နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရာဖင်ညာ အတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားတော့မယ့် ဘာစီလိုနာ၊ ရူဒီဂါကို သက်တမ်းတိုးဖို့ စိတ်ပြောင်းလာတဲ့ ရီးရဲလ် | လာလီဂါ

အခုတစ်ခါမှာတော့ မတ်လ ၂၁ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ ရာဖင်ညာ အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ ရောက်လာဖို့ ရှိနေတယ်လို့ လာလီဂါ ကလပ် ဘာစီလိုနာက မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အသင်း ဘက်ကတော့ ဒီကြယ်ပွင့် တိုက်စစ်မှူးရဲ့ အနာဂတ်ဟာ ကတ်တာလန် မှာပဲ ရှိနေမယ်လို့ ယုံကြည်နေပြီး ရောင်းချဖို့ အစီအစဉ် မရှိပါဘူး။

အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို အင်နီဂို မာတီနက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ ဘာစီလိုနာက ပစ်မှတ်ထားနေပါတယ်။ အင်တာ ဘက်က ယူရို သန်း ၇၀ သတ်မှတ်ထားပေမယ့် ဘာစီလိုနာ ကတော့ ဒီထက်သက်သာတဲ့ ဈေးနှုန်းနဲ့ ညှိနှိုင်းနိုင်မယ်လို့ ယူဆနေပါတယ်။

အကယ်၍ အဲလ်ဗာရို အာဘီလိုအာသာ နည်းပြ အဖြစ် ဆက်ရှိနေမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ နွေရာသီမှာ ကစားသမား အများအပြားကို ရှင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဒန်နီ ကာဗာဟယ်၊ ဒေးဗစ် အလာဘာ၊ ဒန်နီ ဆီဘာယော့စ်နဲ့ ဖရန်း ဂါစီယာ တို့ကို နှုတ်ဆက်ရဖွယ် ရှိနေပါတယ်။

လူငယ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာ ကလည်း လိုင်ယွန်မှာ အငှားနဲ့ ခြေစွမ်းပြခဲ့တဲ့ အန်းဒရစ်ခ် ပြန်လာတော့မှာ ဖြစ်တဲ့အတွက် အသင်း ကနေ ထွက်ခွာရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အန်းဒရစ်ခ်ဟာ လာမယ့် ရာသီမှာ အမ်ဘာပေးရဲ့ အရန် တိုက်စစ်မှူး အဖြစ် တာဝန်ယူ ရဖို့ ရှိနေပါတယ်။

စာချုပ်သက်တမ်း ကုန်တော့မယ့် အန်တိုနီယို ရူဒီဂါဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိ မှာတော့ ထိပ်တန်း ခြေစွမ်း ပြန်လည် ရရှိလာမှုကြောင့် လာလီဂါ ကလပ် ဘက်က စိတ်ပြောင်းပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြန်လည် စဉ်းစားနေပါတယ်။

ဒါပေမယ့် လက်ရှိ မှာတော့ ထိပ်တန်း ခြေစွမ်း ပြန်လည် ရရှိလာမှုကြောင့် လာလီဂါ ကလပ် ဘက်က စိတ်ပြောင်းပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြန်လည် စဉ်းစားနေပါတယ်။
ရူဒီဂါကို အသင်းမှာ ဆက်ထိန်းဖို့ စဉ်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်

အက်တလက်တီကိုမက်ဒရစ်ဟာ အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင် အတွက် ယူရို သန်း ၄၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ ဒီဘရာဇီးလ် ကစားသမားဟာ သူ့ရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် အဓိက သော့ချက်လို့ ရှုမြင်ထားပါတယ်။

  ဘာစီလိုနာ အသင်းဟာ လာမယ့် ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် အတွက် ပထမဆုံး အဖြေပေါ်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ အခုတစ်ပတ် လာလီဂါ ပွဲစဉ်မှာ ဗလက်ကာနိုကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ လာလီဂါမှာ အနိမ့်ဆုံး အဆင့် ၄ နေရာ ရရှိဖို့ သေချာသွားခဲ့ပါတယ်။ ဘာစီလိုနာက ၂၉ ပွဲ ကစားပြီးချိန်မှာ ၇၃ မှတ် ရရှိထားပြီး အဆင့် ၅ နေရာက ဘက်တစ်ကို ၂၉ မှတ်ဖြတ်နိုင်ခဲ့တာကြောင့် အနိမ့်ဆုံး အဆင့် ၄ နေရာ ရဖို့ သေချာသွားတာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ခွဲတမ်း သတ်မှတ်ချက်အရ ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ လာလီဂါက ထိပ်ဆုံး ၄ သင်းစီ ချန်ပီယံလိဂ် လိဂ် အဆင့် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပြီး ဘာစီလိုနာက ပထမဆုံး အဖြေပေါ်တဲ့ အသင်း ဖြစ်လာခဲ့တာပါ။

အက်တလက်တီကိုမက်ဒရစ်ရဲ့ ပြင်သစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်းဟာ မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးနဲ့ စာချုပ်ချုပ်ဆိုဖို့ အတွက် အခုတစ်ပတ်အတွင်း အမေရိကန်ကို သွားရောက်တော့မယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ် အရွယ် ဂရစ်ဇ်မန်းဟာ ရာသီကုန်မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် အော်လန်ဒိုစီးတီးက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပါ။ ဂရစ်ဇ်မန်းက ပြီးခဲ့တဲ့လ ကတည်းက အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပေမယ့် အက်တလက်တီကိုမက်ဒရစ်နဲ့ အတူ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားလိုတာကြောင့် ရာသီကုန်မှ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်