အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၈ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ခေါ်ယူပေးဖို့ အတွက် အသင်းထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အချိန်မှာ ရိုဒရီဂိုရဲ့ ပြောင်းရွှေ့ကြေးကို မသတ်မှတ်ရသေးပေမယ့်လည်း ဗင်နီးစီးယပ်စ် ဂျူနီယာထက် “ ကုန်ကျစရိတ် သက်သာတဲ့” ရွေးချယ်မှု တစ်ခု အဖြစ် ရှုမြင်ခံထားရပါတယ်။
ဘာစီလိုနာ ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်နေပေမယ့် လာလီဂါ ပြိုင်ဘက် အက်တလက်တီကို မက်ဒရစ်ကြောင့် လုပ်ငန်းစဉ်တွေ ရှုပ်ထွေးသွားဖို့ ရှိနေပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက မန်ချက်စတာယူနိုက်တက်ရဲ့ အငှားကစားသမား အကြောင်း စုံစမ်းမေးမြန်းခဲ့ကြောင်း El Nacional က ဖော်ပြပါတယ်။
တဖက်မှာလည်း ရိုဒရီဂိုက ဘေယန်မြူးနစ်ရဲ့ ပစ်မှတ် တစ်ခုလည်း ဖြစ်နေနိုင်ကြောင်း ဂျာမန် သတင်းဌာနတွေက ဖော်ပြလျက် ရှိပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ရိုဒရီဂိုကို ယူရို ၈၀ သန်း (ပေါင် ၇၀.၁ သန်း၊ ဒေါ်လာ ၉၄.၁ သန်း) ပေးချေကာ မန်ချက်စတာစီးတီးနဲ့ အပြိုင် ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။
တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ရီးရဲလ်အိုဗီဒို ကတော့ ဂါလာတာဆာရေးရဲ့ နာမည်ကျော် တိုက်စစ်မှူး မော်ရို အီကာဒီနဲ့ ဆွေးနွေးနေကြောင်း El Nacional က ဖော်ပြပါတယ်။ အီကာဒီဟာ ပြီးခဲ့တဲ့ ရာသီက တူရကီ ကလပ် အတွက် ပြိုင်ပွဲစုံမှာ ၁၄ ပွဲသာ ကစားပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ၂၁ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူထားပါတယ်။

အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခွင့် ရဖို့ အတွက် ဖရန်ကို မက်စတန်တူအိုနို အနေနဲ့ ပွဲကစားချိန် ပိုမိုရရှိလိုနေကြောင်း သိရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် ကနေ ၆ လ အငှားစာချုပ်နဲ့ အသင်း ပြောင်းရွှေ့ကစားဖို့ အလေးအနက်ထား စဉ်းစားနေကြောင်း El Nacional က ဖော်ပြပါတယ်။
ပေါ်လို ဒီဘားလား ကတော့ စီးရီးအေ ကလပ် ရိုးမားမှာ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။ အာဂျင်တီးနား ထိပ်သီး ဘိုကာ ဂျူနီယာက ရိုးမားမှာ ခြေစွမ်း မပြနိုင်တဲ့ တိုက်စစ်မှူး အတွက် ချဉ်းကပ်မှု ပြုလုပ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
ပီအက်စ်ဂျီ ကတော့ ရိုဒရီဂို အစား ဒေါ့မန် တိုက်စစ်မှူး ကာရင်မ် အဒီယီမီကို စိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ကတော့ ဂျာမန် တိုက်စစ် ကစားသမားကို ယူရို ၇၅ သန်း (ဒေါ်လာ ၈၈.၁ သန်း) နဲ့ ရောင်းထုတ်သွားဖို့ စဉ်းစားထားကြောင်း Fichajes က ဖော်ပြပါတယ်။
အင်တာမိုင်ယာမီ ကတော့ လူးဝစ္စ ဆွာရက်ဇ်ကို စာချုပ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တီမို ဗာနာကို အပေါ် စိတ်ဝင်စားမှု သိသိသာသာ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။ ဂျာမန် ကစားသမား ကိုတော့ တခြားသော မေဂျာလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ကိုပါဒယ်ရေးပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်က CF တာလာဗီရာ ဒီလာ ရိန်နာကို ၂-၃ နဲ့ အနိုင်ရခဲ့သလို အက်တလက်တီကိုမက်ဒရစ် ကလည်း အက်တလက်တီကို ဘယ်လီရာရက်စ်ကို ၂-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါပေမယ့် ဗီလာရီးရဲလ်က ရေးဆင်း ဆန်တန်ဒါကို ၂-၁ နဲ့ ရှုံးခဲ့ပြီး အိုဆာဆူနာ ကလည်း ဟျူးစကားကို ၂-၄ နဲ့ အသီးသီး ရှုံးနိမ့်ခဲ့ကြပါတယ်။
ကိုပါဒယ်ရေး ပွဲစဉ်မှာ ၂ ဂိုး သွင်းလိုက်တဲ့ အမ်ဘာပေး ကတော့ ၂၀၂၅ ခုနှစ် အတွင်း သွင်းဂိုး ၅၈ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ရော်နယ်ဒိုရဲ့ ၅၉ ဂိုးဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ၂ ဂိုးသာ လိုအပ်ပါတော့တယ်။ ဒါက ဒီနှစ် နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ လာမယ့် ဆီဗီလာနဲ့ ပွဲမှာ အဖြေပေါ်ဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


