နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ကျွန်တော်တို့တွေ ပြန်လာနိုင်ဦးမှာ သေချာပါတယ်” – ကာဗာဟယ် | လာလီဂါ

ဒန်နီ ကာဗာဟယ် ကတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အတွက် နောက်ဆုံး ပွဲစဉ် ကစားပေးခဲ့ပြီး ဖြစ်ပေမယ့်လည်း လာမယ့် ရာသီမှာ အသင်းက ပိုမိုတိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

စနေနေ့က ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးထဲမှာ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်ပွဲ အပြီး မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ မကြာခင်မှာ ထိပ်ဆုံး နေရာကို ပြန်လည် ရောက်ရှိလာလိမ့်မယ်လို့ ကာဗာဟယ်က ယုံကြည်နေပါတယ်။ ကာဗာဟယ်ဟာ ဒေးဗစ် အလာဘာ၊ နည်းပြ အဲလ်ဗာရို အာဘီလိုအာ တို့နဲ့ အတူ မက်ဒရစ်ကို နှုတ်ဆက်စကား ဆိုခဲ့ကြတာ ဖြစ်ပြီး၊ လာလီဂါ ရာသီရဲ့ နောက်ဆုံး ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၄-၂ ရလဒ်နဲ့ အနိုင်ယူပြီး ပွဲသိမ်းနိုင်ခဲ့တာကြောင့် ဘာစီလိုနာရဲ့ အနောက် ၈ မှတ် အကွာနဲ့ ရာသီသိမ်းခဲ့ပါတယ်။

အသင်း အတွက် ၄၅၁ ပွဲမြောက် ကစားပေးခဲ့တဲ့ ကာဗာဟယ်ဟာ ဂွန်ဇာလို ဂါစီယာ အဖွင့်ဂိုး သွင်းယူနိုင်ဖို့ ဖန်တီးပေးခဲ့ပြီး၊ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ကီလီယန် အမ်ဘာပေးနဲ့ ဘရာဟင်မ် ဒီးယက်ဇ် တို့ကလည်း ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။ ဘီလ်ဘာအို အတွက် ချေပဂိုးတွေ ကိုတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်း အချိန်ပိုတွေမှာ ဂေါ်ကာ ဂူရူဇီတာနဲ့ အာကို အီဇီတာ တို့က သွင်းယူခဲ့ကြတာကြောင့်၊ နည်းပြ အာနက်စတို ဗယ်ဗာဒီရဲ့ နောက်ဆုံး ပွဲစဉ် မှာတော့ အနိုင်နဲ့ မနှုတ်ဆက်နိုင်ခဲ့ပါဘူး။

မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ကာလို အန်ဆယ်လော့တီ လက်ထက်မှာ ပြည်တွင်း ဖလားတွေနဲ့ လွဲချော်ခဲ့သလို၊ အခုလည်း ဇာဘီ အလွန်ဆိုရော၊ အဲလ်ဗာရို အာဘီလိုအာပါ ဆုဖလား အကြပ်အတည်းကို မကယ်တင်နိုင်ခဲ့တာကြောင့် နောက်ထပ် ဖလားလက်မဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ကာဗာဟယ် ကတော့ မက်ဒရစ်ဟာ အရင်ကလို အောင်မြင်မှုတွေကို ပြန်လည် ရှာဖွေပြီး ဆုဖလားတွေ အတွက် ပြန်လည် စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်မှု အပြည့် ရှိနေပါတယ်။

အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါ ရာသီပိတ် နိုင်ပွဲ အတွက် အဓိကကျခဲ့ပါတယ်။
ရာသီပိတ်ပွဲမှာ ဘီလ်ဘာအိုကို အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

