နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယာမယ် အတွက် ပီအက်စ်ဂျီရဲ့ ယူရို သန်း ၂၅၀ တန် ကမ်းလှမ်းချက်ကို ပယ်ချထားတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကတော့ အသင်းရဲ့ ဆယ်ကျော်သက် တောင်ပံ ကြယ်ပွင့် လမိုင်း ယာမယ် အတွက် မြင့်မားတဲ့ ကမ်းလှမ်းချက်ကို ချက်ချင်းဆိုသလို ပယ်ချခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ လာပေါ်တာက ယာမယ် အတွက် ယူရိုသန်း ၂၅၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ 

လက်ရှိ ဘာစီလိုနာ အသင်း အတွက်ရော စပိန် လက်ရွေးစင် အသင်း အတွက်ပါ ခြေစွမ်းပြနေတဲ့ လမိုင်း ယာမယ် ကတော့ အသက်အရွယ် အားဖြင့် ၁၇ နှစ်သာ ရှိသေးသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားလေးက လက်ရှိမှာ လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီးတော့ ဂန္ထဝင် ကစားသမား လီယွန်နယ် မက်ဆီနဲ့တောင် နှိုင်းယှဉ် ချီးကျူးခံနေရတာ ဖြစ်ပါတယ်။ 

သတင်းတွေ အရ ဆိုရင် လမိုင်း ယာမယ်ကို ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ က ပြီးခဲ့တဲ့ နွေရာသီမှာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၅၀နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်က သူတို့ရဲ့ ကြယ်ပွင့် ကစားသမားလေးကို အသင်းကနေ လုံးဝ လက်လွှတ်ဖို့ အစီအစဉ် မရှိခဲ့ပဲ ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

လာပေါ်တာ ကတော့ လမိုင်း ယာမယ်ဟာ လက်ရှိ ဘောလုံးလောကရဲ့ အကျော်ကြားဆုံး ကစားသမား ဖြစ်နေသလို တန်ဖိုးဖြတ် မရနိုင်တဲ့ ကစားသမားလည်း ဖြစ်နေတာကြောင့် ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၁၇ နှစ် အရွယ် လမိုင်း ယာမယ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ အသင်း အတွက် ပြိုင်ပွဲစုံ ၆၁ ပွဲမှာ ၁၂ ဂိုး အထိ သွင်းယူထားပါတယ်။ 

ယာမယ်က စပိန် မှာလည်း အဓိက ကစားသမား အဖြစ် ပွဲထွက်နေရသလို ယူရို ၂၀၂၄ ချန်ပီယံဆု ကိုလည်း ကိုင်မြှောက်ထားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ညာတောင်ပံ ကစားသမားလေးဟာ ဘာစီလိုနာရဲ့ အထင်ကရ ကစားသမားဟောင်း ဖြစ်တဲ့ မက်ဆီ ခြေရာကို နင်းနိုင်မယ့်သူ ဆိုပြီး အများစုက ထင်ကြေးပေးမှုတွေ ရှိနေပြီးတော့ လာမယ့် အနာဂတ် မှာလည်း မက်ဆီလို ဘယ်လွန်ဒေါဆုရှင် ဖြစ်လာနိုင်သူ အဖြစ် သတ်မှတ်ခံထားရပါသေးတယ်။ 

ဒီလို ထင်ကြေးပေးခံရမှုတွေနဲ့ ပတ်သက်လို့တော့ လမိုင်း ယာမယ်က“ဘောလုံးသမိုင်းမှာ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီနဲ့ နှိင်းယှဉ်ခံနေရတာ သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်က လမိုင်း ယာမယ်သာ ဖြစ်ချင်ပြီးတော့ မက်ဆီရဲ့ အဆင့်မျိုးကို ရောက်ဖို့ဆိုတာ ကလည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော် ဘာစီလိုနာ ကနေ ဘယ်တော့မှ မထွက်ခွာသွားချင်ပါဘူး။ ကျွန်တော် ဒီကလပ်ရဲ့ ဂန္တဝင် ကစားသမား တစ်ဦးပဲ ဖြစ်ချင်ပြီးတော့ ကျနော် နီကို ဝီလီယမ်စ်နဲ့ အပတ်စဉ် တွဲဖက် ကစားသွားချင်ပါတယ်။ သူက ကျွန်တော့် အတွက် သူငယ်ချင်းကောင်း တစ်ယောက်ပါ။ လာမယ့် ဘောလုံးရာသီကျရင်တော့ သူ ကျွန်တော်တို့ အသင်းကို ပြောင်းရွှေ့လာမလား မသိပါဘူး။ ဒါက သူ့အပေါ်မှာပဲ မူတည်ပါတယ်။” လို့ ပြောဆိုခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်