နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျခဲ့တဲ့ စပိန်နဲ့ ဘရာဇီးလ် | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲပြီးသုံးသပ်ချက်)

စပိန် ၃-၃ ဘရာဇီးလ်

ဒီတစ်ပတ် နိုင်ငံတကာ ခြေစမ်းပွဲတွေထဲက အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် စပိန်နဲ့ ဘရာဇီးလ်တို့ ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ စပိန်က ဘရာဇီးလ် ထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး ဒီပွဲမှာတော့ ပင်နယ်တီ သွင်းဂိုး ၃ ဂိုး အထိ မြင်တွေ့ခဲ့ရပါတယ်။ 

စပိန်ဟာ ကိုလံဘီယာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ တော်တော်များများ ပြုလုပ်လာခဲ့ပြီး ဂိုးမှာ ဆီမွန်၊ နောက်တန်းမှာ နော်မက်ဒ်၊ လာပေါ့တ်၊ ကူကာရယ်လာ၊ ကာဗာဟယ်၊ ကွင်းလယ်မှာ ရိုဒရီ၊ ရူအစ်ဇ်၊ အော်လမို၊ တိုက်စစ်မှာ ဝီလီယမ်စ်၊ ယာမယ်၊ မိုရာတာ တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် ကတော့ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေ့ပွဲမှာ စပိန်ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ် ဆိုတာတော့ ငြင်းလို့ မရပါဘူး။ ပွဲစကတည်းက စပိန်ဟာ ဘရာဇီးလ် ဘက်ကို ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီးတော့ ပွဲချိန် ၁၂ မိနစ်မှာတင် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ရိုဒရီက အမှားအယွင်းမရှိ ကန်သွင်းခဲ့သလို ၃၆ မိနစ် မှာလည်း အော်လမိုက ယာမယ်လ်ရဲ့ ဖန်တီးပေးမှုကနေ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာတော့ ဘရာဇီးလ်တို့ ချေပဂိုး ရခဲ့ပြီး ရိုဒရီဂိုက သွင်းယူပေးခဲ့တာပါ။ 

စပိန်ဟာ လာမယ့် ဇွန်လမှာ ယူရို ၂၀၂၄ အုပ်စု ပွဲစဉ်တွေ ကစားဖို့ ရှိပြီး ဒီမတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့ ပြင်ဆင်ထားပုံပါပဲ။
ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် သွင်းဂိုး ၂ ဂိုး ရခဲ့ပြီ ဖြစ်တဲ့ အန်းဒရစ်ခ်

ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ဘရာဇီးလ် ဘက်က ကစားသမား ၄ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ရာဖင်ညာ အစား အန်းဒရစ်ခ်၊ ဂီမာရေးစ် အစား အန်ဒရီ၊ ဂိုးမက်စ် အစား ပါရဲရားနဲ့ ဒန်နီလို အစား ကူတိုတို့ ဝင်ရောက်လာခဲ့ပါတယ်။ လူစားပြောင်းလဲမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ ဘရာဇီးလ်တို့ အချိတ်အဆက် ပိုမိလာခဲ့ပြီး စပိန်ကို တောက်လျောက် ဖိအားပေးလာနိုင်ခဲ့ပါတယ်။ အဲ့နောက် မိနစ် ၅၀ မှာတော့ ဘရာဇီးလ် အတွက် ဒုတိယ ချေပဂိုးကို လူငယ်ကစားသမားလေး အန်းဒရစ်ခ်က သွင်းယူပေးခဲ့ပါတယ်။ အန်းဒရစ်ခ်ဟာ နှစ်ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး ဒုတိယမြောက် နိုင်ငံအသင်း အတွက် သွင်းဂိုးလည်း ဖြစ်ပါတယ်။ 

ပွဲချိန်ကြာလာတာနဲ့ အမျှ ပွဲက မြိုင်ဆိုင်လာသလို နှစ်ဖက်အသင်း ကစားသမားတွေ အဝါကတ်တွေလည်း ပြခံခဲ့ရပါတယ်။ အဲ့နောက် နှစ်သင်းစလုံး လူစားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပြီး ရိုဒရီက ပင်နယ်တီက တစ်ဆင့် ဦးဆောင်ဂိုး ထပ်သွင်းပေးခဲ့ပြီး မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ဘရာဇီးလ်တို့ ပင်နယ်တီ ရခဲ့ပြီး ပက်ကေးတားက အမှားအယွင်း မရှိ ကန်သွင်းပေးခဲ့လို့ တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

စပိန်ဟာ ကိုလံဘီယာကို ရှုံးခဲ့တဲ့ ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲကနဲ့ မတူပဲ ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပေမယ့် ဘရာဇီးလ်ကိုတော့ အိမ်ကွင်းမှာ အသာမရခဲ့ပါဘူး။ အဓိက ခံစစ် ကစားသမားတွေ အမှားတွေ များနေဆဲ ဖြစ်ပြီး ဘရာဇီးလ် ကတော့ စပိန်လောက် ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက် တည့်ကန်ချက် ၆ ကြိမ် ကနေ သွင်းဂိုး ၃ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီ ကတော့ မန်စီးတီး အတွက်ရော၊ စပိန် အတွက်ပါ ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာ ထပ်မံ သက်သေပြနိုင်ခဲ့ပြီး ယာမယ်လ် ကတော့ အနာဂတ်မှာ ပိုမို တောက်ပလာဦးမယ့် ကြယ်ပွင့် ဖြစ်တာ ဆိုတာ သိသာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဘရာဇီးလ် ဘက်က ဗင်နီးစီးယပ်စ်၊ ရာဖင်ညာ၊ ဂီမာရေးစ် တို့ ခြေစွမ်းမပြနိုင်ခဲ့ပဲ ခံစစ် ကစားသမားတွေရဲ့ အားနည်းချက်တွေလည်း မြင်သာခဲ့ပါတယ်။ 

စပိန်ဟာ လာမယ့် ဇွန်လမှာ ယူရို ၂၀၂၄ အုပ်စု ပွဲစဉ်တွေ ကစားဖို့ ရှိပြီး ဒီမတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့ ပြင်ဆင်ထားပုံပါပဲ။ ဘရာဇီးလ် ကလည်း ကိုပါ အမေရိက အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် ဇွန်လမှာ မက္ကဆီကို၊ အမေရိကန် တို့လို ကွန်ကာကပ်ဖ် ထိပ်သီးတွေနဲ့ ကစားဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်