နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းပြန်မှန်လာတဲ့ ဘရာဇီးလ်ကို စပိန် အသာရပါ့မလား | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲကြိုသုံးသပ်ချက်)

စပိန် – ဘရာဇီးလ်

ဒီတစ်ပတ် နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေထဲက အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် စပိန်နဲ့ ဘရာဇီးလ်တို့ ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းမှာ ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်သီး အသင်းကြီး နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ ခြေစမ်းပွဲပေမယ့် စိတ်ဝင်စားစရာ ကောင်းနေဦးမှာပါ။

စပိန်က ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ တောင်အမေရိက အသင်း တစ်သင်းပဲ ဖြစ်တဲ့ ကိုလံဘီယာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး အခုလည်း ဘရာဇီးလ်နဲ့ ထပ်မံ ရင်ဆိုင်ရဦးမှာပါ။ စပိန်က လူးဝစ် ဒယ်လာ ဖျူအန်တီရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ပွဲ မတိုင်ခင် အထိ ရလဒ်တွေ တောက်လျောက် ကောင်းနေပြီး လူငယ်နဲ့ လူကြီး ပေါင်းစပ်မှုနဲ့ ပုံမှန် ခြေစွမ်းရနေခဲ့တာ ဖြစ်ပါတယ်။ စပိန်က နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ကျန် ၄ ပွဲစလုံး အနိုင်ရထားပါတယ်။ အဲ့ဒီ ၅ ပွဲမှာ စပိန် တိုက်စစ်က ၉ ဂိုး ရခဲ့ပြီး ပေးဂိုး ကတော့ ၄ ဂိုး ရှိခဲ့ပါတယ်။

ဘရာဇီးလ် ကတော့ နည်းပြသစ် ဒိုရီဗယ် ဂျူနီယာရဲ့ ပွဲဦးထွက်မှာ အင်္ဂလန်ကို အနိုင်ရခဲ့ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ဒီမတိုင်ခင် ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးတော့ ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့တာပါ။ အဲ့ဒီပွဲမှာ ဘရာဇီးလ်က ခြေစွမ်းပိုင်းလည်း တိုးတက်လာခဲ့တာ မြင်တွေ့ရပြီး လူငယ် တိုက်စစ် ကြယ်ပွင့် အန်းဒရစ်ခ်လည်း သူ့အတွက် ပထမဦး နိုင်ငံ့လက်ရွေးစင် အသင်း သွင်းဂိုး ရရှိခဲ့ပါတယ်။ ဘရာဇီးလ်က ဒီပွဲ ပြီးရင် မက္ကဆီကို၊ အမေရိကန် တို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ကစားဖို့ ရှိနေပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ စပိန် ဘက်က ဟိုဆေးလူ တစ်ယောက်ပဲ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပြီး ကျန်ကစားသမား အားလုံး ကတော့ ဒဏ်ရာပြသနာ ကင်းရှင်းနေကြပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

စပိန် – ဆီမွန်၊ လာပေါ့တ်၊ လီနော်မက်ဒ်၊ ဂရီမဲလ်ဒို၊ ကာဗာဟယ်၊ ရိုဒရီ၊ မာရီနို၊ ရူအစ်ဇ်၊ အော်လမို၊ ဝီလီယမ်စ်၊ မိုရာတာ

ဘရာဇီးလ် – ခရက်ပ်စကီး၊ ဘာရဲလ်ဒို၊ ဘရီမာ၊ ဒန်နီလို၊ ဝန်ဒဲလ်၊ ဂီမာရေးစ်၊ ပက်ကေးတား၊ လူးဝစ်ဇ်၊ ပေပေ၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရိုဒရီဂို


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက တစ်ကြိမ် တွေ့ဆုံထားခဲ့ပြီးတော့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလား မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဘရာဇီးလ်က အဲ့တုန်းက ဖရက်ဒ်၊ နေမာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ စပိန်က ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး ဘရာဇီးလ်က ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ စပိန် နိုင်ရင် ၂.၁၇ ဆ၊ ဘရာဇီးလ် နိုင်ရင် ၂.၉၀ ဆ၊ သရေ ဆိုရင်တော့ ၂.၉၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ စပိန်က ဒဲ့ကြေး၊ သရေ အရှုံး ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကလည်း ၃ လုံး သွင်းဖို့ လိုအပ်ပါလိမ့်မယ်။ စပိန်က နိုင်ပွဲတွေ ဆက်ပြီးမှ ရှုံးပွဲ ပြန်တွေ့ခဲ့ပေမယ့် ဘရာဇီးလ် ကတော့ ရှုံးပွဲတွေ ဆက်နေပြီးမှ နိုင်ပွဲ ပြန်ရထားပါတယ်။ ဘောလုံး အင်အားကြီး နိုင်ငံ နှစ်နိုင်ငံရဲ့ တွေ့ဆုံမှု ဖြစ်လို့ ခန့်မှန်းရတော့ ခက်ပါတယ်။ စပိန်က ပြီးခဲ့တဲ့ ရှုံးပွဲ ကနေ ပြန်လည် ရုန်းထွက်ဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် ဘရာဇီးလ် ကလည်း အင်္ဂလန်နဲ့ ပွဲမှာ ပုံစံကောင်း ပြသနိုင်ခဲ့တာကြောင့် ဒီပွဲ ကိုတော့ သရေလောက်ပဲ မှန်းထားချင်ပါတယ်။

ခန့်မှန်းရလဒ်

စပိန် ၁-၁ ဘရာဇီးလ် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်