နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – ညနေခင်း သတင်းများ (၃/၁၁/၂၀၂၂)

နိုဝင်ဘာ ၃ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူရိုပါလိဂ်မှာ ဘာဆာက ရေပန်းအစားဆုံးလို့ ကြွားလုံး ထုတ်လာပြန်တဲ့ ဇာဗီ

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က လက်ရှိ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ အုပ်စု အဆင့် ကနေ မကျော်နိုင်ခဲ့ဘဲ ယူရိုပါလိဂ် ကိုသာ ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဇာဗီက “ယူရိုပါလိဂ်မှာ ဆက်ရှိနေခွင့်ရတာ ကလည်း ကောင်းပါတယ်”

“ကျနော်တို့ရဲ့ ရည်ရွယ်ချက် ကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရောက်ပြီး ချန်ပီယံဖြစ်ဖို့ပါ။ လူတွေက ကျနော်တို့ကို ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ သတ်မှတ်ထားတာကို နားလည်ပါတယ်။ ကျနော်တို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ကြိုးစားသွားမှာပါ”

“ဒါပေမယ့် ဒီပြိုင်ပွဲက ရှုပ်ထွေးတယ် ဆိုတာကို မနှစ်က ကျနော်တို့ မြင်ခဲ့ပြီးပါပြီ။ အခု ဒီနှစ်မှာလည်း ယူရိုပါလိဂ်ကို ရောက်လာတဲ့ အသင်းတွေနဲ့ ကြည့်လိုက်ရင် ခက်ခဲ ကြမ်းတမ်းတဲ့ ပြိုင်ပွဲ ဖြစ်လာဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


ဘာစီလိုနာမှာ ရှိခဲ့တာက ကစားသမားဘဝရဲ့ အဆိုးရွားဆုံး အမှတ်တရပဲလို့ အီဘရာဟီမိုဗစ် ဖွင့်ဟ

အီဘရာဟီမိုဗစ်ဟာ (၂၀၀၉) ခုနှစ်မှာ လာလီဂါ ကလပ် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပေမယ့် တစ်နှစ် အကြာမှာပဲ အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဘာစီလိုနာ အသင်းမှာ တစ်ရာသီသာ ကစားခဲ့တဲ့ အီဗရာဟီမိုဗစ်

အေစီမီလန်နဲ့ ဆွီဒင် ဂန္တဝင် ကစားသမားကြီး ဇလာတန် အီဘရာဟီမိုဗစ်က ဘာစီလိုနာမှာ ကစားခဲ့တာက သူ့ရဲ့ ကစားသမားဘဝ အတွက် အဆိုးရွားဆုံး အမှတ်တရပဲလို့ ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ (၂၀၀၉) ခုနှစ်မှာ လာလီဂါ ကလပ် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပေမယ့် တစ်နှစ် အကြာမှာပဲ အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
အဆိုပါ ဆွီဒင် ဂန္တဝင်ဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ (၄၆) ပွဲမှာ (၂၂) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်က “ကျနော့် အတွက် အဆိုးရွားဆုံး အမှတ်တရလား။ ဘာစီလိုနာမှာ ဖြစ်မယ်လို့ ထင်ပါတယ်”

“ဘောလုံးနဲ့ ပတ်သက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက စဥ်းစားစရာတွေ အများကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်ခဲ့ပြီး ကျနော် ကိုယ်တိုင်လည်း မတူကွဲပြားတာတွေ လုပ်ခဲ့မိပါတယ်”

“မလုပ်ခင်မှာ ကျနော် နှစ်ခါလောက် စဥ်းစားခဲ့ပေမယ့် စိတ်ပျက်ခဲ့ရပြီး ကျနော့်ရဲ့ ကိုယ်ပိုင်ဟန်က ဘာစီလိုနာမှာ ပျောက်ဆုံးခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းက စလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေနိုင်ခဲ့ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


အက်သလက်တီကိုက ယူရိုပါလိဂ် ရောက်ဖို့တောင် မထိုက်တန်ခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ ဂရစ်ဇ်မန်း

ဘန်ဒက် လီဂါ
ဝါဒါ ဘရီမင်
‌ရှော်ကေး
1X2 သရေ (Draw) @ 4.10
ပထမပိုင်း ဂိုးအောက် 1.00 @ 2.42
ဂိုးပေါင်း 2-3 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး အန်တွမ် ဂရစ်ဇ်မန်းက အသင်း အနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ဖို့ မပြောနဲ့၊ ယူရိုပါလိဂ်ကို ရောက်ဖို့တောင် မထိုက်တန်ခဲ့ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။

အက်သလက်တီကိုဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ပေါ်တိုကို သရေကစားနိုင်ရုံနဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်သွားခဲ့တာကြောင့် အုပ်စု နောက်ဆုံး နေရာသာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆီမြွန်နီရဲ့ အသင်းဟာ ဒီပွဲ မတိုင်ခင် ကာဒစ်ဇ်နဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရှုံးနိမ့်ထားခဲ့ပြီး ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အနာဂတ်က လှုပ်ခတ်နေပြီး ဂရစ်ဇ်မန်း ကလည်း “ကျနော် တို့က ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို ရောက်ဖို့ မထိုက်တန်သလို ယူရိုပါလိဂ်ကို ပြောင်းကစားဖို့လည်း မထိုက်တန်ခဲ့ပါဘူး”

“ကျနော်တို့ တစ်ပွဲလောက် နိုင်ရုံနဲ့ ဒီအရာတွေ ဖြစ်နိုင်ပေမယ့် မလုပ်ပြနိုင်ခဲ့ပါဘူး။ အခုချိန်မှာတော့ ကျနော် တို့ရဲ့ ပါးစပ်တွေကို ပိတ်ပြီး တိုက်ပွဲဝင်ရတော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်