နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ရပြီး ဟန်ချက်ညီနေတဲ့ ဘာစီလိုနာ၊ အက်သလက်တီကို အတွက် ပထမဆုံး သွင်းဂိုး ရခဲ့ပြီ ဖြစ်တဲ့ ဒီပိုင်း (လာလီဂါ နောက်ဆုံးရ သတင်းများ)

ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ရပြီး ဟန်ချက်ညီနေတဲ့ ဘာစီလိုနာ၊ အက်သလက်တီကို အတွက် ပထမဆုံး သွင်းဂိုး ရခဲ့ပြီ ဖြစ်တဲ့ ဒီပိုင်း စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ရပြီး ဟန်ချက်ညီနေတဲ့ ဘာစီလိုနာ

လာလီဂါ မှာတော့ ဘာစီလိုနာက အဝေးကွင်းမှာ ဗီလာရီးရဲလ်ကို ပီဒရီရဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ပွဲကစားချိန် ၁၈ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဂိုးနဲ့ ဘာဆာတို့ အနိုင်ရခဲ့ပြီး ဒါဟာ ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာ ဖြစ်လို့ နည်းပြဟောင်း ဂွာဒီယိုလာရဲ့ စံချိန်မှ တ်တမ်းကို ဇာဗီ အနေနဲ့ လိုက်မီသွားခဲ့ပြီ ဖြစ်ပါတယ်။

ဇာဗီက ဘာစီလိုနာကို အကောင်းဆုံး ဖြစ်လာအောင် တည်ဆောက်နေပြီး လက်ရှိ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ကို ၁၁ မှတ် အထိ ဖြတ်ထာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ယူရိုပါလိဂ် ပွဲအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဆိုပါပွဲ ကိုသာ အနိုင်ရခဲ့မယ် ဆိုရင် ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက် အနိုင်ရကာ ဇာဗီက စံချိန်သစ် တင်နိုင်ဖွယ် ရှိနေပါတယ်။

လာလီဂါ မှာ ဘာစီလိုနာက ရှုံးပွဲ ၁ ပွဲ တည်းသာ ရှိသေးပြီး ၂၁ ပွဲ ကစားပြီးချိန်မှာ ပေးဂိုး ကလည်း ၇ ဂိုးတည်းသာ ရှိထားခဲ့လို့ ၃ ပွဲ မှာမှ တစ်ဂိုးသာ ပေးထားရတာ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်း ကတော့ တစ်ပွဲကို နှစ်ဂိုးနှုန်းနဲ့ ၄၃ ဂိုး အထိ သွင်းယူထားပြီး တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံး အသင်း အဖြစ် ရှိနေပါတယ်။


အက်သလက်တီကို အတွက် ပထမဆုံး ဂိုးရခဲ့ပြီ ဖြစ်တဲ့ ဒီပိုင်း

အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ဆယ်လ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ မမ်းဖစ် ဒီပိုင်းရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဂိုးဟာ ဒီပိုင်း အတွက်တော့ အသင်းသစ်မှာ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ဂိုးဖြစ်ပြီး နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်လို့ ကျေနပ်စရာ ကောင်းခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ဆယ်လ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ မမ်းဖစ် ဒီပိုင်းရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်

ဒီပွဲမှာတော့ ပွဲကစားချိန် မိနစ် ၇၀ မှာ အက်သလက်တီကိုနောက်ခံလူ စတီဖန် ဆာဗစ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ပွဲကစားချိန် ၈၉ မိနစ်မှာ ဒီပိုင်းက အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ အက်သလက်တီကိုတို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာ ဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကမှ အသင်းကို ရောက်လာတဲ့ ဒီပိုင်းက ကယ်တင်ရှင် ဖြစ်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အက်သလက်တီကိုဟာ အဆင့် ၄ နေရာမှာ ဆက်လက် ရှိနေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာကို ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ တီကိုတို့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၅ ပွဲစလုံး ကိုလည်း ရှုံးပွဲ မရှိအောင် ဖြတ်သန်းထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ အခြေအနေက ကောင်းမွန်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


၈ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့လို့ ပျော်ရွှင်နေတဲ့ အန်ဆယ်လော့တီ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အဖြစ် ဆော်ဒီ ကလပ် အယ်လ်ဟီလယ် အသင်းနဲ့ ကစားခဲ့ရာမှာ ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ရီးရဲလ် အတွက် ဂိုးတွေကို ဗင်နီရှပ်စ်နဲ့ ဗယ်လ်ဗာဒီက ၂ ဂိုးစီ သွင်းယူပြီး ကာရင်မ် ဘန်ဇီမာက ၁ ဂိုးသွင်းယူခဲ့တာပါ။ ဒါဟာ သူတို့ အတွက် ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ်မြောက် အဖြစ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ပဲရစ် စိန့် ဂျာမိန်း
ဘိုင်ယန်မြူးနစ်
1X2 ပဲရစ် စိန့် ဂျာမိန်း @ 2.62
ဂိုးပေါ် 3.00 @ 1.78
ဂိုးပေါင်း 0-1 @ 5.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ် နည်းပြကြီး ကာလို အန်ဆယ်လော့တီက “ ကျွန်တော်တို့ အလွန်ပျော်ရွှင်ပါတယ်။ ရီးရယ်လ် အသင်းဟာ ၈ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ဖြစ်ပါပြီ။ ကျွန်တော် တို့ရဲ့ ရှေ့တန်းဟာ အရည်အသွေးတွေ အများကြီးနဲ့ ကောင်းမွန်တဲ့ ပွဲ တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်၊ ဗင်နီရှပ်၊ ဘန်ဇီမာနဲ့ ဗယ်လ်ဗာဒီ တို့ဟာ အလွန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်”

“ သူတို့ရဲ့ အရည်အချင်းနဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ အလွန်ကောင်းမွန်တယ်” လို့ ပြောဆိုခဲ့ပြီး အသင်းနဲ့အတူ ဆုဖလားရယူနိုင်ခဲ့လို့ ကျေနပ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ စပိန်စူပါဖလားမှာ ဘာစီလိုနာ အသင်းရဲ့ အနိုင်ယူခြင်းခံခဲ့ရတဲ့ ရီးရဲလ် အတွက်တော့ ၂၀၂၃ မှာ ဆုဖလား စတင်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်