နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းဟောင်း မန်စီးတီးကို ပြန်ဖို့ သဘောတူညီမှု ရသွားတဲ့ ဂွန်ဒိုအန် | လာလီဂါ

ဂျာမနီ ဝါရင့် ကွင်းလယ်လူ အိုင်ကေး ဂွန်ဒိုအန် ကတော့ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ကပဲ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဒီကစားသမားက လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာခွင့်လည်း တောင်းခံခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာစီးတီး ကနေ ဘာစီလိုနာ အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ မန်စီးတီး အသင်းခေါင်းဆောင်ဟောင်းက ဒီနွေမှာတော့ ဘာစီလိုနာ ကနေ မန်စီးတီးဆီကို အလွတ်နဲ့ပဲ ပြန်လည် ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရရှိသွားတာလည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ဂျာမန် ကွင်းလယ်လူဟောင်း ဂွန်ဒိုအန်ဟာ သူ့အသင်းဟောင်းနဲ့ တစ်နှစ် သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုသွားမှာပါ။

နိုင်ငံလက်ရွေးစင် အသင်း ကနေ အနားယူခဲ့ခြင်းနဲ့ ပတ်သတ်လို့တော့ ဂွန်ဒိုအန်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ရက်သတ္တပတ် အနည်းငယ် အကြာ စဉ်းစား သုံးသပ်ပြီးတဲ့ နောက်မှာ ကျွန်တော့်ရဲ့ လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချမယ့် အချိန် ရောက်လာခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ မိခင် နိုင်ငံ အတွက် ၈၂ ပွဲ ကစားခွင့်ရခဲ့တာဟာ ကြီးကျယ် ခမ်းနားတဲ့ ဂုဏ်ယူစရာ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ၂၀၁၁ ခုနှစ်မှာ စီနီယာ လက်ရွေးစင် အသင်းမှာ ပွဲဦးထွက်ခဲ့ချိန်က အိပ်မက်တောင် မမက်ခဲ့ပါဘူး။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ယူရို ပြိုင်ပွဲမှာ နိုင်ငံအသင်း အတွက် နောက်ထပ် ဂုဏ်ယူစရာ ကိစ္စကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ကစားခွင့်ရခဲ့လို့ ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ တစ်ဆင့် ဂွန်ဒိုအန်က ပြောကြားသွားခဲ့ပါတယ်။

ဂျာမနီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီးတော့ ဂွန်ဒိုအန် ကလည်း ဂျာမနီ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဂွန်ဒိုအန်ဟာ ၂၀၁၁ ခုနှစ်မှာ ဂျာမနီ လက်ရွေးစင် အသင်း အတွက် စတင် ပွဲဦးထွက် ပါဝင်ကစားခဲ့ပြီး နိုင်ငံတကာ ပွဲစဉ် ၈၂ ပွဲ ကစားကာ ၁၉ ဂိုး သွင်းပေးခဲ့ပါတယ်။ လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွန်ဒိုအန်က ၂၀၁၁ ခုနှစ် အောက်တိုဘာလ ဘယ်လ်ဂျီယံနဲ့ ပွဲမှာ လက်ရွေးစင် ကစားသမား အဖြစ် ပွဲဦးထွက် ပါဝင်ခဲ့ပြီးတော့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ နောက်ကျော ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

ဂျာမနီ ဘောလုံးအဖွဲ့ချုပ် (DFB) ကလည်း ဂွန်ဒိုအန် လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူသွားတဲ့ အတွက် စိတ်မကောင်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတော့ အရာရာတိုင်း အတွက် ကျေးဇူးတင်ကြောင်းလည်း ရေးသား ဖော်ပြခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဂွန်ဒိုအန်ဟာ လက်ရှိ လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာမှာ တစ်ရာသီကြာ ကစားပြီးနောက် ထွက်ခွာခွင့်လည်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

သူ့ အနေနဲ့ လာလီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း နှစ်နှစ်နီးပါး ကျန်ရှိနေသေးပေမယ့်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှု ရှိလာခဲ့ရင်တော့ အသင်း ကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဂွန်ဒိုအန်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီးတော့ သူ့ကိုတော့ အသင်းဟောင်း မန်ချက်စတာစီးတီး အပါအဝင် အင်္ဂလန်၊ စပိန်၊ တူရကီ၊ ဆော်ဒီအာရေဗျ စတဲ့ နိုင်ငံတွေရဲ့ ထိပ်သီး ကလပ်များစွာက ခေါ်ယူချင်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဂွန်ဒိုအန်က အသင်းဟောင်းဆီသာ ပြန်လည် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်