နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်မှာ ရာထူး တည်မြဲချင်ရင် လာမယ့် လအနည်းငယ် အတွင်းမှာ ဆုဖလားတွေ ရယူပေးဖို့ လိုအပ်နေတဲ့ အာဘီလိုအာ | လာလီဂါ

အဲလ်ဗာရို အာဘီလိုအာ အနေနဲ့ လာလီဂါ ထိပ်သီး ကလပ်မှာ ရာထူး တည်မြဲချင်ရင် လာမယ့် လအနည်းငယ် အတွင်းမှာ ဆုဖလားတွေ ရယူပေးဖို့ လိုအပ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ဇာဘီ အလွန်ဆို ရာထူးက ထုတ်ပယ်ခံရပြီးနောက် အာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ် ကတ်စ်တီးလား (လူငယ်အသင်း) နည်းပြဘဝ ကနေ စီနီယာ အသင်းကြီး နည်းပြ အဖြစ် ချက်ချင်း ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရတာပါ။ သူဟာ ကိုပါဒယ်ရေးမှာ စပိန် တတိယတန်းကလပ် အယ်လ်ဘာစီတီကို ရှုံးနိမ့်ပြီး အဖွင့်မလှခဲ့ပေမဲ့၊ နောက်ပိုင်း မှာတော့ လာလီဂါ (၃) ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ (ချန်ပီယံလိဂ် မှာတော့ ရလဒ်ပိုင်း အနည်းငယ် ပြန်လည် ကျဆင်းခဲ့ပါတယ်) ။

၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း အာဘီလိုအာဟာ ယာယီ နည်းပြထက် ပိုတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး လာမယ့်ရာသီကုန် အထိ စာချုပ်ချုပ်ဆိုထားတယ်လို့ သတင်းတွေက ဖော်ပြထားပေမယ့် ESPN ရဲ့ အဆိုအရ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဆုဖလားလက်မဲ့ ဖြစ်ခဲ့မယ် ဆိုရင် ၂၀၂၆-၂၀၂၇ ရာသီမှာ အာဘီလိုအာကို နည်းပြ အဖြစ် မြင်တွေ့ရဖို့ မရှိတော့ဘူးလို့ သိရပါတယ်။

 

လက်ရှိ အခြေအနေနှင့် စိန်ခေါ်မှုများ:

ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာ ၆ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ဇယားထိပ်က ဘာစီလိုနာနဲ့ ၁ မှတ် အကွာမှာ ရှိနေပါတယ်။ လက်ကျန် ပွဲစဉ် ၁၆ ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် ချန်ပီယံဆု အတွက် အပြည့်အဝ မျှော်လင့်နိုင်ပါသေးတယ်။ ချန်ပီယံလိဂ် မှာတော့ အုပ်စု အဆင့်မှာ အဆင့် (၈) အတွင်း မဝင်ခဲ့တာကြောင့် ဘင်ဖီကာနဲ့ ပလေးအော့ဖ်ကို ဒီလထဲမှာ ကစားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် Luck ရှိတဲ့ အသင်း ဖြစ်လို့ စောင့်ကြည့်ရပါဦးမယ်။ တစ်ဖက် မှာတော့ ရီးရဲလ်က ကိုပါဒယ်ရေး ကနေ ထွက်ခဲ့ရသလို၊ စပိန်စူပါဖလား ဗိုလ်လုပွဲ မှာလည်း ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီး ဖြစ်ပါတယ်။

သူဟာ ကိုပါဒယ်ရေးမှာ စပိန် တတိယတန်းကလပ် အယ်လ်ဘာစီတီကို ရှုံးနိမ့်ပြီး အဖွင့်မလှခဲ့ပေမဲ့၊ နောက်ပိုင်း မှာတော့ လာလီဂါ (၃) ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
အာဘီလိုအာ ဖလားမယူပေးနိုင်ရင် ရာထူး ကနေ ထုတ်ပယ်မယ့် ရီးရဲလ်မက်ဒရစ်

