နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ အတွက် စိတ်မပူတဲ့ ဘီလ်ဘာအို နည်းပြ | လာလီဂါ

လာလီဂါ ကလပ် ဘီလ်ဘာအို နည်းပြ အာနက်စ်တို ဗယ်လ်ဗာဒီက ကလပ် အသင်း အများစုနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ အတွက် စိတ်ပူပန်ခြင်း မရှိကြောင်း ပြောဆိုလာခဲ့ပါတယ်။

နီကို ဝီလီယမ်စ်က ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးတော့ ဥရောပထိပ်တန်း ကလပ် တော်တော်များများရဲ့ ပစ်မှတ် ဖြစ်နေပြီး ဘာစီလိုနာ နဲ့တော့ သတင်းတွေ အများဆုံး ထွက်နေတာ ဖြစ်ပါတယ်။ နီကို ဝီလီယမ်စ်ကို လာလီဂါ ကလပ် ဘာစီလိုနာ အပြင် အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကလည်း စိတ်ဝင်စားနေသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ နည်းပြဟောင်းလည်း ဖြစ်ပြီး လက်ရှိ ဘီလ်ဘာအို နည်းပြ ဗယ်လ်ဗာဒီက ဒီအခြေအနေတွေကို တည်ငြိမ်စွာနဲ့ ဖြေရှင်းသွားခဲ့ပြီး လက်ရှိ အပြောင်းအရွှေ့ရဲ့ ကောလာဟလတွေကို လျစ်လျူရှုဖို့ အသင်းရဲ့ ပရိသတ်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ဗယ်လ်ဗာဒီက “အရင်တုန်းကလိုပဲ ကျွန်တော် အေးအေးဆေးဆေးပါပဲ။ ဩဂုတ်လ ၃၁ ရက်နေ့ အပြောင်းအရွှေ့ ဈေးကွက် ပိတ်တော့မယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အသင်း တိုးတက်အောင် ကြိုးစားသွားမှာ ဖြစ်ပြီး ကျန်တဲ့ အသင်းတွေလည်း ဒီလိုပဲ လုပ်ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဗယ်လ်ဗာဒီက နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီးတော့ “နီကိုက ကောင်းတယ် ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ၊ နေ့တိုင်း စာနယ်ဇင်းတွေမှာ အသစ်အဆန်း သတင်းတွေ ထွက်လာပြီး ကျွန်တော်တို့ မလုပ်တဲ့ အရာတွေကို အဲ့ဒါတွေက လမ်းညွှန်သလို ဖြစ်နေပါတယ်။ တကယ်တော့ ဖြစ်ပျက်သွားတဲ့ အရာတွေ ကိုပဲ စောင့်ကြည့်ရမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

စပိန် ဘယ်တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ဟာ အက်သလက်တစ် ဘီလ်ဘာအို အကယ်ဒမီ ကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ကမှ စီနီယာ အသင်းကြီး အတွက် စတင် ကစားခဲ့တဲ့ ဒီကစားသမားလေးဟာ အခုဆိုရင်တော့ ဘီလ်ဘာအို အတွက် သာမကပဲ စပိန် လက်ရွေးစင် အတွက်ပါ အရေးပါတဲ့ ကစားသမား ဖြစ်နေပါပြီ။ နီကို ဝီလီယမ်စ်က ယူရို ၂၀၂၄ ပြိုင်ပွဲ မှာလည်း လမင်း ယာမယ်နဲ့ တွဲဖက်ကာ စပိန်နဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အင်္ဂလန်နဲ့ ကစားတဲ့ ဗိုလ်လုပွဲ မှာလည်း အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နီကို ဝီလီယမ်စ်ကို လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ပီအက်စ်ဂျီ ကပါ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

နီကိုဟာ ဘီလ်ဘာအို အတွက် စီနီယာ ပွဲပေါင်း ၁၂၂ ပွဲ ကစားထားပြီး ဂိုး ၂၀ သွင်းယူပေးတားပါတယ်။ ဘီလ်ဘာအို အတွက် ၂၀၂၃/၂၄ ကိုပါဒယ်ရေးဖလား အောင်မြင်မှုမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ ဘာစီလိုနာက ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပေမယ့် အသင်းနဲ့တော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသေးပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်