အောက်တိုဘာ ၁၀ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အယ်လ်ကလက်စီကို ပွဲကို မီလီတောင် လွဲချော်ဖွယ် ရှိနေ
ဂီတာဖေးကို အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံလူ မီလီတောင်ဟာ ဘာစီလိုနာနဲ့ ကစားရမယ့် အယ်လ်ကလက်စီကိုပွဲကို လွဲချော်ဖွယ် ရှိနေပါတယ်။ ဘရာဇီးလ် နောက်ခံလူဟာ အသင်းအတွက် ခြေစွမ်းပြ ကစားနေချိန်မှာ ဒဏ်ရာ ပြသနာနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပြီး အန်ဆယ်လော့တီ ကတော့ သူ့ဆီမှာ ခံစစ်မှူး ကောင်းတွေ ရှိနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ အီဒါ မီလီတောင်က ကြွက်သား ပြသနာ ရှိနေတယ်၊ ရှက်တာဒိုးနတ်စ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ ဘယ်သူတွေ ကစားမလဲ ဆိုတာတော့ ကျနော် မသိသေးဘူး၊ ပြီးတော့ အယ်လ်ကလက်စီကို ပွဲမှာလည်း ဘယ်သူပဲ ဝင်ကစားပါစေ၊ သူတို့က ခံစစ်မှူးကောင်းတွေပါ” လို့ ပြောဆိုခဲ့ပါတယ်။
မီလီတောင် မပါဝင်နိုင်ရင်တော့ ဗဟိုခံစစ်မှာ အလာဘာနဲ့ ရူဒီဂါ တို့ကို အန်ဆယ်လော့တီက တွဲဖက်ပေးဖွယ် ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်တော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိသေးတဲ့ အသင်း ဖြစ်နေပြီး ချန်ပီယံလိဂ်မှာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ရှက်တာဒိုးနတ်ကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ အုပ်စုတွင်းမှာ ရှုံးပွဲ မရှိသေးပေမယ့် နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ သေချာအောင် အနိုင်ကစားရမှာ ဖြစ်ပြီး အယ်လ်ကလက်စီကို ပွဲလည်း ရှိနေတာကြောင့် ကစားသမား အပြောင်းအလဲတွေ လုပ်လာနိုင်ပါတယ်။
လာလီဂါမှာ အကောင်းဆုံး ပုံစံပြနေတဲ့ ဘာစီလိုနာ
ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ ပီဒရီရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရအပြီး ဘာစီလိုနာ ကတော့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘာကာ အတွက် လာလီဂါမှာ ၇ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ လိဂ်ခြေစွမ်းက အထင်ကြီးစရာ ကောင်းလောက်အောင်ကို မြင့်မားနေကာ လာလီဂါ ချန်ပီယံဆု အတွက် စိန်ခေါ်နေပြီလည်း ဖြစ်ပါတယ်။
ဒီရာသီ လာလီဂါမှာ သူတို့က ဂိုးပေါင်း ၂၀ အထိ သွင်းယူထားပြီး ပေးဂိုး ကတည်း ၁ ဂိုးတည်းသာ ရှိထားလို့ ဇာဗီရဲ့ အသင်းက တိုက်စစ်နဲ့ ခံစစ် အကောင်းဆုံး ပုံစံ ဖြစ်နေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ သူတို့ ရုန်းကန်နေရပြီး အုပ်စု ကနေ တက်နိုင်ဖို့ ဆိုရင် လာမယ့် အင်တာမီလန်နဲ့ ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
လာလီဂါ မှာတော့ သူတို့က ပုံမှန်အနေအထားကို ရောက်သွားပြီလို့ ပြောနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ကောင်းကောင်း ခြိမ်းခြောက်နေပြီးတော့ တကောင်တည်း ပြေးတဲ့ မြင်းလုပ်လို့ မရတော့ဘူး ဆိုတာ ကိုပါ သတိပေးလိုက်တာပါပဲ။ ပြီးခဲ့တဲ့ ရာသီမှာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာတွေကို အချိန်တို အတွင်းမှာပဲ ဇာဗီ ကုစားနိုင်ခဲ့တာ ကလည်း ချီးကျူး အသိအမှတ်ပြုဖို့ ကောင်းပါတယ်။
Gay လို့ ပြောပြီး မီဒီယာတွေကို ပြန်အရွဲ့တိုက်ခဲ့တဲ့ ကာဆီးလက်စ်
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဂန္ထဝင် ဂိုးသမားကြီး အီကာ ကာဆီးလက်စ် ကတော့ သူ့ကို စပိန် မင်းသမီး တစ်ယောက်နဲ့ တွဲခုတ်နေတယ်လို့ မီဒီယာတွေက ဖော်ပြနေမှုတွေကို ပြန်ပြီး အရွဲ့တိုက်တဲ့ အနေနဲ့ သူ့ကိုယ်သူ gay ဖြစ်တယ်လို့ တွစ်တာမှာ ရေးသား ပြောဆိုခဲ့ပါတယ်။
ဒီလိုမျိုး သူ ရေးသားခဲ့လို့ ပရိသတ်တွေ အားလုံးပဲ အံ့အားသင့်ခဲ့ရပြီး ကာဆီးလက်စ် အကောင့် အဟက်ခံရတာလား လို့လည်း တွေးမိခဲ့ကြပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကာဆီးလက်စ်ရဲ့ အသင်းဖော်ဟောင်းကြီး ကားလက်စ် ပူယိုးလ် ကလည်း “ အီကာရေ၊ ငါတို့ ဇာတ်လမ်းကို ချပြသင့်ပြီ” လို့ ထပ်ရေးခဲ့လို့ ပရိသတ်တွေ ဟာခနဲ၊ ဟင်ခနဲ ထပ်ဖြစ်ရပြီး သူတို့ နှစ်ယောက် တွဲခုတ်နေတာလား၊ ဘာလား ဆိုပြီး သို့လော သို့လော ထပ်ဖြစ်ခဲ့ရပြီး မနေ့ညက လူမှုကွန်ယက်ပေါ်မှာ တော်တော်လေးကို လှုပ်ခတ်သွားခဲ့ပါတယ်။
သိပ်မကြာခင် မှာတော့ နှစ်ယောက်စလုံးက သူတို့ ရေးသားထားတာတွေကို ပြန်လည် ဖျက်သွားခဲ့ပြီး အကြောင်းရင်း မှန်ထွက်လာခဲ့ပါတယ်။ ကာဆီးလက်စ်က သူ့ရဲ့ ဇနီးသည်နဲ့ လမ်းခွဲပြီးနောက်မှာ အမျိုးသမီး တစ်ဦးပြီး တစ်ဦးနဲ့ သူ့ကို သမုတ်နေတာကြောင့် အဆုံးသတ်မှာ အရွဲ့တိုက်ပြီး သူက Gay လို့ ပြောဆိုကာ တုံ့ပြန်ခဲ့တာသာ ဖြစ်တယ်လို့ သိခဲ့ရပြီး ပရိသတ်တွေလည်း အဲဒီတော့မှ သက်ပြင်းချနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.