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဇနက်ဒင် ဇီဒန်းဟာ လူငယ် အသင်း ကနေ တက်လာပြီး ချန်ပီယံလိဂ် ဖလား ရယူပေးနိုင်ခဲ့ပေမယ့် အာဘီလိုအာ အတွက်တော့ အတွေ့အကြုံ နည်းပါးမှုနဲ့ ဇီဒန်း ရခဲ့သလောက် မပြည့်စုံတဲ့ ကစားသမား စုဖွဲ့မှုတွေကြောင့် အခြေအနေက ပိုပြီး ခက်ခဲဖို့ ရှိနေပါတယ်။ 

 

အာဘီလိုအာ ရာထူး မတည်မြဲရင် ရီးရဲလ်ရဲ့ နောက်ထပ် နည်းပြ ဘယ်သူဖြစ်မလဲ

အကယ်၍ အာဘီလိုအာသာ ရာထူးက ထွက်ခွာခဲ့ရရင် ရီးရဲလ်မက်ဒရစ် အတွက် အမြဲတမ်း နည်းပြသစ် တစ်ယောက် လိုအပ်လာပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိမှာ အများသဘောတူ ဝိုင်းဝန်း လက်ခံတဲ့ နည်းပြလောင်း မရှိသေးတာက ပြဿနာ တစ်ခု ဖြစ်နေပါတယ်။ 

 

ဖြစ်နိုင်ခြေရှိတဲ့ နည်းပြလောင်းများ

ဇီဒန်း – ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ် ကတော့ ဇီဒန်းကို တတိယအကြိမ် အသင်းထံ ပြန်ခေါ်ချင်နေပါတယ်။ ဒါပေမဲ့ ဇီဒန်း ကတော့ ဒီနွေရာသီမှာ ဒီဒီယာ ဒက်စ်ရွှမ့်ရဲ့ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ရာထူးကို ဆက်ခံဖို့ စောင့်ဆိုင်းနေပါတယ်။

ယာဂန် ကလော့ပ်နဲ့လည်း သတင်းတွေ ထွက်နေပေမယ့် ကလော့ပ်ရဲ့ ကစားဟန်က ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ် ဆင်းကူဖို့ ဝန်လေးတတ်တဲ့ တိုက်စစ် ကစားသမားတွေနဲ့ အဆင်ပြေဖို့ ခက်ခဲနိုင်ပါတယ်။ နောက်ပြီး ကလော့ပ်လို နည်းပြမျိုးနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ Culture က ပြဒါး တလမ်း သံတလမ်းလို ဖြစ်နေပါတယ်။

ဆက်စ် ဖာဘရီဂတ်စ် ကတော့ ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ် နည်းပြ ဖြစ်နေပေမယ့် သူရဲ့ ဘာစီလိုနာ နောက်ခံကြောင့် ရီးရဲလ်မက်ဒရစ်ကို လာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ မီခဲလ် အာတေးတားလည်း ထိုနည်းတူပါပဲ။

အန်ဇို မာရက်စကာ ကတော့ ပပ် ဂွါဒီယိုလာရဲ့ တပည့် ဖြစ်ပြီး လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေပေမယ့် ထိပ်တန်း အဆင့်မှာ ကိုင်တွယ်နိုင်စွမ်း ရှိ၊ မရှိ မေးခွန်းထုတ်စရာ ရှိနေပါတယ်။

မော်ရင်ဟိုနဲ့ တူချယ် ကတော့ ဘွတ်ကီတွေ အကြားမှာ ရေပန်းစားနေပေမယ့် ပရိသတ်တွေ ကိုတော့ စိတ်လှုပ်ရှားမှု ပေးနိုင်မှာ မဟုတ်ပါဘူး။

နောက်ဆုံး ဖြစ်နိုင်ခြေ ရှိတာ ကတော့ လာမယ့် နွေရာသီမှာ ဘရာဇီးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကာလို အန်ဆယ်လော့တီကို တတိယအကြိမ် ပြန်လည် ခေါ်ယူဖို့ ဖြစ်ပါတယ်။ အသက် ၆၆ နှစ် အရွယ် အန်ဆယ်လော့တီဟာ ၂၁ ရာစုရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက် ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အထာကို ကောင်းကောင်းသိသလို လော့စ်ဘလန်ကို တို့ရဲ့ ယဉ်ကျေးမှုနဲ့ အကောင်းဆုံး စီးမျောနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အသက်အရွယ် ကြီးရင့်နေမှုက ရီးရဲလ်မက်ဒရစ် အတွက် သဘောမကျစရာ အခြေအနေ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်