နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါဒယ်ရေး ပထမအကျော့မှာ ရီးရဲလ်ကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ၊ ဘာဆာနဲ့ ပွဲက အပြုအမူ အတွက် ဝေဖန်ခံနေရတဲ့ ဗင်နီစီးယပ်စ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကိုပါဒယ်ရေး ပထမအကျော့မှာ ရီးရဲလ်ကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ၊ ဘာဆာနဲ့ ပွဲက အပြုအမူ အတွက် ဝေဖန်ခံနေရတဲ့ ဗင်နီစီးယပ်စ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုပါဒယ်ရေး ပထမအကျော့မှာ ရီးရဲလ်ကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ

ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့မှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကို ၁-၀ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ဖို့ ဘာစီလိုနာတို့ အခြေအနေ ကောင်းသွားခဲ့ပါပြီ။ ရောဘတ် လီဝမ်ဒေါစကီးနဲ့ ပီဒရီတို့ မပါဝင်ခဲ့တာ တောင်မှ အနိုင်ကစားနိုင်ခဲ့ပြီး အယ်လ်ကလက်စီကိုမှာ သူတို့ကို လျှော့တွက်ရင် မှားမယ်လို့ ပြသသွားခဲ့ပါတယ်။ 

မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဘာဆာတို့ အနိုင်ရခဲ့တာ ဖြစ်ပြီး နူးကမ့်ပ်မှာ ကစားမယ့် ဒုတိယအကျော့ အတွက် အခွင့်အရေး အသာစီးရသွားပါပြီ။ ပြည်တွင်း ဖလားတွေ ကိုပဲ အာရုံစိုက်ရတော့မယ့် ဘာဆာ အတွက် ကြီးမားတဲ့ နိုင်ပွဲ ဖြစ်ပြီး ရီးရဲလ်ကို ကျော်ဖြတ်နိုင်တာနဲ့ ဆုဖလား ရယူနိုင်ဖို့ ၅၀% သေချာပြီလို့တောင် ပြောလို့ ရပါလိမ့်မယ်။ 

ဘာစီလိုနာက ၂ ပွဲ ဆက်တိုက် အရေးနိမ့်မှု ကနေ ပြန်လည် ရုန်းထွက်လာနိုင်ခဲ့တာ ဖြစ်ပြီး ပြည်တွင်း ဖလား တလုံးကို ရယူနိုင်ဖို့ အတွက်လည်း သူတို့ရဲ့ ကြိုးပမ်းမှုတွေက အရာထင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဇာဗီရဲ့ အသင်းဟာ လာလီဂါ မှာလည်း ရီးရဲလ်ကို ၇ မှတ် ဖြတ် တောက်ထားပြီး ပြည်တွင်း ဆုဖလား ၂ လုံး ဆွတ်ခူးနိုင်မလား စောင့်ကြည့်ရပါတော့မယ်။


ဘာဆာနဲ့ ပွဲက အပြုအမူ အတွက် ဝေဖန်ခံနေရတဲ့ ဗင်နီစီးယပ်စ်

ဘာစီလိုနာကို အိမ်ကွင်း မှာပဲ အရေးနိမ့်ခဲ့ရတဲ့ စပိန် ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲမှာ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီစီးယပ်စ် ဂျူနီယာဟာ သူ့အပြုအမူတွေ အတွက် ဝေဖန်ခံနေရပါတယ်။ ညကပွဲမှာ ဗင်နီစီးယပ်စ် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဘာဆာ နောက်ခံလူ ရော်နယ် အာရူဂျိုကို ကျော်ဖြတ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ 

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ဘာစီလိုနာကို အရေးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေး ပွဲစဉ်မှာ ပြိုင်ဘက် အသင်းက ခံစစ် ကစားသွားခဲ့တဲ့ အပေါ် အံ့အားသင့်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။
လာလီဂါ မှာလည်း ဘာစီလိုနာ ရဲ့ အနောက်မှာ ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဒါ့အပြင် ပထမပိုင်း မှာလည်း ဘာဆာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်နဲ့ ဘောလုံး ယှဉ်လုရာမှာ ဗင်နီစီးယပ်စ်က ဆွဲလှဲသလို ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ပေးကာ အဝါကတ်လည်း ပြခဲ့ပါတယ်။ ဒါဟာ သိသာ ထင်ရှားတဲ့ ဖြစ်ရပ် တစ်ခုလို့ ပြောနိုင်ခဲ့ပေမယ့် ဗင်နီစီးယပ်စ် ကတော့ ကွင်းလယ်ဒိုင်ကို ဒေါသတကြီးနဲ့ အပြင်းအထန် စောဒက တက်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်မှာ သူ မှားယွင်းတယ် ဆိုပြီး ပရိသတ်တွေက ဝေဖန်နေကာ ဒီအပြုအမူမျိုး မလုပ်သင့်ဘူး လို့လည်း ပြောဆိုခဲ့ကြပါတယ်။ တကယ်လို့သာ အခြားဒိုင်လူကြီး တစ်ဦး ဖြစ်နေခဲ့မယ် ဆိုရင် သူ့ကို နောက်ထပ် တစ်ကြိမ် အဝါကတ်ပြား ပြသခံကာ အနီနဲ့ ထုတ်ပယ်နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့တယ် လို့လည်း ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ 

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
လက်စတာ စီးတီး
1X2 သရေ @ 3.15
လက်စတာ စီးတီး အာရှ ဟန်းဒီးကပ် 0.00 @ 1.89
ဂိုးပေါ် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရှုံးတာတောင် သူ့အသင်းက သနပ်ခါး မပျက်ခဲ့ဘူး လုပ်နေတဲ့ အန်ဆယ်လော့တီ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ဘာစီလိုနာကို အရေးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေး ပွဲစဉ်မှာ ပြိုင်ဘက် အသင်းက ခံစစ် ကစားသွားခဲ့တဲ့ အပေါ် အံ့အားသင့်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာက ဒီလို ကစားမယ်လို့ သူ မျှော်လင့်မထားကြောင်းလည်း အန်ဆယ်လော့တီက ဖွင့်ဟခဲ့ကာ သူ့အသင်း ခြေစွမ်းကို အားရမိတယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် ရီးရဲလ်ဟာ ဘာစီလိုနာ ဘက်ကို ဂိုးပေါက် တည့်မှု တစ်ကြိမ်လေးတောင် တည့်မတ်အောင် မကန်သွင်းနိုင်ခဲ့ဘဲ မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ အရေးနိမ့်ခဲ့တာပါ။ “ ဘာစီလိုနာက ဒီလို ကစားသွားတာ နည်းနည်းတော့ ထူးဆန်းတယ်ဗျ၊ ဒါပေမယ့် သူတို့က အရမ်း ကျစ်လစ်ခဲ့ပြီး ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တယ်၊ ပြီးတော့ သူတို့က Lines တွေ အားလုံးကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်”

“ ကျနော့် အသင်း ခြေစွမ်း ကိုတော့ ကျေနပ်မိတယ်၊ ဒုတိယအကျော့မှာ ကျနော်တို့ ဒီပုံစံ အတိုင်း ကစားနိုင်ခဲ့မယ် ဆိုရင် အခွင့်အရေးကို အရယူနိုင်မှာပါ” လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။ နူးကမ့်ပ်မှာ ကစားရမယ့် ဒုတိယအကျော့ ကိုတော့ ဧပြီလ ၄ ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်