နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခါးသီး မြို့ခံပြိုင်ဘက်ကို ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားတဲ့ အင်တာ (ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ပွဲပြီးသုံးသပ်ချက်)

အင်တာမီလန် ၃-၀ အေစီမီလန်

(နှစ်ကျော့ပေါင်းရလဒ် ၃-၀)

မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မှာတော့ အင်တာမီလန်တို့ ၃-၀ ရလဒ်နဲ့ အေစီမီလန်ကို အနိုင်ရသွားခဲ့ပါတယ်။ မီလန်ဒါဘီ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး အပိုင်အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့် အင်တာမီလန်တို့ အဆုံးသတ် ပိုပြီး သေချာခဲ့တာကြောင့် ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း 

နှစ်သင်းလုံး ပုံမှန် ပွဲထွက်နေကျ အခင်းအကျင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး အဓိက ကစားသမားတွေနဲ့ လူစုံခဲ့ကြပါတယ်။ အင်တာမီလန် ရဲ့ လူစာရင်းမှာ ကော်ရီယာ၊ လော်တာရို မာတီနက်ဇ်၊ ဘရိုဇိုဗစ်၊ ဘာရယ်လာ၊ ချလနောဂလူ၊ ပါရီဆစ်၊ ဒါမီယန်၊ ဘက်စတိုနီ၊ ဒီဗရစ်ဂျ်၊ ရှခရီနီယာ၊ ဟန်ဒန်နိုဗစ်တို့ ပါဝင်ခဲ့ပါတယ်။ အေစီမီလန် ကတော့ ဆိုင်မွန် ရှား၊ ရိုမက်ဂ်နိုလီ၊ ဖလော်ရန်ဇီတို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ခံစစ်မှာ တွန်မိုရီ၊ ကာလူလူ၊ ကာလာဘရီယာ၊ ဟာနန်ဒက်ဇ် တို့နဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ် မှာတော့ တိုနာလီ၊ ဘန်နာဆာ၊ ကက်ဆေး၊ ဆယ်လီမေကာစ်၊ လီယောင်နဲ့ ဂျရူးတို့ ကစားခဲ့ပါတယ်။

တစ်ဖက်က အေစီမီလန် ကတော့ အင်တာမီလန်နဲ့ ပြောင်းပြန် ဖြစ်ပြီး ကိုပါအီတလီယာ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့တာကြောင့် စကူဒက်တို ဖလား မျှော်လင့်ချက် အတွက် ဆက်လက် တိုက်ပွဲဝင်သွားရဖို့ ရှိနေပါတယ်။
၂၀၁၈ ခုနှစ် နောက်ပိုင်း ကိုပါအီတလီယာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခြင်း မရှိတော့တဲ့ အေစီမီလန်

