နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတလီ အနိုင်သေချာတယ်။ ဂိုးပြတ်ဖို့တော့ မရှိဘူး။- ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

အီတလီ – ဝေးလ်စ်

အခုတစ်ပတ် မှာတော့ ယူရို ၂၀၂၀ အုပ်စုနောက်ဆုံးပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး အုပ်စု(A) က ရှုံးထွက်တက်ထားတဲ့ အီတလီနဲ့ ဝေးလ်စ်တို့ရဲ့ ပွဲစဉ် အကြောင်း SBOTOP ပရိသတ်တွေ အတွက် သုံးသပ်ချက် တချို့ကို ဖော်ပြပေးသွားမှာပါ။

လက်ရှိ အုပ်စု(A)မှာ အီတလီက ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ် နဲ့ ယူရို ၂၀၂၀ ရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဖြစ်သလို ဝေးလ်စ်ကလည်း ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်နဲ့ အုပ်စုတက်ဖို့ သေချာသလောက် ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။အီတလီက အခုပွဲမှာသာ အနိုင်(သို့) သရေကျခဲ့ရင် အုပ်စု ပထမနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင်တော့ ဒုတိယနေရာ ကနေ နောက်တစ်ဆင့် တက်မှာ ဖြစ်ပါတယ်။ ဝေးလ်စ် ကတော့ အနိုင်ရရင် အုပ်စု ပထမရမှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင်လည်း တစ်ဖက်က ဆွစ်ဇာလန်နဲ့ တူရကီတို့ရဲ့ ပွဲရလဒ်အပြင် ဂိုးကွာခြားချက် ကလည်း ရှိနေပါသေးတယ်။ သင်္ချာနည်းအရတော့ ဝေးလ်စ်တို့ယူရို ၂၀၂၀ နောက်ဆုံး ၁၆ သင်း အဆင့်ကို တက်လှမ်းထားခဲ့ပြီလို့ ပြောလို့ရပါတယ်။

 
လက်ရှိ ခြေစွမ်းကို ပြန်ကြည့်မယ်ဆိုရင် အီတလီတို့ လက်ရှိမှာ အသင်းလိုက် စုစည်းမှု အရမ်းကောင်းနေပြီး စိတ်ဓာတ် ကလည်း အမြင့်ဆုံး ရောက်နေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၀ ပွဲဆက်တိုက် ပေးဂိုး မရှိ နိုင်ပွဲရထားတဲ့ အပြင် တစ်ပွဲကို အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်ဆိုတာ တော်ရုံ စွမ်းဆောင်ဖို့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ တိုက်စစ်မှူးတွေ မကြာခဏ ဂိုးသွင်းခွင့်တွေ ဖြန်းတီးနေတာ ကိုတော့ သတိထားဖို့ လိုအပ်နေပြီး ဒီအချက်ဟာ တကယ်တမ်း ပြိုင်ဘက်ကောင်းနဲ့ တွေ့တဲ့ အခါမှာ အီတလီ အတွက် အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ် နှစ်ပွဲစလုံးမှာ အလယ်တန်းနဲ့ နောက်တန်းရဲ့ ဘယ်/ညာ တောင်ပံ နှစ်ဖက်က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ ထိပ်တန်းအဆင့်မှာ ရှိခဲ့ကြသလို တိုက်စစ်မှူးတွေထက် ပိုပြီး အရေးပါခဲ့တာ တွေ့ရပါလိမ့်မယ်။ အကောင်းဘက်က တွေးရင်တော့ အီတလီ တိုက်စစ်မှူးတွေ ဂိုးပေါက် ပျောက်နေခဲ့ရင်တောင် ကျန်နေရာစုံက ကစားသမားတွေ ဂိုးသွင်းနိုင်တာ ဖြစ်ပါတယ်။ အခုပွဲမှာ အီတလီတို့ တွေ့ဆုံရမှာက ဆွစ်ဇာလန်၊ တူရကီ တို့ထက် စိတ်ဓာတ်ပို မာကျောပြီး ဒုက္ခပေးနိုင်တဲ့ ကစားသမားများတဲ့ ဝေးလ်စ်နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် မန်ချီနီတို့ အုပ်စု အိမ်ကွင်းမှာ ကစားရပေမယ့် အမှားလုပ်ခွင့်တော့ လုံးဝမရှိပါဘူး။ ဝေးလ်စ် ကတော့ အီတလီကို အနိုင်ယူနိုင်စွမ်း မရှိပေမယ့် ခက်ခဲစေနိုင်တဲ့ အင်အားတော့ ရှိတယ်။ အဘက်ဘက်က အသာရနေတဲ့ အီတလီကို အဓိက ခံစစ်ကစားရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ပွဲတွေကလို ရမ်ဆေးလ်နဲ့ ဂါရက်သ်ဘေးလ် တို့ရဲ့ အတိုးအလှုပ်တွေ အပြင် တန်ပြန် တိုက်စစ်နဲ့ အီတလီ ခံစစ်ကို ခြိမ်းခြောက်မယ့် သဘောရှိပါတယ်။ အီတလီ ခံစစ်က ချီလီနီ ဒဏ်ရာကြောင့် လွဲချော်နိုင်ပေမယ့် အကာဘီ ရဲ့ခြေစွမ်း ကလည်း ထိပ်တန်းအဆင့် ရှိနေလို့ ဝေးလ်စ်တို့ ထင်သလောက် လွယ်ကူနိုင်ဖို့တော့ မရှိပါဘူး။

