နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ခြေစွမ်းပြပြီး ဂရန်နာဒါကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ရီးရဲယ်မက်ဒရစ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဂရန်နာဒါ ၁ – ၄ ရီးရဲယ်မက်ဒရစ်

လာလီဂါ ပွဲစဉ် ၁၄ အဖြစ် ဂရန်နာဒါနဲ့ ရီးရဲယ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ဧည့်သည် ရီးရဲယ်မက်ဒရစ် အသင်းက တိုက်စစ် ခြေစွမ်းပြပြီး ၁-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ လာလီဂါ ၃ ပွဲဆက် အနိုင် ရရှိမှုနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ဂရန်နာဒါ ဟာလည်း တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ရီးရဲယ်မက်ဒရစ်တို့ ဂရန်နာဒါနဲ့ ထိပ်တိုက်တွေ့ဆုံချိန်တိုင်း အသာစီးရခဲ့တဲ့ အစဉ်အလာကောင်း တစ်ခုကို ထိန်းထားနိုင်ဖို့ အတွက် ဆယ်ဘာလော့စ်၊ ဟာဇက်၊ ဗယ်ဗာဒီ၊ ဘေးလ် တို့က လွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂရန်နာဒါ ဘက်မှာလည်း လူးဝစ် ဆွာရက်ဇ်၊ မွန်ချူး၊ ဂွန်နယ်လွန်စ်၊ ဆန်းချက်ဇ်၊ ဒီးရာ့ဇ်၊ ရိုချီနာ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပြီး ဧည့်သည် ရီးရဲယ်မက်ဒရစ် ဆီကနေ အနိမ့်ဆုံး သရေ တစ်မှတ် ခွဲယူနိုင်ဖို့ အားစိုက်လာတာ တွေ့ရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ပဲရစ် စိန့် ဂျာမိန်း
1X2 ပဲရစ် စိန့် ဂျာမိန်း @ 4.60
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.00 @ 2.09
ဂိုးပေါ် 3.25 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါ့ပေမယ့် အသင်းကြီးနဲ့ အသင်းငယ် ခြေစွမ်း ကွာဟချက် တော်တော်လေး ကြီးမားခဲ့ပြီး တိုနီခရူးစ်၊ ကတ်ဆီမီယို၊ မိုဒရစ်တို့ ရှိနေတဲ့ ရီးရဲယ် ကွင်းလယ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ပွဲအစ ၁၉ မိနစ် မှာထဲက ဂရန်နာဒါတို့ ဧည့်သည် အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးလိုက် ရပါတယ်။ ဒီဂိုး ကိုတော့ မားကို့စ် အဆန်စီရို က သွင်းယူပေးခဲ့တာ ဖြစ်ပြီး နောက်ထပ် ၆ မိနစ် အကြာ မှာတော့ တိုနီခရူးစ်ရဲ့ ပံ့ပိုးပေးမှု ကနေပဲ နာချို ဖာနန်ဒက်စ်က ဒုတိယ ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြန်ပါတယ်။ အဲ့နောက် ပွဲကစားချိန် ၃၄ မိနစ် မှာတော့ ဂွန်နာလွန်စ်ရဲ့ ပေးပို့မှု ကနေ လူးဝစ် ဆွာရက်ဇ်က ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီး ၁-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း ၅၆ မိနစ် မှာတော့ ရီးရဲယ်မက်ဒရစ်တို့ တတိယဂိုး ရရှိသွားခဲ့ပြီး လူကာမိုဒရစ်ရဲ့ ပေးပို့မှု ကနေ ဗင်နီးစီးယပ်စ် ဂျူနီယာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ မွန်ချူးနဲ့ ရောဘတ် မိုရီနိုတို့ နှစ်ယောက်ဆက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာက ဂရန်နာဒါတို့ ဂိုးပြတ် အရေးနိမ့်ဖို့ အဓိက အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။ ကစားသမား နှစ်ယောက် အသာရသွားချိန်မှာ ရီးရဲယ်မက်ဒရစ်တို့ ပိုပြီး စိတ်ကြိုက် ကစားခွင့်ရလာခဲ့သလို ဂရန်နာဒါ ကတော့ ခံစစ်ကိုပဲ အဓိက အားပြု ကစားနေခဲ့ ရပါတယ်။ ပွဲချိန် ၇၆ မိနစ် မှာတော့ ရီးရဲယ်မက်ဒရစ်ရဲ့ စတုတ္ထမြောက် အနိုင်ဂိုးကို ဖာလန်းမန်ဒီက သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၁-၄ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အထွေအထူး သုံးသပ်စရာ မလိုအပ်ခဲ့တဲ့ပွဲ ဖြစ်ပြီး ရီးရဲယ်မက်ဒရစ် တစ်သင်းလုံး ပုံစံကောင်း ရခဲ့တယ်လို့ပဲ မြင်ပါတယ်။ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ဖို့ ရမှတ် လိုအပ်နေချိန်မှာ အခွင့်အရေး ကောင်းကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂရန်နာဒါ ကတော့ ပွဲအစ ကတည်းက ပြိုင်ဘက်နဲ့ ခြေစွမ်း ကွာဟချက် ကြီးမားခဲ့တဲ့ အပြင် နှစ်ယောက်လျော့ အနေအထားမှာ လုံးဝ နလံမထူနိုင်ခဲ့လို့ ရီးရဲယ်မက်ဒရစ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ လာလီဂါ ၁၂ ပွဲဆက် ရှုံးနိမ့်သွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဂရန်နာဒါတို့ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဘီလ်ဘာအိုနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပြီး ရီးရဲယ်မက်ဒရစ် ကတော့ နိုဝင်ဘာလ၂၅ ရက်နေ့မှာ ရှရစ်ဖ် တီရက်စ်ပေါနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်