နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝက်စ်ဟမ်းနဲ့ အပြိုင် ကန်တေကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် လူငယ်ကစားသမားတွေကို ပစ်မှတ်ထားနေပေမယ့် အန်ဂိုလို ကန်တေကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့လည်း သတင်းတွေ ထွက်လာပြန်ပါတယ်။ စပိန် သတင်းစာ SPORT က ဖော်ပြလာခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ အနေနဲ့ ကန်တေကို ခေါ်ယူဖို့ ဆိုရင်တော့ ဝက်စ်ဟမ်းနဲ့ အပြိုင် ကြိုးပမ်းသွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ ပြင်သစ် ကွင်းလယ်ကို အသက်အရွယ်နဲ့ မလိုက်အောင် အကောင်းဆုံး မောင်းနှင်နိုင်ခဲ့တဲ့ ကန်တေ ကို ဝက်စ်ဟမ်း က တော်တော်လေး စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းက ကန်တေကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ဆောင်ဖို့ အတွက် ကမ်းလှမ်းမှု တစ်ရပ် လုပ်ဆောင်ထားပေမယ့် အဲလ်အစ်တီဟတ် ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ဝက်စ်ဟမ်း က ချဲလ်ဆီး ကစားသမားဟောင်းကို ခေါ်ယူဖို့ လက်မလျှော့သေးသလို ဘာစီလိုနာပါ အပြောင်းအရွှေ့ထဲ ပါဝင်လာလို့ စိတ်ဝင်စားစရာတော့ ကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဝက်စ်ဟမ်းလို မဟုတ်ပဲ ကန်တေကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကန်တေ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ကတည်းက အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ အသင်း ဖြစ်ပြီး ဒီတစ်ကြိမ်မှာရော အရ ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

 
ဒါ့အပြင် လာလီဂါ ကလပ်က လမိုင်း ယာမယ် အပါအဝင် ဒီကစားသမားတွေကို အန်ဂိုလို ကန်တေရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ကွင်းလယ်ပိုင်းကို အတောင့်တင်းဆုံး ဖြစ်လာစေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ကန်တေကို ခေါ်ယူဖို့ နောက်ထပ် တစ်ကြိမ် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်လျက်ရှိပြီး တစ်ဖက်မှာလည်း စပိန် အသင်းနဲ့ အတူ ယူရို ၂၀၂၄ မှာ တောက်ပခဲ့တဲ့ နီကို ဝီလီယမ်စ်၊ ဒန်နီ အော်လ်မို တို့ကို ခေါ်ယူသွားဖို့လည်း ကြိုးပမ်းနေတာပါ။ ဒါ့အပြင် လာလီဂါ ကလပ်က လမိုင်း ယာမယ် အပါအဝင် ဒီကစားသမားတွေကို အန်ဂိုလို ကန်တေရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ကွင်းလယ်ပိုင်းကို အတောင့်တင်းဆုံး ဖြစ်လာစေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ် ခံစစ်ကစားသမား အန်ဂိုလို ကန်တေဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ချဲလ်ဆီး ကနေ ဆော်ဒီကလပ် အဲလ်အစ်တီဟတ် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကန်တေ အနေနဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တကြောင့် မကြာခင်မှာ ဥရောပ ဘောလုံး ရပ်ဝန်းဆီ ပြန်လည် ခြေချနိုင်ဖို့ များနေပြီးလည်း ဖြစ်ပါတယ်။

တချို့ သတင်းတွေ မှာ‌တော့ အသင်း အတွက် အကောင်းဆုံး အကျိုးပြုနေတဲ့ ကန်တေလို ကစားသမားကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ကို ဘယ်လို နည်းနဲ့မှ ရောင်းထုတ်သွားမှာ မဟုတ်သလို အငှားလည်းချမှာ မဟုတ်ကြောင်း ဖော်ပြနေပါတယ်။ ဒါ့အပြင် အဲလ်အစ်တီဟတ်ဟာ လာမယ့် ရာသီသစ်မှာ အောင်မြင်မှုတွေ ပြန်လည် ရရှိရေး အတွက် ရှယ် ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ကစားသမားကောင်းတွေ ကိုလည်း ဆက်တိုက် ခေါ်ယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကန်တေ အတွက်လည်း ဘယ်ကမ်းလှမ်းမှုပဲ ရောက်လာ ရောက်လာ အဲလ်အစ်တီဟတ် ဘက်ကတော့ ပယ်ချသွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်