သင်္ချာနည်းအရတော့ဝေးလ်စ်တို့ယူရို၂၀၂၀နောက်ဆုံး၁၆သင်းအဆင့်ကိုတက်လှမ်းထားခဲ့ပြီလို့ပြောလို့ရပါတယ်။
ယူရို ပြိုင်ပွဲ ၂ ကြိမ်ဆက် ရှုံးထွက်တက်ရောက်ထားနိုင်တဲ့ ဝေးလ်စ်

ဖြစ်နိုင်ဖွယ်လူစာရင်း ဆိုရင်တော့ အီတလီမှာ ဂိုးမှာ ဒွန်နာရူးမား၊ နောက်တန်း-တိုလွိုင်း၊ ဘိုနူချီ၊ အကာဘီ၊ အီမာဆင်၊ ကွင်းလယ်မှာ လိုကတ်တယ်လီ၊ ဂျော်ဂျင်ဟို၊ ဘာရယ်လာ၊ တိုက်စစ်မှာ ဘာရက်ဒီ၊ ဘယ်လော့တီ၊ ခီယေဇာတို့ နဲ့ ပွဲထွက်လာဖို့ ရှိပါတယ်။ ဝေးလ်စ် ကတော့ ဂိုးမှာ ဝက်ဒ်၊ နောက်တန်းမှား မီဖမ်း၊ ရွန်ဒွန်၊ ဒေးဗီးစ်၊ ကွင်းလယ် မှာတော့ အမ်ပါဒူ၊ ဂျိုးအလန်၊ ဘေးလ်၊ ရမ်ဆေး၊ ဂျိမ်းစ်၊ တိုက်စစ် မှာတော့ ကီဖာမော တို့ ပါဝင်လာဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မယ်ဆိုရင် အီတလီက ၇ ပွဲနိုင်ပြီး ဝေးလ်စ်က ၂ ပွဲနိုင်ထားပါတယ်။ သရေ ရလဒ် ထွက်ပေါ်ထားခြင်းတော့ လုံးဝမရှိပဲ တွေ့ဆုံမှု တော်တော်များများမှာ နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ အထက်မှာ ရှိခဲ့ပါတယ်။ ခြေစမ်းပွဲ ၃ ကြိမ်သာ ကစားထားခဲ့ပြီး ကျန် ၈ ပွဲကတော့ ခြေစစ်ပွဲတွေ အဖြစ် ကစားထားခဲ့တာ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အီတလီ – ဝေးလ်စ် 1X2 အီတလီ @ ၁.၄၅ ဆ
ဇွန်လ ၂၀ ရက်, မနက်၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအီတလီ အတွက် ၁.၄၅ ဆနဲ့ဝေးလ်စ် အတွက်၈.၅၀ ဆကြေးဖွင့်ပြီးသရေအတွက် ၄.၁၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။အီတလီရဲ့ လက်ရှိခြေစွမ်းက တော်တော်လေး တည်ငြိမ်နေပြီး အကောင်းဆုံး ပုံစံမှာ ရှိနေတယ်။ ရှုံးထွက် တက်သွားပြီဖြစ်လို့ မန်ချီနီ အနေနဲ့ အဓိက ကစားသမားတွေကို အနားပေးပြီး လူငယ်တွေရဲ့ ခြေစွမ်းကို စမ်းသပ်လာနိုင်တယ်။ ဝေးလ်စ် ကလည်း ရှုံးထွက် တိုက်ရိုက် တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းနေပြီးသား ဖြစ်လို့ ဖိအားကင်းကင်းနဲ့ ကစားလို့ ရနေသလို အီတလီ ကို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုးရှိတယ်။ ဒါပေမယ့်  အသင်းကြီး အီတလီပဲ ရာနှုန်းပြည့် နိုင်ပွဲ ယူပြီး ပေးဂိုး ၀ နဲ့ နောက်တစ်ဆင့် တက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဂိုးတော့ မပြတ်နိုင်ပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်