နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို မက်ဆီ ပြန်ပြောင်းလိမ့်မယ်လို့ ယုံကြည်နေတဲ့ အာဂျင်တီးနား ကြယ်ပွင့်ဟောင်း၊ ဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူရတော့မယ့် မိုဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာစီလိုနာကို မက်ဆီ ပြန်ပြောင်းလိမ့်မယ်လို့ ယုံကြည်နေတဲ့ အာဂျင်တီးနား ကြယ်ပွင့်ဟောင်း၊ ဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူရတော့မယ့် မိုဒရစ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၉ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာကို မက်ဆီ ပြန်ပြောင်းလိမ့်မယ်လို့ ယုံကြည်နေတဲ့ အာဂျင်တီးနား ကြယ်ပွင့်ဟောင်း

အာဂျင်တီးနား ကွင်းလယ် ကစားသမားဟောင်း နက်စတာ ဂိုရိုဆီတိုက လီယွန်နယ် မက်ဆီကို ဘာစီလိုနာ အသင်းဆီ ပြန်လာစေချင်တဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အနာဂတ် မရေမရာ ဖြစ်နေပြီး အာဂျင်တီးနား တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ အလွတ်နဲ့ ထွက်ခွာနိုင်တယ်လို့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူးဟာ ပီအက်စ်ဂျီကို စွန့်ခွာမယ် ဆိုရင် ရွေးချယ်စရာ အများအပြား ရှိနေမှာ ဖြစ်ပြီး ဆော်ဒီ အာရေဗျက ကလပ် အသင်းတွေနဲ့ မေဂျာလိဂ်က ကလပ် အသင်းတွေက မက်ဆီကို ခေါ်ယူချင်နေကြတာ ဖြစ်ပါတယ်။

ဘယ်လွန်ဒေါ ၇ ဆုရှင်ဟာ ဥရောပမှာ ဆက်လက် ကစားချင်တဲ့ ဆန္ဒရှိနေတာကြောင့် လာလီဂါ ကလပ်ဟောင်းကို ပြန်လည် ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ချေ အများဆုံး အဖြစ် ရှိနေပါတယ်။ ဘာစီလိုနာ အသင်း ကလည်း ကြယ်ပွင့် ကစားသမားကို ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို ဘာစီလိုနာ အသင်းဆီ ပြန်လာတာ မြင်ချင်ပါတယ်။ မက်ဆီက ဘာစီလိုနာပဲ။ ကျွန်တော် သူ စက်ဘီးစီးနေတာကို မြင်ခဲ့တဲ့ အချိန်တုန်းက သူက ဘာစီလိုနာပဲ။ သူ့ကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ဘာစီလိုနာကို ပြန်စေချင်ပါတယ်။ ကျွန်တော့်သား ၂ ယောက်ကို သူ ဘာဆာမှာ ဘောလုံး ကစားရင် ကြည့်လို့ ရအောင် ခေါ်သွားပေးမယ်လို့ ကတိပေးခဲ့ပြီးပါပြီ။ ဘုရားသခင် အလိုတော် အတိုင်းပါပဲ” လို့ ပြောကြားခဲ့ပါတယ်။


ဂိုးပေါက် ပြန်တွေ့ခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အယ်လ်နာဆာ အတွက် မနေ့ကပွဲမှာ အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ၄-၀ နဲ့ နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးနေပြီး ရော်နယ်ဒိုလည်း ဂိုးပေါက် ပျောက်နေခဲ့တဲ့ အယ်လ်နာဆာတို့ အယ်ရိဒ်နဲ့ အတွေ့မှာ ၄ ဂိုးပြတ်နဲ့ နိုင်ပွဲ ပြန်ယူနိုင်ခဲ့ပြီး အယ်လ် အီတီဟတ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အယ်လ်နာဆာက ၂၅ ပွဲ ကစားပြီး အယ်လ်အီတီဟတ်ထက် တပွဲ ပိုကစားကာ ၃ မှတ် လျော့နည်းနေပါတယ်။ အမှတ်ပေးဖလား အတွက် သူတို့ နှစ်သင်းကြား အပြိုင်အဆိုင် ဖြစ်နေပြီး အယ်လ်အီတီဟတ်က ပြီးခဲ့တဲ့ ပွဲမှာ ကစားသမား တစ်ယောက် အထုတ်ခံခဲ့ရပေမယ့်လည်း ပြိုင်ဘက်ကို အနိုင်ကစားနိုင်ခဲ့ပြီး အယ်လ်နာဆာကို အမှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ အယ်လ်နာဆာ အတွက် ၁၄ ပွဲ ကစားထားပြီးချိန်မှာ ၁၂ ဂိုး သွင်းပေးထားပြီး ဖြစ်ပါတယ်။ အယ်လ်နာဆာ အတွက် လက်ကျန် ဖလား မျှော်လင့်ချက် ကတော့ အမှတ်ပေးဖလား တစ်လုံးတည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒို အတွက်လည်း ဆော်ဒီကို စရောက်တဲ့ ပထမဆုံးနှစ်မှာ ဆုဖလားနဲ့ အောင်ပွဲခံဖို့ အတွက် တခုတည်းသော အခွင့်အရေးလည်း ဖြစ်ကာ သူ လုပ်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


ဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူရတော့မယ့် မိုဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ်ဟာ ဘယ်ဘက်ပေါင် ဒဏ်ရာကြောင့် ၂ ပတ်ခန့် အနားယူရတော့မယ်လို့ သိရပါတယ်။
မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေတဲ့ မိုဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ်ဟာ ဘယ်ဘက်ပေါင် ဒဏ်ရာကြောင့် ၂ ပတ်ခန့် အနားယူရတော့မယ်လို့ သိရပါတယ်။ ဒါဟာ မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ အတွက် စိုးရိမ်စရာ ကောင်းလာခဲ့ပြီး ရီးရဲလ်ဟာ အတွေ့အကြုံရှိ ဝါရင့်ကွင်းလယ်လူ တဦးကို လက်လွှတ်ခံရမယ့် အနေအထား ဖြစ်လာပါတယ်။

မိုဒရစ်သာ မကစားနိုင်ရင် တိုနီ ခရူးစ်နဲ့ ဆယ်ဘာလော့စ် အတွဲအဖက်ကို မြင်တွေ့ရဖွယ် ရှိနေပြီး ဒါဟာ ဂွာဒီယိုလာရဲ့ ကွင်းလယ်ပိုင်းကို ယှဉ်ပြိုင်နိုင်ပါ့မလား စိုးရိမ်စရာ ဖြစ်နေပါတယ်။ ရီးရဲလ် ကတော့ ကစားသမားရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ကို မျှော်လင့်နေပြီး နောက်ဆုံး အချိန်ထိ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကစားနိုင်ဖို့ ကတော့ အခွင့်အရေး နည်းပါးနေပြီး မန်စီးတီး အတွက် သတင်းကောင်း တစ်ခုလို့ ဆိုရပါမယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် တုန်းကလည်း တွေ့ဆုံဖူးပြီး အကြိတ်အနယ် ပွဲကြီးပွဲကောင်း ဖြစ်ခဲ့ကာ ပွဲချိန် နောက်ဆုံး မိနစ် အထိ စိတ်လှုပ်ရှားခဲ့ရတဲ့ ပွဲဖြစ်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်