နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီဝမ်ဒေါစကီးရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ ဒူရန်ကို ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာ အတွက် အက်စတွန်ဗီလာ လူငယ်ကစားသမား ဂျွန် ဒူရန်နဲ့ အစားထိုးချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ အသက်အရွယ်ရနေပြီ ဖြစ်တဲ့ လီဝမ်ဒေါစကီးသာ အသင်း ကနေ ထွက်ခွာခဲ့ရင် ဒါမှမဟုတ် အနားယူသွားခဲ့ရင်တော့ ဒူရန်နဲ့ အစားထိုးသွားဖို့ ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။

ပိုလန် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး ကတော့ လက်ရှိမှာ အသက် ၃၆ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့်လည်း လာလီဂါ ကလပ် အတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေဆဲ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ဒီရာသီ လာလီဂါ ကလပ် အတွက် ၈ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုး သွင်းကာ၊ ၂ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပိုလန် ဂိုးသွင်းစက် လီဝမ်ဒေါစကီးကို ရေရှည် အားမကိုးချင်တာကြောင့် အခြားသော တိုက်စစ်မှူး တစ်ဦးနဲ့ အစားထိုးဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာက လိုက်ပ်ဇစ်ရဲ့ လူငယ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို၊ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးယက်စ်နဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး ဂျွန် ဒူရန် တို့ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ဒီတိုက်စစ်မှူး ၃ ဦးထဲကမှ ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို သဘောအကျဆုံး ဖြစ်နေတဲ့ အသက် ၂၀ အရွယ် ကိုလံဘီယာ တိုက်စစ်မှူး ဒူရန် ကို ထိပ်ဆုံးက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးဟာ ဒီရာသီ လာလီဂါ ကလပ် အတွက် ၈ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုး သွင်းကာ၊ ၂ ဂိုး ဖန်တီးပေးထားပါတယ်။
ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေတဲ့ ဘာစီလိုနာ

သတင်းတွေ အရ ဆိုရင်တော့ လာလီဂါ ကလပ်ဟာ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ပါ ကနဦး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒူရန် ကလည်း ပြီးခဲ့တဲ့ နွေရာသီတုန်းက ဝက်စ်ဟမ်း အသင်းကို ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ မရတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။ ဒူရန်ဟာ ဒီရာသီမှာလည်း အက်စတွန်ဗီလာ မှာသာ ဆက်ရှိနေခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် အတွက် အတွက် သွင်းဂိုး ၅ ဂိုး အထိ ရယူပေးထားသလို သူ့ရဲ့ သွင်းဂိုး အများစု ကလည်း အသင်း အတွက် အနိုင်ဂိုးတွေသာ ဖြစ်နေခဲ့တာပါ။

လက်ရှိမှာ ဒူရန်က အက်စတွန်ဗီလာ အတွက် တော်တော်လေး အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေပြီး သူ့ရဲ့ တန်ကြေး ကလည်း ဆက်တိုက်ဆိုသလို မြင်းမားလာခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေမှာတော့ ဒူရန် အနေနဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းချက် ကိုသာ ရရှိရင်တော့ တုန့်ဆိုင်းမနေပဲ ချက်ချင်း ထွက်ခွာသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာ ကတော့ ဒီရာသီ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ရလဒ်တွေ တောက်လျောက် ကောင်းမွန်နေပြီးတော့ ချန်ပီယံလိဂ် မှာတော့ မိုနာကို ကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်