နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း မကုန်ခင် လမ်းခွဲဖွယ် ရှိနေတဲ့ အလွန်ဆို | လာလီဂါ

စပိန် လူမျိုး နည်းပြ ဇာဘီ အလွန်ဆို ကတော့ လာမယ့်နှစ် နွေရာသီမှာ လေဗာကူဆင်နဲ့ လမ်းခွဲဖွယ် ရှိနေကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။ ဒီလို သတင်းတွေ ထွက်နေတဲ့ ဇာဘီ အလွန်ဆို အနေနဲ့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်စီးတီး အသင်းတွေနဲ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

လက်ရှိမှာ အသက် ၄၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇာဘီ အလွန်ဆိုက လေဗာကူဆင်ကို ၂၀၂၂ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံး ရာသီမှာ ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန် ပိုကယ်ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ထိုပြင် အလွန်ဆိုက ယူရိုပါလိဂ် မှာလည်း ဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အတ္တလန္တာ ကိုတော့ မထင်မှတ်ပဲ ရှုံးပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ အလွန်ဆိုရဲ့ အသင်းက ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိ မှတ်တမ်း ရရှိအောင် စွမ်းဆောင်ထားခဲ့ပြီး ဒီအချက်ကလည်း သူ့ကို အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ရှိအောင် တွန်းပို့ပေးခဲ့တာ ဖြစ်ပါတယ်။

အလွန်ဆို ကတော့ ကစားသမား ဘဝက လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲ အထိ ကစားပေးခဲ့သူ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲ အထိ ကစားပေးခဲ့တဲ့ အလွန်ဆို

အလွန်ဆို ကိုတော့ ချန်ပီယံ ဆုဖလားတွေ မရရှိခင်ကတည်းက ဥရောပ ထိပ်တန်း ကလပ် အသင်းပေါင်း များစွာက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဘဝတုန်းက လက်တွဲခဲ့ဖူးတဲ့ လစ်ဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့လို အသင်းတွေက အပြိုင်အဆိုင် ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အလွန်ဆိုက အဲဒီ အခွင့်အရေးတွေကို ငြင်းဆန် ပယ်ချခဲ့ပြီး လေဗာကူဆင် မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလွန်ဆိုနဲ့ လေဗာကူဆင် တို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅/၂၀၂၆ ခုနှစ် ရာသီကုန် အထိ ဖြစ်ပေမယ့်လည်း လာမယ့်နှစ် နွေရာသီ မှာတော့ လမ်းခွဲဖွယ် ရှိနေကြောင်း Sky Germany က ဖော်ပြလာခဲ့ပါတယ်။

မန်စီးတီး ကတော့ နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာရဲ့ အနာဂတ်က အသင်းမှာ မသေမချာ ဖြစ်နေတာကြောင့် အလွန်ဆိုကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ မန်စီးတီးနဲ့ ဂွါဒီယိုလာရဲ့ စာချုပ်မှာ အခုရာသီအကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဂွါဒီယိုလာ ကလည်း သူရဲ့ အနာဂတ်ကို မသေမချာ ပြောကြားထားပါတယ်။ ဒါ့အပြင် အလွန်ဆိုဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အနာဂတ် နည်းပြ အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိ နည်းပြ ဖြစ်တဲ့ ကာလို အန်ဆယ်လော့တီနဲ့ ၂၀၂၅-၂၆ ဘောလုံး ရာသီအကုန်ထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီးတော့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ အလွန်ဆိုနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားနေပါတယ်။ အလွန်ဆို ကတော့ ကစားသမား ဘဝက လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲ အထိ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီ လက်အောက် ၂၀၁၄ ခုနှစ်က ချန်ပီယံလိဂ် ဖလားလည်း ရရှိထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်