နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွန်ဒိုအန်ကို ပစ်မှတ်ထားနေတဲ့ ဂုန်းဆင်းကြီး ဘာစီလိုနာ၊ ကစားသမားဘ၀ အကောင်းဆုံး အချိန်ကို ရောက်နေပြီလို့ ကြွေးကြော်ခဲ့တဲ့ ဂရစ်ဇ်မန်း (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဂွန်ဒိုအန် ကိုပါ ပစ်မှတ်ထားနေတဲ့ ဂုန်းဆင်းကြီး ဘာစီလိုနာ၊ ကစားသမားဘ၀ အကောင်းဆုံး အချိန်ကို ရောက်နေပြီလို့ ကြွေးကြော်ခဲ့တဲ့ ဂရစ်ဇ်မန်း စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂွန်ဒိုအန် ကိုပါ ပစ်မှတ်ထားနေတဲ့ ဂုန်းဆင်းကြီး ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာဟာ မန်ချက်စတာစီးတီး ကွင်းလယ်လူ အိုင်ကေး ဂွန်ဒိုအန်ကို ခေါ်ယူဖို့ အတွက် အဓိက ပစ်မှတ် အဖြစ် သတ်မှတ် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ရာသီကုန်မှာ ဂျာမန် လက်ရွေးစင်က မန်စီးတီးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် အခြေအနေမှာ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ကစားသမားရဲ့ အေးဂျင့် ကတော့ ဂွန်ဒိုအန်ဟာ ဘယ်သူနဲ့မှ သဘောတူညီမှု မရသေးဘူးလို့ ပြောဆိုထားပြီး ဒါဟာ ဘာစီလိုနာ အတွက် သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဘာဆာ ကသာ ဂွန်ဒိုအန်ကို ဆွဲဆောင်နိုင်ခဲ့မယ် ဆိုရင် အရည်အသွေးမြင့် ကွင်းလယ်လူ တစ်ဦးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမို တောင့်တင်းသွားစေမှာ သေချာပါတယ်။ 

“ ဘာစီလိုနာက သူ့ အတွက် ပြီးခဲ့တဲ့နှစ် ကတည်းက ဆွေးနွေးခဲ့ပါသေးတယ်၊ ဒါပေမယ့် ကစားသမား ကတော့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး” လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖွင့်ဟခဲ့ပါတယ်။ ဂွန်ဒိုအန် ကတော့ မန်စီးတီးမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပေးနေသူ ဖြစ်ပါတယ်။ 


ဒိုင်ကူ မက်ဒရစ်ဆိုပြီး ရီးရဲလ်မက်ဒရစ်ကို ထိုးနှက်ခဲ့တဲ့ လာပေါ်တာ

ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာက လက်ရှိ ရင်ဆိုင်နေရတဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေကို ငြင်းပယ်ပြီး ဘာစီလိုနာက ဘယ်ဒိုင်လူကြီးကိုမှ ငွေပေးခဲ့တာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ စပိန် လာလီဂါ အမှတ်ပေးဇယား ဦးဆောင်သူတွေဟာ ပြီးခဲ့တဲ့လမှာ စပိန်ဘောလုံး ဒိုင်လူကြီး ကော်မတီ ဒုဥက္ကဌဟောင်း ဟိုဆေး မာရီယာ အန်နရီကက်ဇ် နီဂရေရာကို ငွေကြေးပေးချေမှု ပြုလုပ်ခဲ့မှု အတွက် စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်း ကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းက ကတ်တလန် ထိပ်သီး အသင်းကြီးကို တရားဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်း စွဲချက်တင်ခံထားရတဲ့ စွပ်စွဲချက်တွေဟာ ပြင်းထန်တာကြောင့် အပြစ်ရှိကြောင်းသာ ထင်ရှားခဲ့မယ် ဆိုရင် လာလီဂါ ကနေ တန်းဆင်းပြီး ဒုတိယတန်းမှာ ဆင်းကစားရမှာ ဖြစ်ပါတယ်။ 