“ဒီလို ကြီးကျယ်ခမ်းနားတဲ့ နှုတ်ဆက်ပွဲမျိုးမှာ စကားပြောရတာ ကျွန်တော့် အတွက် မလွယ်ကူပါဘူး၊ အရမ်းလည်း စိတ်လှုပ်ရှားနေရလို့ပါ။ ပထမဆုံး အနေနဲ့ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး ဒွန် ဖလောရန်တီနိုကို ကျေးဇူးတင်ချင်ပါတယ်။ သူက ကျွန်တော့်ကို ဂျာမနီ ကနေ ပြန်ခေါ်ပေးခဲ့တဲ့သူ ဖြစ်ပြီး ကျွန်တော်တို့ အတူတူ ချန်ပီယံလိဂ် ဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် ရင်ထဲမှာ အမှတ်ရဆုံး တစ်ခုကို ထုတ်ပြရမယ် ဆိုရင်တော့၊ ကျွန်တော် ဒူးဒဏ်ရာရပြီး ၂၄ နာရီတောင် မပြည့်သေးတဲ့ အချိန်မှာ ကျွန်တော့်စာချုပ်ကို သက်တမ်းတိုးပေးဖို့ သူ ဘယ်လိုမှ မတွန့်ဆုတ်ခဲ့တာပါပဲ။”

“ပြီးတော့ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီက ကျွန်တော်တို့ အတွက် မလွယ်ကူခဲ့ပေမယ့် ကျွန်တော်တို့တွေ ပြန်လာနိုင်ဦးမှာ သေချာပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်ပါ၊ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းက သက်သေပြနေသလိုပဲ ကျွန်တော်တို့ ပြန်ထရပါမယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ရွှေရောင်နေ့ရက်တွေ ကိုလည်း မေ့ပစ်လို့မရပါဘူး။ ငါးနှစ် အတွင်း ချန်ပီယံလိဂ် ဖလား ၄ လုံး၊ အဲ့ဒီ ၁၀ လုံး မြောက်ဖလား၊ သုံးနှစ် ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တာ၊ ရော်နယ်ဒို၊ ရာမို့စ်၊ အန်ဆလော့တီ၊ ဇီဒန်း၊ ဒီအသင်းတံဆိပ်အောက်မှာ ဖြတ်သန်းသွားခဲ့တဲ့ မရေတွက်နိုင်တဲ့ အမည်နာမတွေ၊ သူတို့က ကျွန်တော်တို့ကို ကြီးကျယ်ခမ်းနားစေခဲ့ပြီး ထိပ်ဆုံးကို ပို့ဆောင်ပေးခဲ့တာပါ။” လို့ ကာဗာဟယ်က ဆိုပါတယ်။

အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါ ရာသီပိတ် နိုင်ပွဲ အတွက် အဓိကကျခဲ့ပါတယ်။ အခုသွင်းဂိုးကြောင့် သူဟာ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ သွင်းဂိုး ၄၃ ဂိုး၊ ဂိုးဖန်တီးမှု ၆ ကြိမ်နဲ့ စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု ၄၉ ကြိမ် အထိ ရှိလာခဲ့ကာ၊ သူ့ရဲ့ ပထမဆုံးရာသီက စံချိန်ထက် ၁ ဂိုး ပိုများလာခဲ့ပါတယ်။

နည်းပြ အာဘီလိုအာ အသင်းက မထွက်ခွာခင်မှာ အမ်ဘာပေးနဲ့ အဆင်မပြေဖြစ်နေတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့်၊ အမ်ဘာပေဟာ ဂိုးသွင်းပြီးနောက် ကွင်းဘေး စည်းအပြင်မှာ ရှိတဲ့ အာဘီလိုအာဆီ သွားရောက်ပြီး အတူတူ အောင်ပွဲခံခဲ့ပါတယ်။ အာဘီလိုအာဟာ ပွဲပြီး ပြုလုပ်မယ့် သူ့ရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပြီး၊ သတင်းတွေရဲ့ ဖော်ပြချက်အရ နည်းပြ ဟိုဆေး မော်ရင်ညိုဟာ သူ့ရဲ့ အသင်းဟောင်းဆီကို အံ့အားသင့်ဖွယ် ပြန်လည် ရောက်ရှိလာတော့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်