့ရာမှာ ၃၄၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ တစ်ဦး ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ကစားသမား ဘက်က အသင်း ပြောင်းချင်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားခဲ့သလို လာလီဂါ ထိပ်သီး ဘာစီလိုနာ ကလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ သို့ပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပြီး လီဝမ်ဒေါစကီး အတွက် ဘေယန် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေနိုင်ခြင်း မရှိသေးဘူးလို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်