နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆလိုဗေးနီးယားနဲ့ အတွေ့မှ နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့တဲ့ ပေါ်တူဂီ | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲပြီးသုံးသပ်ချက်)

ဆလိုဗေးနီးယား ၂-၀ ပေါ်တူဂီ

GOAT ကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ မနေ့ညက ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဆလိုဗေးနီးယားကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပေါ်တူဂီဟာ ၂၀၂၂ ကမ္ဘာ့ဖလား နောက်ပိုင်း တောက်လျောက် နိုင်ပွဲ ဆက်နေခဲ့ပြီးမှ ဆလိုဗေးနီးယားနဲ့ အတွေ့မှ ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေ့ပွဲမှာတော့ ပေါ်တူဂီမှာ အသင်းခေါင်းဆောင် ရော်နယ်ဒို ပြန်လည် ပါဝင်လာခဲ့ပြီး ယာအို ဖီးလစ်၊ အော့တာဗီယို တို့နဲ့ တိုက်စစ်မှာ တွဲဖက်ကစားခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဖာနန်ဒက်ဇ် ပါဝင်လာခဲ့ခြင်း မရှိပဲ နီးဗက်စ်၊ ဗစ်တင်ဟာ၊ ဒါးလော့တ်၊ ကန်ဆယ်လို၊ ခံစစ်မှာတော့ ပီပီ၊ ပါရဲရား၊ အင်နာစီယိုနဲ့ ဂိုးမှာတော့ ကော်စတာပဲ ပွဲထွက်ခဲ့ပါတယ်။ အိမ်ရှင် ဆလိုဗေးနီးယား ကတော့ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပြီး အိုဘလက်ခ်၊ ဆီရင်၊ ဘလာဇစ်၊ လိုဗရစ်၊ ဆက်စ်ကို တို့လို အမာခံ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ 

ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အသင်းက သူတို့ရဲ့ ထုံးစံအတိုင်း ပွဲကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ပြီး တောင်ပံတွေ ကနေ တရစပ် ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ကစားရခက်တဲ့ ဆလိုဗေးနီးယားကြောင့် မျှော်လင့်ထားသလိုတော့ မဖြစ်ခဲ့ပါဘူး။ ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် မပါတာကြောင့်လည်း ပေါ်တူဂီ ကွင်းလယ်က လုပ်အားနှုန်း နည်းနေခဲ့ပါတယ်။ Final Third ဆီ ဘောလုံး ပေးပို့မှုတွေ မတိကျတာကြောင့် ဆလိုဗေးနီးယား ခံစစ်က လွယ်လွယ်ကူကူပဲ ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီရဲ့ Short pass တွေရော၊ Long Ball တွေက အလုပ်မဖြစ်ခဲ့ပဲ ဆလိုဗေးနီးယား ခံစစ်မှူးတွေရဲ့ ခြေထောက်ထဲကိုပဲ ရောက်နေခဲ့တာပါ။ ဆလိုဗေးနီးယား ကလည်း ပေါ်တူဂီရဲ့ တိုက်စစ်ကို ထိန်းချုပ်ရင်းနဲ့ပဲ ထိရောက်တဲ့ တန်ပြန် တိုက်စစ်တွေ မပြုလုပ်နိုင်ခဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ပေါ်တူဂီ ဘက်က အန်ဒရီ ဆေးလ်ဗား၊ ကွန်ဆီကာအို တို့ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ဆလိုဗေးနီးယား ကလည်း တောင်ပံတွေ ထပ်ထည့်ပြီး ဂိုးရဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဆလိုဗေးနီးယားရဲ့ လူစားပြောင်းလဲမှုက ပိုမှန်ခဲ့တယ်လို့ ပြောလို့ ရပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ အချိတ်အဆက်မိတဲ့ တိုက်စစ် တွဲလုံး ကနေ ဆီရင်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် ပေါ်တူဂီတို့ တိုက်စစ်ကို ပိုမို အားပြုခဲ့တာကြောင့် ဆလိုဗေးနီးယားတို့ အခွင့်အရေး ပိုရခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာ‌တော့ နောက်ခံလူတွေရဲ့ ပေါ့ဆမှုကို အခွင့်ကောင်းယူပြီး အဲလ်စ်နစ်ခ်က ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ၂-၀ နဲ့ ပေါ်တူဂီတို့ ဆလိုဗေးနီးယားကို ရှုံးပြီး နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပါတယ်။ 

ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အသင်းက တောက်လျောက် ပုံစံကောင်းတွေ ရနေပြီး ၁၁ ပွဲဆက် နိုင်ပွဲ ဆက်နေခဲ့ပေမယ့် ဒီပွဲမှာတော့ ပုံစံကောင်း ပျောက်ဆုံးနေခြင်းနဲ့ အတူ ရှုံးပွဲ တွေ့သွားခဲ့ပါတယ်။ ပေါ်တူဂီမှာ ရော်နယ်ဒို မပါလည်း ဖြစ်နေပေမယ့် ဘရူနို ဖာနန်ဒက်စ် မပါရင်တော့ ကွင်းလယ်က လုပ်အားနှုန်းထိုးကျသွားတာ ထင်သာ မြင်သာ ရှိလာခဲ့ပါပြီ။ ပေါ်တူဂီ တို့ တစ်ပွဲလုံး တိုက်စစ်ဆင်နေပေမယ့် ဂိုးရှေ့ရောက်ရင် ဘောလုံး အပျက်များခဲ့ရတာပါ။ ပေါ်တူဂီတို့ ဒီပွဲမှာ ပင်နယ်တီ ၂ ကြိမ်လောက် ရခဲ့သင့်ပေမယ့် ကွင်းလယ်ဒိုင်ကြောင့် နစ်နာခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အသင်းခေါင်းဆောင် ရော်နယ်ဒို တစ်ယောက် ပွဲအပြီးမှာ စတုတ္ထဒိုင်ကို အော်ဟစ် ရန်တွေ့ခဲ့ပြီး ငါတို့ ပင်နယ်တီ နှစ်ကြိမ် ရခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

ပေါ်တူဂီက လာမယ့် ဇွန်လမှ နိုင်ငံတကာ ခြေစမ်းပွဲတွေ ဆက်လက် ကစားဖို့ ရှိပြီး ဖင်လန်၊ ခရိုအေးရှား၊ အိုင်ယာလန် တို့နဲ့ ကစားမှာ ဖြစ်ပါတယ်။ ဆလိုဗေးနီးယား ကတော့ အဲလ်မီးရီးယား၊ ဘူလ်ဂေးရီးယား တို့နဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေကစားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်