လက်ရှိ မှာတော့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက သတင်းစာရှင်းလင်းပွဲမှာ အသင်း အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ပြဿနာထဲ ဆွဲသွင်းခဲ့တာ ဖြစ်ပါတယ်။ လာပေါ်တာက ” ရီးရဲလ်မက်ဒရစ်က သမိုင်းကြောင်းအရ ဒိုင်လူကြီး အမှားတွေရဲ့ မျက်နှာသာပေးခြင်းကို ခံခဲ့ရတဲ့အသင်း ဆိုတာ အားလုံးသိမှာပါ။ ဆယ်စုနှစ် ၇ ခုလောက် အထိ ဒိုင်လူကြီး ဥက္ကဌတွေက မက်ဒရစ် အဖွဲ့ဝင်ဟောင်းတွေ၊ ကစားသမားဟောင်းတွေ ဒါမှမဟုတ် ဒါရိုက်တာဟောင်းတွေ ဖြစ်ခဲ့ပါတယ်။ တစ်ခါတလေ အဖွဲ့ဝင်ရော၊ ကစားသမားရော၊ ဒါရိုက်တာဟောင်းပါ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ လောက် အဲဒီလိုလူတွေက တရားမျှတမှုကို ယူဆောင်ပေးရမယ့် ဒိုင်လူကြီးတွေကို ခန့်အပ် တာဝန်ပေးခဲ့တာပါ။ ကျွန်တော်တို့ အသင်းရဲ့ အကောင်းဆုံး ကာလမှာ ဒီကိစ္စ ပေါ်လာတာ ကတော့ မကြုံစဖူးကို ထူးဆန်းတဲ့ ကိစ္စပါ။ ဒီ တရားစီရင်မှုက သူတို့ကို ဖော်ထုတ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ကစားသမားဘ၀ အကောင်းဆုံး အချိန်ကို ရောက်နေပြီလို့ ကြွေးကြော်ခဲ့တဲ့ ဂရစ်ဇ်မန်း

ပြင်သစ် တိုက်စစ်မှူးဟာ လာလီဂါ အသင်းဟောင်း အေတီကိုကို တကျော့ပြန် ရောက်ရှိချိန်မှာ ခြေစွမ်းပြနေတာ ဖြစ်ပြီး လိဂ်ဂိုး ၁၁ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
ကစားသမားဘ၀ အကောင်းဆုံး အချိန်ကို ရောက်နေပြီလို့ ကြွေးကြော်ခဲ့တဲ့ ဂရစ်ဇ်မန်း

အက်သလက်တီကို မက်ဒရစ် တိုက်စစ် ကစားသမား အန်တွမ် ဂရစ်ဇ်မန်းက ၂၀၂၃ ခုနှစ်က သူ့ရဲ့ ကစားသမား ဘ၀မှာ အကောင်းဆုံး အခိုက်အတန့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ လာလီဂါ အသင်းဟောင်း အေတီကိုကို တကျော့ပြန် ရောက်ရှိချိန်မှာ ခြေစွမ်းပြနေတာ ဖြစ်ပြီး လိဂ်ဂိုး ၁၁ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဂရစ်ဇ်မန်းက အသင်းဟောင်းမှာ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိနေတာလည်း ဖြစ်ပါတယ်။ ဆီမြွန်နီ ကလည်း သူ့တပည့်ဟောင်းကို အချိန်ပေးပြီး အသင်းမှာ ကစားစေခဲ့ကာ လက်ရှိ မှာတော့ အားအကိုးရဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် ရှိနေခဲ့ပါပြီ။   

“ ကျနော် ဒီကို ပြန်ရောက်လာချိန်မှာ အလုပ်ကို ကြိုးစားခဲ့တယ်၊ ဘာလို့လဲဆိုတော့ စာချုပ်ပြသနာက ရှိနေပြီး ကျနော်က တစ်ပွဲကို မိနစ် ၃၀ ပဲ ကစားခွင့် ရနေတာလေ၊ ဒါပေမယ့် ကျနော် ဂရုမစိုက်ခဲ့ဘူး၊ အားလုံးရဲ့ အားထုတ်မှုတွေကြောင့် ကျနော် အခုဆိုရင် ဂိုးတွေ၊ ဖန်တီးမှုတွေ ရနေပါပြီ၊ ဒါက ကျနော့်ရဲ့ အကောင်းဆုံးအချိန်ပါပဲ၊ ကျနော့်ရဲ့ အကောင်းဆုံး နေရာကို ရှာတွေခဲ့ပါပြီ” လို့ ဂရစ်ဇ်မန်းက ပြောဆိုခဲ့ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်