နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗင်နီးစီးယပ်စ် ဂျူနီယာ ဘယ်လွန်ဒေါ ရသင့်တယ်လို့ ပြောလာတဲ့ ဘရာဇီးလ် နည်းပြ | လာလီဂါ

ဘရာဇီးလ် နည်းပြ ဒိုရီဗယ် ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် လူငယ် ကြယ်ပွင့် တောင်ပံကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာဟာ အခုနှစ် ဘယ်လွန်ဒေါဆု ရသင့်သူ ဖြစ်ကြောင်း ဖွင်ဟလာခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က ၂၀၁၈ ခုနှစ်မှာ ဖလာမင်ဂို ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ လာလီဂါ ကလပ်ကို ရောက်ကာစမှာ အသင်းနဲ့ အထိုင်ကျဖို အနည်းငယ် အချိန်ယူခဲ့ရပေမယ့် အခုချိန် မှာတော့ အသင်းရဲ့ မရှိ မဖြစ် ကစားသမား တစ်ဦး ဖြစ်နေခဲ့ပါပြီ။

ဗင်နီးစီးယပ်စ်ဟာ ခရစ္စတီယာနို ရော်နယ်ဒို၊ ဂါရတ်သ် ဘေးလ်နဲ့ ဘန်ဇီမာတို့ ခေတ်အလွန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။ ဘရာဇီးလ် ကစားသမားဟာ အခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင် ကစားပေးထားရာမှာ ၂၃ ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်မှာ နောက်ဆုံး ၃ နှစ် အတွင်း တစ်ရာသီကို အနည်းဆုံး သွင်းဂိုး ၂၀ ကျော် သွင်းယူပေးထားသလို ဂိုးဖန်တီးမှုတွေ ကလည်း အားရစရာ ဖြစ်ပါတယ်။ ဗင်နီဟာ နောက်ဆုံး ၃ နှစ် အတွင်း ဖန်တီးမှု ၄၄ ကြိမ် ပြုလုပ်ထားပါတယ်။

ဗင်နီးစီးယပ်စ်က သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ ရီးရဲလ်မက်ဒရစ်ကို စပိန် လာလီဂါနဲ့ စပိန်စူပါဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်အောင် ကူညီပေးထားပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် မှာလည်း ဗိုလ်လုပွဲကို ရောက်ရှိနေပါတယ်။ ဒါကြောင့် ဗင်နီးစီးယပ်စ်နဲ့ သူ့ရဲ့ အသင်းဖော် ဖြစ်တဲ့ ဘယ်လင်ဟမ် တို့ဟာ အခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရယူနိုင် မယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဒီကစားသမား နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ နိုင်ငံ အသင်းတွေနဲ့ အတူ ယူရို ၂၀၂၄ နဲ့ ကိုပါအမေရိက ၂၀၂၄ ပြိုင်ပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီနှစ်ဦးသာ နိုင်ငံ အသင်းတွေနဲ့ အောင်မြင်မှုသာ ထပ်ရခဲ့ရင်တော့ ဘယ်လွန်ဒေါဆု ရဖို့ ပိုပြီးသေချာသွားမှာလည်း ဖြစ်ပါတယ်။

ဘရာဇီးလ် နည်းပြချုပ် ဒိုရီဗယ် က “ဗင်နီးစီးယပ်စ်ဟာ တရာသီလုံးမှာ တည်ငြိမ်တဲ့ ခြေစွမ်း ကောင်းတွေ ပြသထားနိုင်တာကြောင့် သူသာ ရွှေဘောလုံးဆု မရခဲ့ရင် အံ့ဩမိမှာပါ။” လို့ ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

လက်တလောမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆု အတွက် ဗင်နီးစီးယပ်စ်၊ ဘယ်လင်ဟမ်နဲ့ အမ်ဘာပေး တို့ဟာ အပြိုင်အဆိုင် ဖြစ်နေပါတယ်။ ဒါ့အပြင် လာမယ့် နွေရာသီမှာ ယူရို ၂၀၂၄နဲ့ ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲတွေ ရှိနေတာ ကြောင့် သူတို့ သုံးဦးထဲမှာ နိုင်ငံအသင်းနဲ့ အတူ အောင်မြင်မှု အများဆုံး ရယူနိုင်တဲ့ ကစားသမားက ဘယ်လွန်ဒေါဆုရှင် ဖြစ်လာဖို့ ရာခိုင်နှုန်း များနေတာ ဖြစ်ပါတယ်။ နောက်ဆုံး အကြိမ် ပေးအပ်ထားတဲ့ ဘယ်လွန်ဒေါ ဆုကိုတော့ လီယွန်နယ် မက်ဆီက ရရှိထားပြီး သူ့ အတွက် ၈ ကြိမ်မြောက် ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်