နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာမှာ အံ့အားသင့်အောင် အလုပ်နိုင်ဆုံး အသင်းဖော်ကို ဖွင့်ဟခဲ့တဲ့ ဂွန်ဒိုအန် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၇ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာမှာ အံ့အားသင့်အောင် အလုပ်နိုင်ဆုံး အသင်းဖော်ကို ဖွင့်ဟခဲ့တဲ့ ဂွန်ဒိုအန် 

ဘာစီလိုနာ ကစားသမားသစ် အိုင်ကေး ဂွန်ဒိုအန်က ပီဒရီ၊ ဖရန်ကီ ဒီဂျောင်တို့နဲ့ အတူ ဇာဗီရဲ့ အသင်း အတွက် ကစားပေးဖို့ ဘယ်လောက် အထိ စောင့်မျှော်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။ ဂျာမနီ လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ လက်ရှိမှာ သူ့ရဲ့ လာလီဂါ အသင်းသစ် အတွက် ပွဲဦးထွက် ပါဝင် ကစားပေးခဲ့ပါတယ်။ မန်စီးတီး ကြယ်ပွင့်ဟောင်းက ဘာစီလိုနာမှာ ၎င်းကို ဘယ်ကစားသမားတွေက အံ့အားသင့်အောင် အလုပ်နိုင်ဆုံးလဲလို့ မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

သူတို့တွေ ထဲက အများစုကို ကစားတာတွေ ကြည့်ပြီးရော ရင်ဆိုင်ကစားပြီးရော သိထားခဲ့ပြီးသားပါ။ ကျွန်တော် တွဲကစားချင်တဲ့ ကစားသမားလည်း ရှိပြီး အဲဒါက ပီဒရီပါ။ သူက အရမ်းကောင်းတဲ့ အရည်အချင်း ရှိတယ်လို့ ထင်ပြီး သူက အရမ်း ငယ်ရွယ်သေးတယ်။ တစ်ချိန်တည်းမှာပဲ အရမ်းကောင်းမွန်တယ်။ သူ့မှာ အလားအလာတွေ အများကြီး ရှိပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော်တို့ တူညီတဲ့ နေရာတွေမှာ ကစားနေပြီး တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်နဲ့ ပွဲတွေ အများကြီး ကစားသွားရမှာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ ကြိုးပမ်းသွားရမှာပါ။

ဖရန်ကီ ဒီဂျောင်နဲ့လည်း အလားတူပါပဲ။ ကွင်းလယ် ကစားသမား တစ်ယောက် အနေနဲ့ ဘောလုံးပေးပို့ရမယ့် ကစားသမား၊ ရောစပ်မှု၊ ယှဉ်ပြိုင်မှုနဲ့ လုပ်ဆောင်မှုတွေကို ပေါင်းစပ် ဖန်တီးပြီး ခင်ဗျား ဒီလို ကစားသမားမျိုးတွေ ကွင်းထဲမှာ ခင်ဗျားနားမှာ ရှိနေတာကို အသိအမှတ်ပြု ကျေးဇူးတင်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ 


ယူရိုသန်း ၃၀၀ ကမ်းလှမ်းခံရချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ခဲ့တဲ့ အမ်ဘာပေး 

ကီလီယန် အမ်ဘာပေးရဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့မယ့် ကိစ္စဟာ အယ်လ်ဟီလာလ် အသင်းက ယူရိုသန်း ၃၀၀ နဲ့ ပီအက်စ်ဂျီကို ကမ်းလှမ်းခဲ့ပြီးနောက် ပိုမို ရှုပ်ထွေးလာခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းက ပြင်သစ် တိုက်စစ်မှူး အတွက် ဆော်ဒီကလပ် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့်လည်း အမ်ဘာပေးဟာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးတာကြောင့် ဥရောပ အပြင်ဘက်ကို ထွက်ကစားချင်စိတ် မရှိဘဲ အခုအချိန်ထိတော့ ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ ကြယ်ပွင့် အတွက် ပြောင်းရွှေ့နိုင်ခြေ အများဆုံး နေရာ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလား 2023
နော်ဝေး
ဖိလစ်ပိုင်
1X2 သရေ (Draw) @ 6.80
ဂိုးပေါ် 2.75 @ 1.76
ဂိုးပေါင်း 4-6 @ 2.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အယ်လ်ဟီလာလ် အသင်းဟာ အမ်ဘာပေးကို လုပ်ခလစာလည်း တစ်လကို ပေါင်သန်း ၅၀ အထိ ပေးချေသွားမှာ ဖြစ်ပေမယ့်လည်း ပြင်သစ် တိုက်စစ်မှူး ကတော့ များများစားစား တွေးနေပုံ မရဘဲ ESPN FC နဲ့ စကားပြောဆိုရာမှာ သတင်းထောက် ဂျူလီယန် လောရန်က အမ်ဘာပေးသာ ပီအက်စ်ဂျီကို စွန့်ခွာခဲ့မယ် ဆိုရင် ပြောင်းမယ့် အသင်းက ရီးရဲလ်မက်ဒရစ် တစ်သင်းပဲ ရှိတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဒါက ရီးရဲလ်မက်ဒရစ် အတွက် သတင်းကောင်းပဲ ဆိုတာ သံသယ ဖြစ်စရာ မရှိဘဲ အမ်ဘာပေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အခြားဥရောပ ကလပ် အသင်းတွေရဲ့ ရှေ့မှာ ဦးဆောင်နေဆဲ ဆိုတာ ပိုမို သေချာသွားခဲ့တာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကို ပေါင်သန်း ၁၀၀ ကျော်နဲ့ ခေါ်မယ့် ချဲလ်ဆီး 

ချဲလ်ဆီး ဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် ဖက်ဒရစ်ကို ဗယ်လ်ဗာဒီကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီး အသင်းဟာ ယခုနွေရာသီမှာ အန်ဂိုလို ကန်တေ၊ မတ်တီအို ကိုဗာချစ်၊ မေဆန် မောင့်၊ လော့ဖ်တပ်စ်-ချိခ် တို့ကို ထွက်ခွာခွင့်ပြုခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် ကွင်းလယ် ကစားသမားသစ် ၂ ဦးလောက် အထိ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

Defensa Central ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ထိပ်တန်း ပစ်မှတ် အဖြစ် ဗယ်လ်ဗာဒီကို သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ပိုချက်တီနိုဟာ ဥရုဂွေး ကွင်းလယ် ကြယ်ပွင့်ရဲ့ နေရာစုံ ကစားနိုင်စွမ်းနဲ့ အားကစားသမားပီသမှု တို့ကို အလွန် နှစ်သက် သဘောကျသူ ဖြစ်ပါတယ်။ 

ချဲလ်ဆီးဟာ လာမယ့် နွေရာသီမှာ ပေါင် ၁၁၃ သန်းအထိ တိုးမြှင့်ပေးဖို့ ကတိစကားနဲ့ အတူ ယခုနွေရာသီမှာ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ၎င်းတို့ရဲ့ အစီအစဉ်ထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်း အဖြစ် သတ်မှတ်ထားတဲ့ ကြယ်ပွင့် ကစားသမားကို ထွက်ခွာခွင့်ပြုသွားချင်တဲ့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။ ညာသန် ကွင်းလယ် တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ တိုက်စစ်ပိုင်းအရ အကောင်းဆုံး ရာသီကို ပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်