နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၁၆/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာဆာနဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲခဲ့တဲ့ အဲလ်ဗက်စ်

ဘာစီလိုနာနဲ့ အခုလကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘရာဇီးလ် နောက်ခံလူ ဒန်နီ အဲလ်ဗက်စ်က အသင်းနဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ လာလီဂါ ထိပ်သီး အသင်းမှာ ၂၀၀၈ ကနေ ၂၀၁၆ အထိ ကစားခဲ့ဖူးတဲ့ အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ ဘာစီလိုနာနဲ့ ပြန်လည် ပူးပေါင်းခဲ့ပြီး ၅ လ အကြာမှာပဲ နောက်ထပ် တစ်ကြိမ် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၉ နှစ် အရွယ် အဲလ်ဗက်စ်ဟာ ဇာဗီ လက်ထက် ဘာစီလိုနာ အသင်း အတွက် ၁၄ ပွဲ ဝင်ရောက် ကစားပေးခဲ့ပြီး အဓိက ညာနောက်ခံလူ တစ်ဦးလည်း ဖြစ်ခဲ့သူပါ။

အဲလ်ဗက်စ်က သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေ “အခု ငါတို့ နှုတ်ဆက်ရမယ့် အချိန် ရောက်ပြီ” လို့ ရေးသားပြီး ပရိသတ်တွေကို နှုတ်ဆက် အသိပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး အဲလ်ဗက်စ်က သူ့အနေနဲ့ အသင်း အတွက် ၈ နှစ်ကျော်ကြာ ကစားပေးခဲ့ပြီး မတူညီတဲ့ ဇာတ်လမ်းတွေကို မတူညီတဲ့ နေရာတွေမှာ အချိန် အတော်ကြာအောင် ရေးခဲ့ကြကြောင်း ဘာစီလိုနာဟာ သူ့ရဲ့ ဘဝ တစ်ခုလုံး အတွက် အရာရာ အားလုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသင်း အနေနဲ့ သူ့ကို ထုတ်ပယ်ချင်ပေမယ့် မလုပ်နိုင်ခဲ့ကြောင်း ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့နောက် အဲလ်ဗက်စ်က အသင်းကို ပြန်ခေါ်ခဲ့ပြီး နောက်ထပ် တစ်ကြိမ် နှုတ်ဆက်ခွင့်ပေးခဲ့တဲ့ အသင်းမှာ ရှိတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး သူ့ရဲ့ ရူးသွပ်မှုနဲ့ နေ့စဉ် ပျော်ရွှင်မှုတွေကို  မလွမ်းကြဖို့ အသင်းမှာ ကျန်ရှိနေတဲ့ သူတွေ အနေနဲ့လည်း လှပတဲ့ ကလပ်အသင်းရဲ့ သမိုင်းကို ပြောင်းလဲကြဖို့ မှာကြားသွားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ သူဟာ ဆုဖလား ၂၃ လုံး ကိုင်မြှောက်နိုင်ခဲပြီး  ၃၉ နှစ် ရှိနေပေမယ့် အမိုက်စား ခြင်္သေ့ တစ်ကောင် ဖြစ်နေသေးပြီး ထာဝရ ဘာဆာ လို့ ဆိုခဲ့ပါတယ်။ 

အဲလ်ဗက်စ်ဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာခဲ့ပြီ ဖြစ်ပေမယ့် ကစားသမား ဘဝ ကနေ အနားယူဖို့ အစီအစဉ် မရှိသေးသလို လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား မှာလည်း ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ကစားခွင့်ရဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဲလ်ဗက်စ်ကို ဥရောပ ထိပ်သီး အသင်းကြီး တော်တော်များများက စိတ်ဝင်စားနေကြသေးတယ်လို့ သိရပါတယ်။


မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ FFP စည်းမျည်းတွေ ချိုးဖောက်နေတယ် ဆိုပြီး တိုင်ကြားစာ ပို့လိုက်တဲ့ လာလီဂါ

မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ FFP စည်းမျည်းတွေကို တစ်ချိန်လုံး ချိုးဖောက်နေကြကြောင်း လာလီဂါ ဘောလုံး အဖွဲ့ချုပ်က ယူအီးအက်ဖ်အေထံ တိုင်ကြားစာ ပေးပို့လိုက်ကြောင်း ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။
ကီလီယန် အန်ဘာပေး အပြောင်းအရွှေ့ ပျက်ပြယ်သွားမှုကြောင့် မကျေမနပ် ဖြစ်နေတဲ့ လာလီဂါ

မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ FFP စည်းမျဉ်းတွေကို တစ်ချိန်လုံး ချိုးဖောက်နေကြကြောင်း လာလီဂါ ဘောလုံး အဖွဲ့ချုပ်က ယူအီးအက်ဖ်အေထံ တိုင်ကြားစာ ပေးပို့လိုက်ကြောင်း ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ လာလီဂါ ဘောလုံး အဖွဲချုပ်က အဘူဒါဘီနဲ့ ကာတာ သူဌေးတွေ ကျောထောက် နောက်ခံရှိနေတဲ့ ကလပ် အသင်းကြီး နှစ်သင်းဟာ ဘောလုံး ကနေ ရတဲ့ ငွေကြေးနဲ့ မဟုတ်ပဲ ဈေးကွက်ကို တစ်ဖက်လှည့်နဲ့ ဖောင်းပွအောင် လုပ်နေတာကြောင့် ယူအီးအက်ဖ် အနေနဲ့ စစ်ဆေးပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ တိုက်စစ်မှူး ကီလီယန် အန်ဘာပေးကို ၃ နှစ် စာချုပ် အတွက် ယူရို သန်း ၆၀၀ နီးပါး လုပ်ခလစာ ပေးချေမှု အပြင် အာလင်းဟာလန်း အတွက် မန်စီးတီးတို့ ပေါင်သန်း ၆၀ လောက် သုံးစွဲခဲ့တာတွေကို အထောက်အထားပြပြီး တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို တိုင်ကြားစာ လက်ခံရရှိပြီးနောက် ယူအီးအက်ဖ်အေက ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီး တို့ရဲ့ ဝင်ငွေ ထွက်ငွေတွေကို စစ်ဆေးသွားမှာ ဖြစ်သလို သူတို့ ချမှတ်ထားတဲ့ FFP ဘဏ္ဏာရေး စည်းမျဉ်းကို ချိုးဖောက်မှု ရှိမရှိ ဆိုတာကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒီလို တိုင်ကြားခဲ့တဲ့ အတွက် မကြာခင်မှာ ဥရောပဘောလုံး ကမ္ဘာမှာ ပြည်တွင်းစစ် ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ တချို့ကတော့ ဒီပြသနာဟာ ကီလီယန် အမ်ဘာပေးကို မခေါ်ယူနိုင်ခြင်းက စတင်တယ်လို့ ဆိုနေကြပါတယ်။ ရီးရဲယ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကလည်း အမ်ဘာပေးဟာ သူ့ကို လိမ်ညာသွားခဲ့ခြင်း မဟုတ်ပဲ ရီးရဲယ်မက်ဒရစ်မှာ ကစားဖို့ဟာ သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ကြောင်း ဒါပေမယ့်လည်း ၁၅ ရက် အတွင်းမှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး နိုင်ငံရေးနဲ့ စီးပွားရေး အရ ဖိအားပေးမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်သစ် သမ္မတဟာ အမ်ဘာပေးကို အသင်း မပြောင်းဖို့ တိုက်တွန်းခဲ့တယ် ဆိုတာ ရိုးရှင်းတဲ့ ကိစ္စ မဟုတ်သလို အဲ့နောက်ပိုင်းမှာ ကစားသမားဟာ ကာတာကို သွားခဲ့ပြီး မက်လုံးပေး ကမ်းလှမ်းမှုတွေ ရှိလာခဲ့တဲ့ အခါမှာတော့ ပြောင်းလဲသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေးကို ခေါ်ယူဖို့ လက်လျှော့ဦးမှာ မဟုတ်ပဲ အမြဲတမ်း တံခါးဖွင့်ထားတယ်လို့လည်း ပီရက်ဇ်က ထပ်လောင်း‌ ပြောကြားသွားခဲ့ပါတယ်။

ဂျေလိဂ်
ဆန်ဖရက်ကီ ဟီရိုရှီးမား
ဆီရီဇို အိုဆာကာ
1X2 ဆန်ဖရက်ကီ ဟီရိုရှီးမား @ 2.10
ဂိုးပေါ် 2.25 @ 2.05
ဂိုးပေါင်း 2-3 @ 1.84
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲယ်မက်ဒရစ်မှာ ကစားဖို့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပြီလို့ ဆိုတဲ့ မီလီတာအို

ဘရာဇီးလ် လက်ရွေးစင် ဗဟိုခံစစ်မှူး အီဒါ မီလီတာအိုက နောက်ဆုံးမှာတော့ သူဟာ ရီးရဲယ်မက်ဒရစ် အသင်းမှာ ကစားဖို့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ မီလီတာအိုဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက ပေါ်တို ကနေ ပေါင် သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လာလီဂါကို ရောက်ရောက်ချင်း နှစ်ရာသီ ဆက်တိုက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို စုစုပေါင်း ၂၃ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာဂျီယို ရာမို့စ်နဲ့ ရာဖာရယ် ဗာရန်းတို့ ထွက်ခွာသွားချိန်မှာတော့ ရီးရဲယ်မက်ဒရစ် အတွက် အရေးပါတဲ့ ခံစစ်မှူး တစ်ဦး ဖြစ်လာပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်လျောက်လုံး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ နည်းပြ ကားလို့စ် အန်ဆယ်လော့တီ လက်အောက်မှာ ပြိုင်ပွဲစုံ ပွဲ ၅၀ ပွဲထွက် ကစားခွင့်ရခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေလည်း ရရှိထားခဲ့ပါတယ်။ မီလီတာအိုရဲ့ ပြီးခဲ့တဲ့ ရာသီက ဘောလုံး ကြားဖြတ်ရယူမှု ၅၂ ကြိမ်၊ လုယူမှု ၂၀၄ ကြိမ်၊ ပိတ်ဆို့ တားဆီးမှု အကြိမ် ၂၀၊ ရှင်းထုတ်မှု ၁၀၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကျန်ခံစစ်မှူး ၆၃ ဦးထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် မီလီတာအိုက ချန်ပီယံလိဂ် ဖလား ၄ ကြိမ်ရတဲ့ ပထမဦးဆုံး နည်းပြ အဖြစ် စံချိန်တင်ခဲ့သူ ကားလို့စ် အန်ဆယ်လော့တီ ကိုလည်း အကောင်းဆုံး နည်းပြ တစ်ဦး ဖြစ်တယ်လို့ ချီးကျုးခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ အသင်းကို အများကြီး အထောက်အကူ ပြုခဲ့သလို ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လေးစားသူ ဖြစ်ကြောင်း နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေး ကွင်းမှာ စကားတွေ အများကြီး ပြောသလို ဟာသညဏ်လည်း ရွှင်သူ ဖြစ်တယ်လို့ မီလီတာအို က ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်