နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ချေ ရှိနေကြောင်း ပြောလာတဲ့ ဖလစ်ခ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က သူတို့ အသင်းဟာ ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ချေ ရှိတယ် ဆိုပြီး ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ရာနှုန်းပြည့် နိုင်ပွဲတွေ ရရှိနေပြီးတော့ စံချိန် မှတ်တမ်းကောင်းတွေလည်း ရရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာက ဒီရာသီမှာ လာလီဂါ ပွဲစဉ် ၅ ပွဲ ကစားထားပြီးတော့ ၅ ပွဲစလုံး အနိုင်ရကာ တိုက်စစ် ကလည်း ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ် က ဝါရင့် ကစားသမားတွေနဲ့ လာမာဆီယာ အကယ်ဒမီထွက် ထုတ်ကုန်တွေကို ပေါင်းစပ်ကာ အသုံးပြုနေပြီး ဟန်ချက်ညီတဲ့ အသင်း တစ်သင်း အဖြစ် တည်ဆောက်နေတာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ ဟန်ဆီ ဖလစ်ခ် လက်ထက် မှာတော့ အရင်နှစ်တွေနဲ့ မတူပဲ တိုက်စစ် အသားပေး ကစားဟန် ကိုမှ ဖျော်ဖြေမှု ရသ အပြည့်ပေးတဲ့ ပုံစံနဲ့ ကစားပြနေတာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ ဟန်ဆီ ဖလစ်ခ် လက်ထက် မှာတော့ အရင်နှစ်တွေနဲ့ မတူပဲ တိုက်စစ် အသားပေး ကစားဟန် ကိုမှ ဖျော်ဖြေမှု ရသ အပြည့်ပေးတဲ့ ပုံစံနဲ့ ကစားပြနေတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် အဖြစ် မိုနာကိုနဲ့ ကစားရမယ့် ဘာစီလိုနာ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ကိုင်တွယ်စဉ်က ဥရောပရော၊ ပြည်တွင်း ဆုဖလားတွေ သိမ်းကြုံး ရယူနိုင်ခဲ့တဲ့ ဖလစ်ခ် အနေနဲ့ အခုအခါ မှာတော့ ဘာစီလိုနာ ကိုပါ အောင်မြင်မှုတွေ ရယူပေးဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ လက်ရှိ ရာသီ လာလီဂါမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းက အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ် ဖြစ်နေခဲ့ပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာက အနီးကပ် ခြိမ်းခြောက်နေနိုင်ပြီလည်း ဖြစ်ပါတယ်။ ဘာစီလိုနာက ဒီ ည မှာတော့ လီဂူးဝမ်း ကလပ် မိုနာကိုနဲ့ ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၁ ကို စတင် ယှဉ်ပြိုင် ကစားသွားရဖို့ ရှိနေပါတယ်။ ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ မှာတော့ နည်းပြ ဟန်ဆီ ဖလစ်ခ်က “ကျွန်တော်တို့ အသင်းက ချန်ပီယံလိဂ် ဖလား ရယူနိုင်ပါတယ်။ ဘာစီလိုနာလို ကလပ် အသင်းကြီး တစ်သင်းက ဆုဖလားတိုင်းကို ရယူချင်သလို ချန်ပီယံလိဂ် ပြိုင်ပွဲ ဆိုတာ ကလည်း ကမ္ဘာပေါ်က အကောင်းဆုံးသော ပြိုင်ပွဲ တစ်ခုပါပဲ။ ကျွန်တော် တို့လည်း ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင် ယှဉ်ပြိုင်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။”လို့ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ် သမိုင်း တစ်လျှောက် ချန်ပီယံ ၅ ကြိမ် ဖြစ်ထားပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ၅ သင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကတ်တာလန် ကလပ် အနေနဲ့ ချန်ပီယံလိဂ် ဖလားကို ၂၀၁၄/၂၀၁၅ ဘောလုံးရာသီတုန်းက နောက်ဆုံးအကြိမ် ရယူထားနိုင်ခဲ့ပြီး ဆယ်စုနှစ် တစ်ခုစာလောက် ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက ၁၀ နှစ် တစ်ခု အတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တစ်ကြိမ်သာ တက်လှမ်းခဲ့ပြီး အခြေအနေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ အနေနဲ့ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်အောက်မှာတော့ လက်တလော ပုံစံကောင်း ရရှိနေခြင်းနဲ့ အတူ အောင်မြင်မှုတွေ ပြန်လည် ရရှိနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်