နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ ကန်ဆယ်လို | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်း ကတော့ မန်ချက်စတာစီးတီး ဘယ်နောက်ခံလူ ယာအို ကန်ဆယ်လို ပြန်လည် ခေါ်ယူဖို့ အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း အခြား ကလပ်တွေရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချထားခဲ့ပြီးတော့ နူးကမ့်ပ် ကိုသာ ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ဘယ်နောက်ခံလူ ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီးတော့ ပြိုင်ပွဲစုံမှာ ၄၂ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် ကန်ဆယ်လိုဟာ လာလီဂါ ကလပ်မှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ပရိသတ် သဘောကျတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

SPORTရဲ့ ဖော်ပြချက်အရ ဘာစီလိုနာနဲ့ မန်စီးတီးတို့ဟာ ကန်ဆယ်လိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ အခု လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာနိုင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် ကန်ဆယ်လိုဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အပါအဝင် အခြားသော ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး ဘာစီလိုနာ အသင်းထံသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း မန်စီးတီး အသင်းထံ အသိပေးခဲ့တယ်လို့ သိရပါတယ်။

 
ကန်ဆယ်လိုကို အပြီးသတ် ရောင်းထုတ်ချင်နေတဲ့ ကန်ဆယ်လို

မန်စီးတီးဟာ အခုနွေရာသီမှာ ကန်ဆယ်လိုကို အပြီးသတ် ရောင်းထုတ်နိုင်ဖို့ လိုလားနေပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတဲ့ ကန်ဆယ်လိုကို ကနဦး အငှားစာချုပ်နဲ့ အရင်ဆုံး သဘောတူညီသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ ကန်ဆယ်လိုကို မဖြစ်မနေ ဝယ်ယူရမယ့် စာချုပ်နဲ့ လက်လွှတ်ချင်ပေမယ့် ဘာစီလိုနာ ဘက်ကတော့ အခုအချိန်ထိ သူတို့ရဲ့ သဘောထားကို ပြသထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အကယ်၍ ဒီနွေရာသီမှာ ဘာစီလိုနာ အနေနဲ့ ကန်ဆယ်လိုကို ခေါ်ယူခဲ့မယ် ဆိုရင်တော့ ယူရို ၂၅ သန်း ပေါင် ၂၁.၅ သန်း လောက်ပဲ ပေးချေရဖွယ် ရှိနေပါတယ်။ ဘင်ဖီကာ အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ လက်ရှိ အသက် ၃၀ အရွယ် ကန်ဆယ်လိုဟာ ဗလင်စီယာ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ မန်ချက်စတာစီးတီး၊ ဘေယန်မြူးနစ်၊ ဘာစီလိုနာ အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး ဖြစ်နေဆဲ ကန်ဆယ်လို အနေနဲ့ ပပ် ဂွာဒီယိုလာနဲ့ ပြန်ပြီး အဆင်ပြေဖို့ ရှိနေပေမယ့် လာလီဂါ ကလပ် မှာပဲ ကစားချင်နေတာ ဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီ အတွက် ဂျော်ဂျီယာနဲ့ တစ်ပွဲသာ လွဲချော်ခဲ့ပြီး ကျန်ပွဲ အားလုံးမှာတော့ မိနစ် တော်တော်များများ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ ဘယ်နောက်ခံလူက ဘင်ဖီကာနဲ့ အတူ အမှတ်ပေးဖလား၊ ဂျူဗင်တပ်စ်နဲ့ အတူ စီးရီးအေ၊ စူပါကိုပါအီတလီယာ၊ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ ခရာဘောင်ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ဒုတိယ ၁ ကြိမ်၊ ဘေယန်မြူးနစ်နဲ့ ဘွန်ဒက်စ်လီဂါ ၁ ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်