ဒီနေ့ပွဲမှာ တကယ်တမ်း ခြေစွမ်းပိုသာခဲ့တာက အေစီမီလန် ဖြစ်ပါတယ်။ ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး အေစီမီလန်တို့ တိုက်စစ်ဖွင့်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားခဲ့တာက အင်တာ ဖြစ်ပါတယ်။ ဒါမီယန်ရဲ့ ဧရိယာထိပ် ကနေ အမှတ်မထင် ပေးပို့မှုကို အသင့်စောင့်နေတဲ့ လော်တာရိုမာတီနက်ဇ်က အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဂိုးပြန်ရဖို့ အားစိုက်လာတဲ့ အေစီမီလန်တို့ အပိုင်အခွင့်အရေးတွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် လီယောင်၊ တိုနာလီ၊ ကက်ဆေးတို့ အသုံးမချနိုင်ခဲ့လို့ အေစီမီလန်တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ အင်တာမီလန် ကတော့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်နဲ့ အခွင့်အရေး စောင့်ကစားသွားခဲ့ပြီး တကယ့် လက်တွေ့မှာလည်း ဆိုင်မွန် အင်ဇာဂီရဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပွဲချိန် မိနစ် ၄၀ မှာ အင်တာမီလန်တို့ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး လော်တာရို မာတီနက်ဇ်က အေစီမီလန်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ကာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေ
အင်တာမီလန်
ရိုးမား
အင်တာမီလန် အာရှ ဟန်းဒီးကပ် -1.00 @ 2.21
1X2 အင်တာမီလန် @ 1.71
ဂိုးပေါ် 2.75 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး လူစား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ အင်တာမီလန် ဘက်က မာတီနက်ဇ်ရဲ့ အပိုင် ကန်ချက်ကို မိုက်မိုက်ဂ်နန် ကာကွယ်နိုင်ခဲ့သလို အေစီမီလန်က ဘန်နာဆာရဲ့ ကန်ချက် ဂိုးဝင်ခဲ့ပေမယ့် VAR က လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့ပါတယ်။ ပွဲချိန် ၈၂ မိနစ် မှာတော့ အင်တာမီလန်တို့ အနိုင်သေချာစေမယ့် တတိယဂိုး ရရှိခဲ့ပြီး ရော်ဘင် ဂိုဆန်စ် လူစားဝင်ပြီး ၃ မိနစ် အကြာမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ အေစီမီလန်တို့ အခွင့်အရေး တချို့ ထပ်ရခဲ့သေးပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ၃-၀ ရလဒ်နဲ့ပဲ အင်တာမီလန် အနိုင်ရပြီး ကိုပါအီတလီယာ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရှုံးပွဲ မရှိ၊ တောက်လျောက် ရလဒ်တွေ ပြန်ကောင်းနေတဲ့ အသင်းတွေပီပီ ဆုဖလား တစ်လုံး မျှော်လင့်ချက်နဲ့ ဗိုလ်လုပွဲ တက်ရေး အားစိုက် ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။ အသင်းလိုက် ကစားပုံမှာ အေစီမီလန်တို့ သာသယောင် ထင်ခဲ့ရပေမယ့် တိုက်စစ်နဲ့ ကွင်းလယ် ချိတ်ဆက်မှု အပိုင်းမှာတော့ အင်တာမီလန်က ပိုကောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန် တိုက်စစ်က လော်တာရို မာတီနက်ဇ် ခြေစွမ်းပြသွားခဲ့ပြီး တစ်ဖက်က ဂျရူးနဲ့ လီယောင် တို့ ပါဝင်ခဲ့တဲ့ အေစီမီလန် တိုက်စစ် ကတော့ ဂိုးပေါက် ကန်ချက်၊ အခွင့်အရေး ဖန်တီးမှု အပိုင်းတွေမှာ အသာရခဲ့သည့် တိုင်အောင် အဆုံးသတ် ညံ့လွန်းတာကြောင့် သွင်းဂိုး ၁ ဂိုးတောင် ပြန်မရခဲ့တာ ဖြစ်ပါတယ်။

အနိုင်ရခဲ့တဲ့ အင်တာမီလန်တို့ ကိုပါအီတလီယာ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီး တစ်ဖက်က စီးရီးအေ မှာလည်း ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး သာနေတာကြောင့် ဆိုင်မွန် အင်ဇာဂီရဲ့ အသင်း ကတော့ ပြည်တွင်း ဆုဖလား နှစ်လုံး ကိုင်မြှောက်ခွင့်နဲ့ တဖြည်းဖြည်း နီးစပ်လာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ တစ်ဖက်က အေစီမီလန် ကတော့ အင်တာမီလန်နဲ့ ပြောင်းပြန် ဖြစ်ပြီး ကိုပါအီတလီယာ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့တာကြောင့် စကူဒက်တို ဖလား မျှော်လင့်ချက် အတွက် ဆက်လက် တိုက်ပွဲဝင်သွားရဖို့ ရှိနေပါတယ်။


လာမယ့်ပွဲစဉ်များ

အင်တာမီလန်တို့ လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ ရိုးမားနဲ့ စီးရီးအေ ကစားဖို့ ရှိပြီး အေစီမီလန် ကတော့ နောက်ထပ် ရောမမြို့ခံ အသင်း ဖြစ်တဲ့ လာဇီယိုနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်