နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကန်တေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဂုန်းဆင်းကြီး၊ ကွန်ဟာနဲ့ သဘောတူညီမှု ရခဲ့တဲ့ ဝုဗ် (လာလီဂါ အပြောင်းအရွှေ့ သတင်းများ)

ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းမှာ ရရှိထားတဲ့ လာလီဂါ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့…


ကန်တေကို ခေါ်ယူနိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ၆ လသာ ကျန်ရှိနေပေမယ့် အခုချိန်ထိ စာချုပ်သစ် မချုပ်ဆိုရသေးသူ ဖြစ်ပါတယ်။

ဒါကြောင့် ဇန်နဝါရီမှာ သူက နှစ်သက်ရာ အသင်းနဲ့ အကြိုသဘောတူညီမှု ရယူနိုင်မှာ ဖြစ်ပြီး လာမယ့် ရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဘာဆာ နည်းပြ ဇာဗီ ကလည်း ကန်တေကို ခေါ်ယူချင်နေပြီး ငွေကြေး မကုန်ကျဘဲ ကစားသမားကောင်း တစ်ဦးကို ရရှိမယ့် အရေးက လာလီဂါ ဂုန်းဆင်း အသင်းကြီး အတွက်လည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ 

ဒါပေမယ့် ကန်တေဟာ တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရပြီး ကမ္ဘာ့ဖလား ကိုလည်း လွဲချော်ခဲ့ရပါတယ်။ လက်ရှိမှာ သူက ဒဏ်ရာခွဲစိတ်ပြီးပြီ ဖြစ်သလို အဘူဒါဘီမှာ လေ့ကျင့်နေတဲ့ ချဲလ်ဆီးနဲ့လည်း သွားရောက် ပူးပေါင်းခဲ့ကာ ပြန်လည် ကစားပေးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ 


တီကို တိုက်စစ်မှူးကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ ဝုဗ်

လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူး မားသီးယက်စ် ကွန်ဟာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ၀ု ဗ်အသင်းက သဘောတူညီမှု ရရှိခဲ့ပါပြီ။ နှုတ်အားဖြင့် ကနဦး သဘောတူညီခဲ့တာ ဖြစ်ပြီး အေတီကိုမှာ ပုံမှန်နေရာ ပျောက်ဆုံးနေတဲ့ ဘရာဇီးလ်သားကို ယူရို သန်း ၄၀ ကနေ ၅၀ အတွင်း ပေးချေရမှာ ဖြစ်ပါတယ်။

ကနဦး အငှားနဲ့ အရင် ခေါ်ယူမှာ ဖြစ်ပြီး အပြိးသတ် ခေါ်ယူချိန် မှာတော့ လက်ကျန် ငွေပမာဏကို ပေးချေမယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် ရက်ပိုင်း အတွင်း ဆေးစစ်မှု ခံယူပြီး လက်မှတ် ရေးထိုးမယ်လို့ သိရပါတယ်။ ဘရာဇီးလ်နဲ့ အတူ ကမ္ဘာ့ဖလားကို လိုက်ပါခွင့် ဆုံးရှုံးခဲ့တဲ့ ကွန်ဟာ ကလည်း အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး နည်းပြသစ် လိုပက်တက်ဂီ လက်အောက်မှာ ကစားရမှာ ဖြစ်ပါတယ်။

၀ုဗ် ကတော့ မနေ့က ကစားခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ အသင်းငယ်လေး ဂီလင်ဟမ်ကို ၂-၀နဲ့ အနိုင်ရပြီး လိုပက်တက်ဂီ ဝုဗ်နဲ့ ပွဲဦးထွက်က မျက်နှာပန်းလှခဲ့ပါတယ်။ ၀ုဗ်ဟာ တန်းမဆင်း ရဖို့ အတွက် ကစားသမားကောင်းတွေ တောက်လျောက် ခေါ်ယူ အားဖြည့်လျက် ရှိပြီး ဆီဗီလာနဲ့ အောင်မြင်ခဲ့တဲ့ လိုပက်တက်ဂီကို နည်းပြ အဖြစ်ပါ ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။


ကစားသမား ၄ ဦးကို သက်တမ်းတိုးပြီး ဒီယောင်ကို ကြိုးပမ်းသွားဖွယ် ရှိနေပြန်တဲ့ ယူနိုက်တက်

တစ်ဖက် မှာလည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်နေပါသေးတယ်။
ကစားသမား ၄ ဦးကို ၁ နှစ်စီ စာချုပ်သက်တမ်းတိုးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ ကစားသမား ၄ ဦးကို စာချုပ်ပါ အချက်အလက် အတိုင်း ၁ နှစ်စီ သက်တမ်း တိုးလိုက်ပါတယ်။ တစ်ဖက် မှာလည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်နေပါသေးတယ်။

ဒီကစားသမားတွေ ကတော့ ရက်ရှ်ဖိုဒ့်၊ လုပ်ခ်ရှော၊ ဖရက်ဒ်နဲ့ ဒါလော့တ်တို့ ဖြစ်ပါတယ်။ အားလုံးက ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်ပါ အချက်ကို အသက်သွင်းခဲ့တာကြောင့် လာမယ့်နှစ် ရာသီအကုန်ထိ ယူနိုက်တက် မှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ရာသီအကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမယ့် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကိုတော့ ဆွေးနွေး ညှိနှ်ိုင်းမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒက်ဟဲယားက ယူနိုက်တက်မှာ တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်း ၅ ထောင် ရရှိနေပြီး ကမ္ဘာမှာ လုပ်ခလစာ အများဆုံး ရတဲ့ ဂိုးသမားလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီဂီယာကို ကာလတိုသာ စာချုပ် သက်တမ်း တိုးမြှင့်ချင်နေတာ ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူညီမှု မရရင် ပြည်ပကလပ်တွေနဲ့ အကြိုစာချုပ်ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒက်ဟဲယားက မကြာခင်ကမှ ယူနိုက်တက် အတွက် ပွဲပေါင်း ၅၀၀ ပြည့်တဲ့ ၁၁ ဦးမြောက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်