အောက်တိုဘာ ၁၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အဲလ်ကလက်စီကိုပွဲ အတွက် ခံစစ်ပိုင်း ပြဿနာ ရှိလာနိုင်တဲ့ ရီးရဲလ်မက်ဒရစ်
ရှက်တာဒိုးနတ်စ်နဲ့ ပွဲမှာ အန်တိုနီယို ရူဒီဂါ ဒဏ်ရာရခဲ့တာကြောင့် ရီးရဲယ်မက်ဒရစ် အသင်း ကတော့ ဘာစီလိုနာနဲ့ ကစားရမယ့် အဲလ်ကလက်စီကို ပွဲစဉ်မှာ ခံစစ်ပိုင်းက ရုန်းကန်ရဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ အဓိက နောက်ခံလူ တစ်ဦး ဖြစ်တဲ့ မီလီတောင်က ဒဏ်ရာရသွားခဲ့လို့ ဘာကာနဲ့ ပွဲကို ကစားနိုင်ဖို့ မသေချာချိန်မှာ ရူဒီဂါရဲ့ ဒဏ်ရာ ပြဿနာ ထပ်မံ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ရူဒီဂါ အနေနဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ရဦးမှာ ဖြစ်ပြီး တကယ်လို့ ပါဝင်ကစားနိုင်ရင်တောင်မှ မျက်နှာဖုံးတပ်ပြီး ကစားရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဓာတ်ပုံ မှတ်တမ်းတွေ အရတော့ ရူဒီဂါရဲ့ ညာဘက် မျက်လုံးကို ပတ်တီးနဲ့ အုပ်ပေးထားရလို့ သူ ကစားနိုင်ဖို့လည်း မသေမချာ ဖြစ်နေပြီး ရီးရဲလ် ဗဟိုခံစစ်မှာ ဒဏ်ရာ ပြသနာတွေရှိနေပြီး အလာဘာနဲ့ အခြား တစ်ယောက်ကို တွဲဖက်ပေးရဖွယ် ရှိနေပါတယ်။
ဒီနှစ် လာလီဂါမှာ ခြေစွမ်းပြနေတဲ့ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် အချိန်မှာမှ အခုလို ဖြစ်ခဲ့တာတွေက ရီးရဲလ် အတွက် စိတ်ပျက်စရာပါပဲ။ အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်း ကလည်း ရာသီအစကလို မဟုတ်ဘဲ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာနေပြီး အားထားရတဲ့ နောက်ခံလူတွေကို အသုံးပြုခွင့်ရဖို့ မသေချာမှုက ဇာဗီ အတွက်တော့ အခွင့်အရေး ကောင်းတခုလို ဖြစ်နေပါတယ်။ ဘာဆာက ဒီရာသီမှာ လာလီဂါ ပေးဂိုး ၁ ဂိုး တည်း ရှိထားပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်း အားနည်းလာတာ ကလည်း စိုးရိမ်စရာ ကောင်းနေပါတယ်။
ဘာစီလိုနာက ချန်ပီယံလိဂ်နဲ့ မတန်ဘူးလို့ ညည်းတွားနေတဲ့ ဇာဗီ
ဘာစီလိုနာ နည်းပြ ဇာဗီက အင်တာမီလန်နဲ့ ၃ ဂိုးစီ သရေကျပြီးနောက် ချန်ပီယံလိဂ် ပြိင်ပွဲ ရလဒ်တွေနဲ့ ပတ်သတ်လို့ ဒေါသထွက် ပေါက်ကွဲနေပြီး ချန်ပီယံလိဂ်မှာ ကစားဖို့ မထိုက်တန်ဘူးလို့ ပြောဆို လိုက်ပါတယ်။ အဲ့ဒီပွဲမှာ ဘာစီလိုနာက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ အဲ့နောက် ပွဲပြီး နာကျင် အချိန်ပို ရောက်မှသာ လီဝမ်ဒေါစကီး ဂိုးသွင်းခဲ့လို့ ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ကာ ရှုံးပွဲကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာဆာဟာ အဲ့ဒီပွဲ ရလဒ်ကြောင့် မနှစ်ကလို ယူရိုပါလိဂ် ဆင်းကစားရဖို့ နီးစပ်နေခဲ့ပြီလို့လည်း ပြောလို့ ရပါတယ်။
ဇာဗီက “အင်တာမီလန်ကို အနိုင်မရခဲ့တဲ့ အတွက် ဒီပြိုင်ပွဲမှာ ဆက်ပြီး ရှိမနေသင့်တော့ပါဘူး။ ပြီးခဲ့တဲ့ ရာသီက ကျနော်တို့ ချန်ပီယံလိဂ်မှာ ပြိုင်ဆိုင်နိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ ဒီရာသီ မှာတော့ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်”
“ဒီတစ်ကြိမ် ကတော့ ကျနော် တို့ရဲ့ အမှားတွေကြောင့်ပဲ ဖြစ်ပါတယ်။ အလွန် စိတ်ပျက်ပြီး ဒေါသထွက်မိပါတယ်။ ကိုယ့်ကို ကိုယ်ဝေဖန်ရပါမယ်။ ကျနော်တို့ ချန်ပီယံလိဂ်မှာ ကစားဖို့ မထိုက်တန်ပါဘူး။ ဒါက နာကျင်စေပေမယ့် အမှန်တရားပါ” လို့ ပြောခဲ့ပါတယ်။
ချန်ပီယံလိဂ်ရဲ့ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ လီဝမ်ဒေါစကီး
အင်တာမီလန်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဘာစီလိုနာ အတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးခဲ့တဲ့ ရောဘတ် လီဝမ်ဒေါစကီးဟာ ချန်ပီယံလိဂ် သမိုင်းမှာ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီပွဲကိုသာ ဘာဆာတို့ အရေးနိမ့်ခဲ့မယ်ဆိုရင် ယူရိုပါလိဂ်ကို သေချာပေါက် ဆင်းကန်ရတော့မှာ ဖြစ်ပြီး လီဝမ်ဒေါစကီးရဲ့ ခေါင်းတိုက် ချေပဂိုးတွေ ပြန်ရခဲ့လို့သာ မျှော်လင့်ချက် ခပ်ရေးရေး ကျန်နေခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ပိုလန် တိုက်စစ်မှူးက ၂ ဂိုး အထိ သွင်းယူခဲ့ပြီး ချန်ပီယံလိဂ် သွင်းဂိုး ၉၀ အထိ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အထက်မှာ သွင်းဂိုး ၁၄၀ နဲ့ ရော်နယ်ဒို၊ သွင်းဂိုး ၁၂၇ ဂိုးနဲ့ မက်ဆီ တို့သာ ရှိတော့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် လီဝမ်ဒေါစကီးဟာ ဘာစီလိုနာ အတွက် ဆက်တိုက် ခြေစွမ်းပြနေပြီး လာလီဂါ မှာရော၊ ချန်ပီယံလိဂ် မှာပါ အရေးပါတဲ့ ဂိုးတွေ ရယူပေးနေခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာ ကတော့ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၄ မှတ်သာ ရရှိထားလို့ နောက်တစ်ဆင့် အတွက်တော့ တော်တော်လေး အခက်ကြုံနေရပြီ ဖြစ်ပါတယ်။ လာမယ့် ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ အနိုင်ရဖို့ လိုအပ်နေသလို တဖက်က ပွဲမှာလည်း အင်တာမီလန်တို့ ရလဒ်မကောင်းဖို့ မျှော်လင့်ရဦးမှာလည်း ဖြစ်ပတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.