နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသက်ကြီးမှ ခြေစွမ်းပြနေတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို စိတ်ဝင်စားနေတဲ့ အက်တလက်တီကို မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ် အသင်း ကတော့ ကိုလံဘီယာ အသင်းနဲ့ အတူ လက်ရှိ ၂၀၂၄ ကိုပါအမေရိကမှာ တကျော့ပြန် တောက်ပပြနေတဲ့ တိုက်စစ်မှူး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ သတင်းတွေမှာ ဖော်ပြချက် အရ ဆိုရင် ကိုလံဘီယာ အသင်းခေါင်းဆောင် ကွင်းလယ် တိုက်စစ်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ် ကိုယ်တိုင် ကလည်း ဒီနွေရာသီမှာ လာလီဂါ ကလပ်ထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကိုလံဘီယာ လက်ရွေးစင် အသင်းခေါင်းဆောင် ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ပေါ်တို၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ်၊ အဲဗာတန်နဲ့ အိုလံပီယာကော့စ် တို့လို ဥရောပ ထိပ်တန်း ကလပ်တွေမှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူက လက်ရှိမှာတော့ ဘရာဇီးလ် ထိပ်သီး ကလပ် ဆာပေါ်လို အသင်းမှာ ကစားနေပြီး ကိုလံဘီယာနဲ့ အတူ နောက်ထပ် တစ်ကြိမ် တောက်ပပြနေတာ ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို တောင်ပံမှာလည်း ထွက်ကစားနိုင်သူ ဖြစ်ပါတယ်။ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ နိုင်ငံ အသင်း ဖြစ်တဲ့ ကိုလံဘီယာ အတွက် ပွဲပေါင်း ၁၀၀ ပြည့်အောင် ကစားထားပြီး လက်ရှိ ၂၀၂၄ ကိုပါအမေရိကဖလား မှာလည်း သူ့ရဲ့ နိုင်ငံအသင်းကို ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ပေးထားသူ ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ဒီနှစ် ကိုပါအမေရိကဖလားမှာ ၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။

ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်ကျော် ကာလ အတွင်း ခြေစွမ်းပိုင်း တော်တော်လေးကို ကျဆင်းနေခဲ့ပြီး ရောက်တဲ့ အသင်းတိုင်းမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းတွေ တောက်လျောက် ပြောင်းခဲ့ရပြီး အဲဗာတန်၊ ကာတာ ကလပ် အဲလ်ရေယန်၊ ဂရိကလပ် အိုလံပီယာကော့စ် တို့လို အသင်းငယ်တွေ မှာပါ သွားရောက် ကစားခဲ့ရပါတယ်။ ဒါ့အပြင် ရိုဒရီဂွက်ဇ်ဟာ ဒီကလပ်တွေကို ပြောင်းရွှေ့ကြေးနဲ့ မဟုတ်ပဲ အလွတ်ကြေးတွေနဲ့ ပြောင်းခဲ့ရတာ ဖြ်စပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာ လက်ရွေးစင် အသင်းနဲ့ အတူ ပြန်လည် တောက်ပနေတာကြောင့် သူ့ကို လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် အပါအဝင် ဥရောပထိပ်သီး ကလပ် တချို့က စိတ်ဝင်စားနေခဲ့ပြီ ဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ် အသင်း နည်းပြ ဒီယေဂို ဆီမြွန်နီဟာ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ရီးရဲလ်မက်ဒရစ် ကနေ အဲဗာတန် အသင်းထံ မပြောင်းရွှေ့ခင် ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီဂွက်ဇ်ဟာ ပေါ်တို အသင်းနဲ့ အတူ ပေါ်တူဂီ ဖလား ၃ ကြိမ် အပါအဝင် ပြည်တွင်းဖလား ၂ လုံး၊ ယူရိုပါလိဂ် ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲဒီနောက် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် မှာတော့ အမှတ်ပေးဖလား ၂ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ဥရောပစူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။ ဘေယန်မြူးနစ်မှာတော့ ဘွန်ဒက်စ်လီဂါ ၂ ကြိမ်၊ ပိုကယ်ဖလား ၁ ကြိမ် ရရှိခဲ့ပြီး ဆာပေါ်လိုနဲ့တော့ Copa do Brasil ဖလား ရရှိထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်