နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ကို ရှုံးအပြီး လာလီဂါ မှာပါ ထပ်ရှုံးတဲ့ ဘာစီလိုနာ၊ ကက်စ်မဲရိုးရဲ့ မှတ်ချက်ကြောင့် မပျော်မရွှင် ဖြစ်နေတဲ့ ရီးရဲလ် ပရိသတ်များ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ယူနိုက်တက်ကို ရှုံးအပြီး လာလီဂါ မှာပါ ထပ်ရှုံးတဲ့ ဘာစီလိုနာ၊ ကက်စ်မဲရိုးရဲ့ မှတ်ချက်ကြောင့် မပျော်မရွှင် ဖြစ်နေတဲ့ ရီးရဲလ် ပရိသတ်များ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်ကို ရှုံးအပြီး လာလီဂါ မှာပါ ထပ်ရှုံးတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ကတော့ မနေ့ညက ကစားခဲ့တဲ့ အယ်လ်မီရီယာနဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်ကို နောက်ထပ် အမှတ်တွေ ဖြတ်တောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရတာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့မှုက သူတို့ကို နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာလည်း ဘာစီလိုနာက ပြိုင်ဘက်ကို ကောင်းကောင်း ဖိအားမပေးနိုင်ခဲ့ဘဲ အယ်လ်မီရီယာ ကတောင် တိုက်စစ် ကစားပုံ ပိုကောင်းခဲ့ပါတယ်။ ဇာဗီက သူ့အသင်းကို လူစာရင်းပိုင်း ပြောင်းလဲမှုတွေ လုပ်ကာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လီဝမ်ဒေါစကီးလည်း ဒီတခါမှာ အသင်းကို မကယ်တင်နိုင်ဘဲ ရှိခဲ့ရပါတယ်။

ဒီရှုံးပွဲကြောင့် ဘာဆာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၇ မှတ်သာ ကွာဟပါတော့တယ်။ ရီးရဲလ်က မက်ဒရစ် ဒါဘီပွဲမှာ အက်သလက်တီကိုနဲ့ ၁ ဂိုးစီ သရေကျခဲ့လို့ အယ်လ်မီရီယာ ကိုသာ သူတို့ နိုင်ခဲ့မယ် ဆိုရင် ၁၀ မှတ် အထိ ဖြတ်တောက်နိုင်ခဲ့မှာပါ။ ဘာစီလိုနာ ကတော့ လာလီဂါမှာ ခံစစ် ကောင်းလှပါတယ်၊ ကစားကွက် ကနေ ဂိုးမပေးရဘူးလို့ ကြွေးကြော်ထားချိန်မှာပဲ ဆက်တိုက် ရှုံးပွဲ ကြုံခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
ခရစ္စတယ်ပဲလေ့စ်
1X2 မန်ချက်စတာစီးတီး @ 1.43
ဂိုးပေါင်း 2-3 @ 2.05
ဂိုးပေါ် 2.75 @ 1.83
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီရာသီမှာ အဆိုးရွားဆုံး ပွဲပဲလို့ ပြောပြီး ကစားသမားတွေကို ဒေါသထွက်နေတဲ့ ဇာဗီ

လာလီဂါ ပွဲစဉ်မှာ အယ်လ်မီရီယာကို အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာ နည်းပြ ဇာဗီဟာ အသင်းသားတွေကို ပြင်းပြင်းထန်ထန် ဒေါသထွက်နေပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာဟာ အယ်လ်မီရီယာကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရာ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး အယ်လ်မီရီယာက သမိုင်းတစ်လျှောက် ဘာဆာကို ပထမဆုံး အကြိမ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ ဇာဗီက “ ဘာဆို ဘာမှကို ကောင်းမွန်တာ မရှိဘူး၊ ဆိုးရွားတဲ့ ပွဲတစ်ပွဲကို ကစားခဲ့တယ်၊ ကျနော် ဒေါသထွက်မိပါတယ်၊ ဘာလို့လဲ ဆိုတော့ ၁၀ မှတ် အထိ ဖြတ်တောက်ထားနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် မလုပ်နိုင်ခဲ့လို့ပါ၊ ဒီအတွက် ကျနော်တို့ အဖြေရှာရပါမယ်၊ ကျနော်တို့ ဒီထက် ပိုပြီးတော့ ကျရှုံးလို့ မဖြစ်တော့ပါဘူး၊ မက်ဒရစ်က သရေကျခဲ့တာ တကယ့် ရွှေ အခွင့်အရေးပါ၊ ဒါကို မရယူနိုင်ခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ပြီးနောက် နောက်ထပ် ရှုံးပွဲ ထပ်တွေ့ခဲ့တာပါ။ ဒါပေမယ့်လည်း လက်ရှိမှာ ၇ မှတ် အသာနဲ့ လာလီဂါကို ဦးဆောင်နေဆဲ ဖြစ်ပြီး ကိုပါဒယ်ရေးဖလား မှာလည်း ဆုဖလား ရယူနိုင်ဖို့ အခွင့်အရေး ရှိသေးတာကြောင့် ဘာဆာက ပြည်တွင်း ဖလား ၂ လုံးကို မျှော်လင့်နိုင်ပါသေးတယ်။


ကက်စ်မဲရိုးရဲ့ မှတ်ချက်ကြောင့် မပျော်မရွှင် ဖြစ်နေတဲ့ ရီးရဲလ် ပရိသတ်များ

ပြီးခဲ့တဲ့ ရက်က အသင်းနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ အစီအစဉ်မှာ ကက်စ်မဲရိုးက အင်္ဂလန် ပရီးမီးယားလိဂ်က လာလီဂါ ထက် ပိုမိုခက်ခဲတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကက်စ်မဲရိုးရဲ့ မှတ်ချက်ကြောင့် မပျော်မရွှင် ဖြစ်နေတဲ့ ရီးရဲလ် ပရိသတ်များ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူး လုပ်ခဲ့ချိန်မှာ ကွင်းလယ်လူ ကက်စ်မဲရိုး ပြောခဲ့တဲ့ စကားတွေ အတွက် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေက မပျော်မရွှင် ဖြစ်နေကြပါတယ်။ ကက်စ်မဲရိုး ကတော့ ရီးရဲလ်မက်ဒရစ်မှာ နှစ် အတန်ကြာ ကစားခဲ့ပြီး ဒီရာသီကမှ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်က အသင်းနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ အစီအစဉ်မှာ ကက်စ်မဲရိုးက အင်္ဂလန် ပရီးမီးယားလိဂ်က လာလီဂါ ထက် ပိုမိုခက်ခဲတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကွဲပြားခြားနားမှုတွေလည်း ရှိနေခဲ့ပြီး သူ့အတွက်တော့ ပရီးမီးယားလိဂ်မှာ ကစားရတာ လာလီဂါမှာထက် ပိုခက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအပေါ်မှာ ရီးရဲလ် ပရိသတ်တွေက အလိုမကျ ဖြစ်နေတယ်လို့ သိရတာ ဖြစ်ပါတယ်။ ကက်စ်မဲရိုးက သူ့ရဲ့ အမြင်ကို ပြောဆိုခဲ့တာ ဖြစ်ပေမယ့်လည်း ရီးရဲလ် ပရိသတ်တွေ ကတော့ လာလီဂါက ပရီးမီးယားလိဂ် ထက် ပိုမိုကောင်းမွန်တဲ့ လိဂ်လို့ ယူဆထားကာ သူတို့ ကစားသမားရဲ့ မှတ်ချက် အပေါ် အမြင်တွေ ကွဲလွဲနေကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်